Home  / News  / News Details

News Details

ဒီကာလမှာ မြေကွက်တွေဝယ်ယူရင်းနှီးမြှုပ်နှံခြင်းက အကျိုးအမြတ်ပိုရရှိစေနိုင်တယ်။

Sep 27, 2022  /

ဒီကာလမှာ မြေကွက်တွေဝယ်ယူရင်းနှီးမြှုပ်နှံခြင်းက အကျိုးအမြတ်ပိုရရှိစေနိုင်တယ်။
#Myanmar Property Dealer
ပြည်တွင်းမှာ ဒေါ်လာဈေး ၊ရွှေဈေးတက်နေတဲ့အခြေအနေများကြောင့် နေပြည်တော်တွင်သာမက ရန်ကုန်၊ မန္တလေးမြို့ကြီးတွေပါမကျန် တခြားသောမြို့တွေမှာပါ အိမ်ခြံမြေဈေး ထိုးတက်နေတာဖြစ်ပါတယ်။
လက်ရှိအခြေ အနေအရ မြေဈေးအကျမရှိပဲ မြင့်တက်နေမှုများကြောင့် မြေဝယ်ထားသူအားလုံးနီးပါးက ဆက်တိုက်အကျိုးအမြတ် ရရှိနေပါတယ်။ မြေဈေးမြင့်တက်မှုများကြောင့်လည်းစီးပွားရေးလုပ်ငန်းရှင်များက အခြားစီးပွားရေးတွေ ထက်စာရင် မြေတွေမှာ ရင်းနှီး မြှုပ်နှံမှုကို ပိုမိုအာရုံစိုက်လာကြပြီး အကျိုးအမြတ် တွေလည်းရရှိနေကြတယ်လို့ နေပြည်တော်တိုင်းအိမ်ခြံမြေရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဒေါ်မာမာတင် ထံမှသိရပါတယ်။
“ကျွန်မတို့မြေနဲ့ပတ်သက်ပြီးတော့ ရင်းနှီးမြှုပ်နှံမယ့်သူတွေက မြေကိုရင်းနှီးမြှုပ်နှံသင့်ပါတယ် ။ ‘’မြေဝယ်မကျ’’ပေါ့။ မြေဝယ်မကျဆိုတဲ့စကားလေးအတိုင်းပေါ့နော် မြေဝယ်လို့ရှိရင် မကျေတာ့ပါဘူး။ မြေဈေးက တစ်နေ့တခြား ထိုးပြီးတက်လာတယ်။ ကောင်းမွန်တဲ့အတွက်ကြောင့် လူတိုင်းကပေါ့ အားလုံး မြေမှာရင်းနှီးမြှုပ်နှံပါ။ ကျွန်မဆို တခြားစီးပွားရေးလုပ်ငန်းတွေကိုလည်း လုပ်ပါတယ်။ ဒါပေမယ့် အခုအခြေအနေ အချိန်အခါမှာပေါ့နော် စီးပွားရေးလုပ်ငန်းတွေအားလုံးက အခက်အခဲတော့ရှိကြပေမယ့်လို့ မြေကတော့ အရောင်းအဝယ်အကောင်းဆုံး ဖြစ်နေတယ်။ အကုန်လုံးကလည်း စိတ်ဝင်စားနေကြတော့ ရင်းနှီးမြှုပ်နှံမယ့်သူတွေကို ဖိတ်ခေါ်ပါတယ်။ နေပြည်တော်မှာပဲဖြစ်ဖြစ် ၊ရန်ကုန်မှာပဲဖြစ်ဖြစ် ၊မန္တလေးမှာပဲဖြစ်ဖြစ် အာလုံးမြေထဲမှာ ရင်းနှီးမြှုပ်နှံကြပါလို့ အကြံလည်း ပေးချင်ပါတယ်” ဟု ဒေါ်မာမာတင်က ပြောပါတယ်။
လက်ရှိ ကျဆင်းနေတဲ့ မြန်မာကျပ်ငွေတန်ဖိုးကြောင့် လက်ထဲမှာ မြန်မာကျပ်ငွေ မကိုင်ထားကြတော့ပဲ အိမ်ခြံမြေဘက်ရင်းနှီးမြှုပ်နှံမှုကို ပိုမိုစိတ်ဝင်စားလာကြတာဖြစ်ပြီး ၊မြေကွက် ရောင်းဝယ်မှုများအပြင် တခြားသောတိုက်ခန်းကွန်ဒိုများမှာပါ ဝယ်ယူရင်းနှီးမြှုပ်နှံလာကြတာတွေလည်း ရှိပါတယ်။