ပြည်တွင်းဆောက်လုပ်ရေးသုံးပစ္စည်းအများစုမှာ တရုတ်ပြည်မကြီးမှတဆင့်နယ်စပ်ကုန်သွယ်ရေးစခန်းတွေက နေအဆင့်ဆင့်ပြည်တွင်းဈေးကွက်ထဲကိုရောက်ရှိလာရတာဖြစ်ပြီး၊ပြည်တွင်းမှာတည်ဆောက်နေတဲ့ဆောက်လုပ်ရေးလုပ်ငန်းအဆောက်အအုံတစ်ခုလုံးရဲ့ ၆၅ ရာခိုင်နှုန်းနီးပါးကလည်းပြည်ပကနေတင်သွင်းလာတဲ့ဆောက်လုပ်ရေးပစ္စည်းများကို မှီခိုအသုံးပြုနေရတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင်နယ်စပ်ကုန်သွယ်ရေးစခန်းတွေမှာပိတ်မိနေတဲ့လိုင်စင်ကျပြီးသားသွင်းကုန်များကို တခြားနယ်စပ်ကုန်သွယ်ရေးစခန်းများဒါမှမဟုတ် ပင်လယ်ရေကြောင်းကနေတဆင့်ပြောင်းပြီးတင်သွင်းရာတွင်လည်း ကြန့်ကြာမှုများရှိနေတာကြောင့်ဆောက်လုပ်ရေးသွင်းကုန်လုပ်ငန်းများအခက်တွေ့နေရတာပါ။
လက်ရှိအချိန်တွင် ဆောက်လက်စအဆောက်အအုံများ၊ပြီးစီးလုနီးပါးအဆောက်အအုံများတွင်ဆောက်လုပ်ရေးပစ္စည်းများအချိန်မီမရရှိခြင်းကြောင့် အဆောက်အအုံပြီးစီးကြောင်းလက်မှတ်BCC လျှောက်ထားရာတွင်ကြန့်ကြာမှုများရှိနေပြီးတချို့လုပ်ငန်းများရပ်ဆိုင်းထားရတယ်လို့လည်းသိရတာပါ။