Home  / News  / News Details

News Details

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် မြန်မာ - ရုရှား နှစ်နိုင်ငံနားလည်မှုစာချွန်လွှာရေးထိုး

Feb 26, 2025  /

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် မြန်မာ - ရုရှား နှစ်နိုင်ငံနားလည်မှုစာချွန်လွှာရေးထိုး

ဖေဖော်ဝါရီ (၂၆)ရက်။

Myanmar Property Dealer

 

မြန်မာနိုင်ငံတောင်ပိုင်း ထားဝယ်မြို့တွင် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ရေနံချက်စက်ရုံတည် ဆောက်ရန်အတွက် မြန်မာ - ရုရှား နှစ်နိုင်ငံနားလည်မှုစာချွန်လွှာရေးထိုးခဲ့တယ်လို့ရုရှားအစိုးရ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၃ ရက်တွင် ကြေညာထားရှိပါတယ်။

 နားလည်မှုစာချွန်လွှာကို ရုရှားအစိုးရ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန အကြီးအကဲ Maxim Reshetnikov နှင့် မြန်မာအစိုးရ ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပစီးပွားဆက်ဆံရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာကံဇော်တို့က မြန်မာနိုင်ငံကို ရုရှားကိုယ်စားလှယ်အဖွဲ့၏ ခရီးအတွင်း လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းဧရိယာမှာ  ၁၉၆ စတုရန်း ကီလိုမီတာ ကျယ်ဝန်းပြီး ကပ္ပလီပင်လယ်အတွင်းဆက်စပ်တည်ရှိမယ့် စီမံကိန်းဖြစ်ပြီး ထားဝယ်အထူးစီးပွားရေးဇုန်တွင် နည်းပညာမြင့်အဆောက်အအုံဇုန်များ၊ သယ်ယူပို့ဆောင်ရေး အချက်အခြာနေရာများ၊ သတင်းအချက်အလက်ဇုန်များနှင့် ပြည်ပလုပ်ငန်းစဉ်ဇုန်များလည်း ပါဝင်ရန် ထည့်သွင်းတည်ဆောက်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

 ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို အကောင်အထည်ဖော်ရန် ၂၀၀၈ ကတည်းက စစ်အစိုးရနှင့် ထိုင်းအခြေစိုက် အီတာလျံထိုင်းကုမ္ပဏီတို့အကြား သဘောတူလက်မှတ်ရေးထိုးခဲ့ကြသော်လည်း ဦးသိန်းစိန်အစိုးရကစီမံကိန်းအတွက် လိုအပ်တဲ့ငွေကြေးကို အချိန်မီ ရှာဖွေဖြည့်ဆည်းခြင်း မပြုနိုင်ဆိုတဲ့အကြောင်းပြချက်ဖြင့် အဆိုပါစာချုပ်ကို ရပ်ဆိုင်းခဲ့တာဖြစ်တယ်လို့လည်း  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ၂၀၁၃ ခုနှစ်တွင် သတင်းထုတ်ပြန်ထားရှိပြီးဖြစ်ပါတယ်။