လယ်ယာမြေကို
အခြားနည်းအသုံးပြုခွင့်ရရှိသူများ ခြောက်လအတွင်း လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်ရမည်
ဒီဇင်ဘာ
(၃၀)ရက်။
Myanmar
Property Dealer
လယ်ယာမြေကို
အခြားနည်းအသုံးပြုခွင့်ရရှိပြီးသူများအနေ ဖြင့် ခွင့်ပြုချက်ရရှိပြီး ခွင့်ပြုတဲ့နေ့ရက်မှ
ခြောက်လအတွင်း လယ်ယာမြေကို သတ်မှတ်ထားတဲ့ နည်းလမ်းအတိုင်း လုပ်ငန်းပြီးစီးအောင်
အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့ (၁၁)
ကြိမ်မြောက်အစည်းအဝေးကနေသိရပါတယ်။
ဒါ့အပြင် လယ်ယာမြေကို
အခြားနည်းအသုံးပြုခွင့်ရရှိပြီးနောက် သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီး အောင်
ဆောင်ရွက်နိုင်ခြင်းမရှိပါက မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်အနေဖြင့်
စိစစ်ပြီး လယ်ယာမြေဥပဒေပုဒ်မ ၃၁ ပါပြဋ္ဌာန်းချက်နှင့်အညီ အခြားနည်းဖြင့် အသုံးပြုရန်
ခွင့်ပြုမိန့်ကို ပြန်လည်ပယ်ဖျက်နိုင်ရေး အမှုကိစ္စတစ်ခုချင်းအလိုက် ကြီးကြပ်စိစစ်ပြီး
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံသို့ နည်းဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း တင်ပြဆောင်ရွက်ပေး
သွားရမှာဖြစ်တယ်လို့လည်းသိရပါတယ်။
ပြီးခဲ့တဲ့ အစိုးရကာလ ပြည်ထောင်စုအစိုးရအဖွဲ့သို့
တင်ပြထားတဲ့ အမှုတွဲများကိုလည်း မူဝါဒများနှင့် ကိုက်ညီမှန်ကန်မှု ရှိ/ မရှိ၊
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ညွှန်ကြားချက်များနှင့် ညီညွတ်မှုရှိ/မရှိ စိစစ်ပြီး
ဆွေးနွေးဆောင်ရွက်လျှက်ရှိနေတယ်လို့လည်းသိရပါတယ်။