Home  / News  / News Details

News Details

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ပြီးခဲ့တဲ့ ဒီဇင်ဘာလ နောက်ဆုံးပတ် တွင် ရင်းနှီးမြှုပ်နှံမှု (၆) ခု အတည်ပြုပေးခဲ့

Jan 7, 2026  /

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ပြီးခဲ့တဲ့  ဒီဇင်ဘာလ နောက်ဆုံးပတ် တွင် ရင်းနှီးမြှုပ်နှံမှု () ခု အတည်ပြုပေးခဲ့

ဇန်နဝါရီလ( ၇)ရက်။

Myanmar Property Dealer

 

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ  (၁၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးတွင် ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း () ခု၊ စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း () ခု၊ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း () ခုနှင့် အခြားဝန်ဆောင်မှုကဏ္ဍတွင် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း()ခု စုစုပေါင်းရင်းနှီးမြှုပ်နှံမှု () ခု ကို အတည်ပြုပေးခဲ့တာပဲဖြစ်ပါတယ်။ 

 

အတည်ပြုပေးခဲ့တဲ့လုပ်ငန်းများမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများထုတ်လုပ်ပြီး ၁၀၀% ပြည်တွင်းမှာ ရောင်းချခြင်းလုပ်ငန်း၊ ဆန်ကြိတ်ခွဲပြီး ပြည်ပသို့ ၉ဝ.၇၄% တင်ပို့ပြီး ပြည်တွင်းမှာ၉.၂၆% ထုတ်လုပ်တင်ပို့ ရောင်းချခြင်းလုပ်ငန်း၊ လယ်ယာထွက်သီးနှံများအား တန်ဖိုးမြှင့်တင်ထုတ်လုပ်ပြီး ၁၀၀% ပြည်ပသို့ တင်ပို့ခြင်းလုပ်ငန်း၊ Recycle Metal scraps Product အမျိုးမျိုးအား ခွဲခြားထုတ်ပိုး၍ ၁၀၀% ပြည်ပသို့ တင်ပို့ခြင်းလုပ်ငန်း၊ SKD စနစ်ဖြင့် လောင်စာဆီသုံး () ဘီး၊ () ဘီး မော်တော်ဆိုင်ကယ်အမျိုးမျိုး တပ်ဆင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ပြည်တွင်းမှာ ၁၀၀% ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းနှင့် ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းတို့ဖြစ်ကြောင်း သိရပါတယ်။

 

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ် (,၅၆၄ ဒသမ ၀၂၀) သန်း၊ အမေရိကန်ဒေါ်လာ ( ဒသမ ၉၈၈) သန်း ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၄၁၅) ဦး ဖန်တီးပေးနိုင်မှာပဲဖြစ်ပါတယ်။