Home  / News  / News Details

News Details

ကနောင်နှင့် သီလဝါအိမ်ရာများရှိ အခန်းပေါင်း ၃၈၀ ကို ဇွန်လ ၂၁ ရက်တွင် မဲနှိုက်ရောင်းချပေးမည်

Jun 19, 2024  /

ကနောင်နှင့် သီလဝါအိမ်ရာများရှိ အခန်းပေါင်း ၃၈၀ ကို ဇွန်လ ၂၁ ရက်တွင် မဲနှိုက်ရောင်းချပေးမည်

ဇွန်လ(၁၉)ရက်။

Myanmar Property Dealer

ကနောင်အိမ်ရာရှိ အခန်း ၁၅၀ နှင့် သီလဝါအိမ်ရာရှိ အခန်း ၂၃၀ စုစုပေါင်းအခန်း ၃၈၀ ကို အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀ ပြည့်မီသူများအား ဇွန်လ ၂၁ ရက်တွင် အခန်းမဲနှိုက် ရောင်းချပေးသွားမှာဖြစ်တယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး‌ရေးဦးစီးဌာနမှ ထုတ်ပြန်ထားချက်အရသိရပါတယ်။

အဆိုပါ ရောင်းချပေးသွားမယ့် အိမ်ရာအခန်းများမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်ထားရှိတဲ့ ကနောင်အိမ်ရာရှိ ၁၂ ခန်းတွဲ ၊၅ ထပ်တိုက် ၃ လုံး၊ အခန်း ၁၅၀ ၊ သီလဝါအိမ်ရာရှိ ၆ ခန်းတွဲ ၊၅ ထပ်တိုက် ၃ လုံး၊ အခန်း ၉ဝ ခန်း၊ ၈ ခန်းတွဲ ၅ ထပ်တိုက် ၂ လုံး၊ အခန်း ၈၀ ခန်းနှင့် ၄ ခန်းတွဲ ၅ ထပ်တိုက် ၃ လုံး၊ အခန်း ၆၀ ခန်း စုစုပေါင်းအခန်း ၂၃၀ ရှိကြောင်း သိရပါတယ်။

ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank)တွင် အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀ ပြည့်မီသူ ၂၁၈၉ ဦးရှိပြီး ယင်းအနက် ကနောင်အိမ်ရာအတွက် မဲနှိုက်ရန် စာရင်‌ပေးသွင်းထားသူ ၄၆၃ ဦးနှင့် သီလဝါအိမ်ရာအတွက် စာရင်းပေးသွင်းထားသူ ၂၈၂ ဦးရှိကြောင်း သိရပါတယ်။

အဆိုပါ အခန်းမဲနှိုက်ခြင်း အခမ်းအနားကို ဇွန်လ ၂၁ ရက် (သောကြာနေ့)တွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယထပ် အစည်းအဝေးခန်းမ (အမှတ် ၂၂၈/၂၃၄၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်)တွင် ကျင်းပမှာဖြစ်ပြီး အခန်းမဲနှိုက်ခွင့် ရရှိသူများအနေဖြင့် အခမ်းအနားသို့ ကိုယ်တိုင် (သိုမဟုတ်) ကိုယ်စားတက်ရောက်နိုင်ပြီး အခမ်းအနား တက်ရောက်မယ့်သူတွေအနေနဲ့ နိုင်ငံသားစိစစ်ရေးကတ် ယူဆောင်လာရမှာဖြစ်ကာ ကိုယ်စားတက်ရောက်ပါက ကိုယ် စားလှယ်လွှဲစာ၊ အခန်းမဲနှိုက်ခွင့်ရရှိသူ၏ မှတ်ပုံတင်မိတ္တူပါရှိရမှာဖြစ်တယ်လို့လည်းသိရပါတယ်။

အခန်းမဲနှိုက်၍ ဝယ်ယူခွင့်ရရှိသူများကို ဘဏ်ချေးငွေစိစစ်ရန် အကြောင်းကြားစာအား တစ်ပါတည်း ထုတ်ပေးမှာဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် အဆိုပါနေ့တွင် ထုတ်ယူနိုင်ခြင်း မရှိပါက ဇွန်လ ၂၈ ရက် နောက်ဆုံးထား ထုတ်ယူရမည်ဖြစ်ကာ ထုတ်ယူခြင်းမရှိပါက ပယ်ဖျက်မှာဖြစ်တယ်လို့လည်းသိရပါတယ်။

ဒါ့ပြင်  အခန်းမဲနှိုက်ဝယ်ယူခွင့်ရရှိသူများသည် ၂၀၂၄ ခုနှစ် ဇူလိုင် ၁၂ ရက် နောက်ဆုံးထား၍ CHID Bank သို့ ဆက်သွယ်၍ ချေးငွေကိစ္စ ဆောင်ရွက်ရမှာဖြစ်ပြီး သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆက်သွယ်ဆောင်ရွက်ခြင်း မရှိပါက အခန်းဝယ်ယူခွင့် ပယ်ဖျက်မှာဖြစ်တယ်လို့ အသိပေးထားရှိပါတယ်။ (သဲမိုး)