Home  / News  / News Details

News Details

ရန်ကုန်အိမ်အငှားဈေးကွက်ဖြစ်ထွန်းနေ

Apr 10, 2024  /

ရန်ကုန်အိမ်အငှားဈေးကွက်ဖြစ်ထွန်းနေ

ဧပြီလ(၁၁)ရက်။
Myanmar Property Dealer

 

ရွှေဈေး၊ငွေဈေးမြင့်တက်လာချိန် ရင်းနှီးမြီုပ်နှံအဖြစ် ဝယ်ယူထားတဲ့ အိမ်ခန်း၊တိုက်ခန်း၊ လုံးချင်းအိမ်များ အငှားဈေးကွက်ထဲကိုဝင်ရောက်လာတဲ့အတွက် အငှားဈေးကွက်ဖြစ်ထွန်းနေတယ်လို့ အိမ်ခြံမြေ အကျိုးတော်ဆောင် လုပ်ကိုင်သူများထံမှ စုံစမ်းသိရှိရပါတယ်။

 ‘’အခုဆို ရွှေဈေးနဲ့ငွေဈေးကတောက်လျှောက်တတ်နေတာ။ သင်္ကြန်နားနီးနေတာတောင် ဈေးကတတ်နေတုန်း။ အကုန်လုံးက အိမ်ခြံမြေဘက်ကို ဝယ်ပြီးရင်းနှီးမြှုပ်နှံလာကြတယ်။ သူတို့ကဝယ်ထားပြီးတော့ ပြန်ငှားကြတာ။ အဲဒါကြောင့်လည်း အငှားဈေးကွက်ကပြန်ဖြစ်လာတာ"ဟု အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင် သူတစ်ဦးကပြောပါတယ်။

အိမ်ခြံမြေ ဈေးကွက်အတွင်း မြေကွက်များက အရောင်းအဝယ်ပိုများပြီး ရန်ကုန် တိုင်းအတွင်းရှိ ဒဂုံမြို့သစ် (ဆိပ်ကမ်း) ဒဂုံမြို့သစ် (တောင်ပိုင်း) ဒဂုံမြို့သစ် (မြောက်ပိုင်း) နှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) အစရှိတဲ့ ဒဂုံလေးမြို့နယ်အနက် ဒဂုံအရှေ့ပိုင်း၁၂၈၊ ၁၂၉၊ ၁၃၀၊ ၁၃၂၊ ၁၃၃၊ ၁၅၆ ရပ်ကွက်များမှ မြေကွက်အလွတ်များ ပိုပြီးတော့အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်၊၊

 ဒါ့အပြင် ယခင်ကငွေကျပ်သိန်း ၂၀၀၀ ဝန်းကျင်တန်ဖိုးရှိ မြေကွက်ကျယ်များကလည်းလက်ရှိတွင် ငွေကျပ်သိန်း ၃၀၀၀ ကျော်အထိ မြင့်တက်လျက်ရှိနေတဲ့အပြင် လမ်းမတန်းနှင့် အနီးတဝိုက် မြေကွက်များ ကလည်း ကျပ်သိန်း သောင်းဂဏန်းဝန်းကျင်အထိ ပေါက်ဈေးဖြစ်ပေါ်နေပါတယ်။

 မြန်မာ့ အိမ်ခြံမြေဈေးကွက်က ပြည်တွင်း ဒေါ်လာဈေးနှုန်း အပြောင်း အလဲနှင့် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှု၊ ငွေကြေးဖောင်းပွမှုများအပေါ်တွင် သက်ရောက်မှုရှိနေခြင်း၊ထို့ပြင်ဘဏ်၌ ငွေထုတ်ယူမှု အခက်အခဲများ၊ နိုင်ငံရေး အခြေအနေများကြောင့် လွန်ခဲ့သော ၂၀၂၂ ခုနှစ်မှစတင်ကာ အိမ်ခြံမြေဈေးနှုန်း မြင့်တက်မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။

လက်ရှိရန်ကုန်မြို့တွင်းလူနေတိုက်ခန်းများတွင် ငါးသိန်းဝန်းကျင်တိုက်ခန်းများမှာ ဈေးကွက်အတွင်း အငှါးသွက်နေပြီး မြို့စွန်ဆင်ခြေဖုံးဒေသများတွင် နှစ်သိန်းဝန်းကျင်မှစတင်ကာ ဈေးအမျိုးအမျိုးဖြင့် အိမ်ငှါးလုပ်ငန်းများဖြစ်ပေါ်နေတယ်လို့လည်းသိရပါတယ်။