မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘဏ်မှ ဖြစ်နိုင်ခြေဆန်းစစ်အတည်ပြုထားပြီးဖြစ်တဲ့ ရေနံဆိပ်ကမ်းများနှင့် LNG Terminal တည်ဆောက်ရန် နေရာကောင်းများရှိနေ။
နိုဝင်ဘာလ (၁၆)ရက်။
Myanmar
Property Dealer
မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘဏ်မှ ဖြစ်နိုင်ခြေဆန်းစစ်အတည်ပြုထားပြီးဖြစ်တဲ့ ရေနံဆိပ်ကမ်းများနှင့် LNG Terminal တည်ဆောက်ရန် နေရာကောင်းများရှိနေတဲ့အတွက် လာရောက်ရင်းနှီးမြှုပ်နှံကြရန် တရုတ်နိုင်ငံ၊ရှီအန်းမြို့မှာ
ကျင်းပခဲ့တဲ့ တတိယအကြိမ်မြောက် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ ညီလာခံတွင် စွမ်းအင်ဝန်ကြီးက ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာ နိုင်ငံတွင် အလားအလာကောင်းတဲ့ ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းများရှိပြီး တည်ဆောက်ပြီးဖြစ်တဲ့ပိုက်လိုင်း Infrastructure များ လည်းရှိနေပြီး၊ ရေနံချက်စက်ရုံနှင့် ဓာတ်မြေဩဇာစက်ရုံများလည်း အဆင့်မြှင့်တင်ရန်နှင့် ထပ်မံတည်ဆောက်ရန် ဆောင်ရွက်နေ တယ်လို့လည်းသိရပါတယ်။
အဆိုပါညီလာခံတွင် အရှေ့အလယ်ပိုင်းဒေသ နှင့် အာဖရိကဒေသများမှ နိုင်ငံများလည်း တက်ရောက်ကြောင်းသိရပါတယ်။