ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်း ၆၃ ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်
Myanmar Property Dealer
ဒီဇင်ဘာ
(၁၅) ရက်
ရန်ကုန်-ဒလမြစ်ကူးတံတား တည်ဆောက်မှုစီမံကိန်းဟာ ၆၃ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနကနေ သိရပါတယ်။
အဓိကချဉ်းကပ်တံတားများဖြစ်တဲ့
ရန်ကုန်ဘက်ရှိ ချဉ်းကပ်တံတား၊ ဒလဘက် ချဉ်းကပ် တံတား၊ ဆင်ခြေလျှောတံတားများအားလုံး
ပြီးစီးလုနီးနီးဖြစ်နေပြီဖြစ်ကာ
အဓိကကျန်နေတဲ့အပိုင်းကတော့
ပင်မတံတား တည်ဆောက်ရေး အပိုင်းများသာ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
လက်ရှိပင်မတံတားမှာ
Pylon ရေလယ်တိုင် Py
1 နဲ့ Py 2 သည် Lot အလိုက် အဆင့်ဆင့် တည်ဆောက်နေရာမှာ ယခုချိန်အထိ Lot နံပါတ် ၂၈ အထိ ပြီးစီး
သွားပြီဖြစ်ကာ စုစုပေါင်းအားဖြင့် ၁၁၀၂ မီတာ၊ ပေ ၃၅၀ နီးပါးအမြင့်အထိ
ပြီးစီးပြီဖြစ်တယ်လို့
ဆောက်လုပ်ရေးဝန်ကြီးဌာန၊
တံတားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားထားပါတယ်။
ထို့ပြင်
Lot နံပါတ် ၂၉ နဲ့ ၃၀
ဆက်လက်လုပ်ဆောင်နေပြီး
အဆိုပါ Lot နံပါတ် ၂၉ နဲ့ ၃၀
ပြီးသွားပါက ကြိုးဆိုင်းများ ထပ်မံတပ်ဆင်ဆောင်ရွက်သွားမယ်လို့
သိရပါတယ်။
ရန်ကုန်-ဒလတံတားရဲ့ စုစုပေါင်းအရှည် ၁၈၆၇ မီတာ၊ အကျယ် ၂၆ ဒသမ ၅
မီတာ၊ လေးလမ်းသွား သံမဏိကြိုးဆိုင်း တံတားဖြစ်ပြီး တံတားခံနိုင်ဝန် ၇၅ တန်ဖြစ်ကာ ၂၀၁၈
ခုနှစ်မှ စတင်တည်ဆောက်နေတဲ့ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုဖြစ်ပါတယ်။
အဆိုပါ
ကိုရီးယား-မြန်မာချစ်ကြည်ရေးအဖြစ် ကိုရီးယားနိုင်ငံ ၏ စီးပွားရေးဖွံ့ဖြိုးမှုရန်ပုံငွေ (EDCFI Loan) ချေးငွေကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်း၊ ပြည်တွင်းရန်ပုံငွေကန်ဒေါ်လာ
၃၀ ဒသမ ၃၄၁ သန်း၊ စုစုပေါင်းကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်းဖြင့် တည်ဆောက်လျက်ရှိတဲ့ စီမံကိန်းတစ်ခုလည်း ဖြစ်ပါတယ်။
#ရန်ကုန်-ဒလမြစ်ကူးတံတား