Home  / News  / News Details

News Details

နှစ်ပေါင်း ၂၀ ကျော် သက်တမ်းရှိ ကမ္ဘာကျော် အပန်းဖြေစခန်းကြီး Mandalay Bay

Jul 22, 2024  /

နှစ်ပေါင်း ၂၀ ကျော် သက်တမ်းရှိ ကမ္ဘာကျော် အပန်းဖြေစခန်းကြီး Mandalay Bay


အမေရိကန်နိုင်ငံ နဗားဒါး (Nevada)ပြည်နယ် လောင်းကစားမြို့တော် Las Vegas မှာရှိတဲ့ Mandalay Bay ကတော့ မြန်မာနိုင်ငံက မန္တလေးဆိုတဲ့နာမည်ကိုအစွဲပြုယူသုံထားတယ်လို့ယူဆရပါတယ်။
အပူပိုင်း‌ဒေသ မန္တလေးမှာ ပင်လယ်အော်မရှိပေမယ့်ဒီဟိုတယ်နာမည်ကို မန္တလေးပင်လယ်အော် Mandalay Bay လို့ နာမည်ဆန်းဆန်းပေးခဲ့တာကတော့
စိတ်ဝင်စားစရာကောင်းနေပါတယ်။
ဒီလိုမျိုး နာမည်ကိုပေးခဲ့ပေမယ့် မြန်မာနိုင်ငံနဲ့လုံးဝသက်ဆိုင်နေခြင်းရှိမနေတာပဲဖြစ်ပါတယ်။

၁၉၉၆ မှာ"Mandalay Bay" အဆောက်အဦကြီးကိုစတင်ဆောက်ချိန်ကဟာဝေယံ (Hawaii)အငွေ့အသက်ပါတဲ့ " Island Paradise" ဆိုပြီး နာမည်ပေးခဲ့ပါတယ်။ ကုန်ကျစရိတ်အနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၉၅၀ ကုန်ကျခဲ့ပါတယ်။ ၁၉၉၈ မှာ Mandalay Bay လို့အမည်ပြောင်းလဲခဲ့ပြီး ၁၉၉၉ မတ်လမှာ ဒီအပန်းဖြေစခန်းကြီးကိုဖွင့်လှစ်ခဲ့ပါတယ်။

ဧက ၁၂၀ ပေါ်မှာတည်ဆောက်ထားပြီး အထပ်ပေါင်း ၄၃ ထပ်ရှိကာ၊ ဟိုတယ်၊ထိပ်တန်းစားသောက်ဆိုင်ကြီးများ၊ဇိမ်ခံ Resort ကြီးများ၊ ကာစီနိုနှင့် အခန်းပေါင်း 3,209 ခန်း ပါဝင်နေပါတယ်။ ဒီ Mandalay Bay မှာ ထည့်သွင်းတည်ဆောက်ထားတဲ့ Four Seasons ဟိုတယ်ကတော့ 1999 ခုနှစ်မှာ AAA Five Diamond Award ကိုရရှိတဲ့ ပထမဆုံး Las Vegas ဟိုတယ်ဖြစ်လာခဲ့ပါတယ်။
“မန္တလေးပင်လယ်အော်” Convention Center မှာထိုင်ခုံ ၁၂,၀၀၀ ရှိပြီး ဘက်စကက်ဘော၊လက်ဝှေ့နဲ့ MMA/UFC ပွဲတွေ မကြာခဏကျင်းပလေ့ရှိပါတယ်။

ဒါ့အပြင် 2017 ခုနှစ်မှာ သေနတ်သမား Stephen Paddock က ဟိုတယ်ရဲ့ 32 ထပ်ကနေ ပစ်ခတ်မှုကြောင့် အနီးနားရှိ ပြင်ပဂီတပွဲတော်မှာ အယောက် ၆၀ သေဆုံးခဲ့ရပါတယ်။ ဒါဟာ အမေရိကန်သမိုင်းမှာ တစ်ဦးတည်း သေနတ်သမားရဲ့ အသေအပျောက်အများဆုံး ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။