ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေကွက်စုစုပေါင်း ၁,၆၅၀ ကွက်ကို စိစစ်ရွေးချယ်ကာ အကျိုးခံစားခွင့်ရှိသူများထံ ချထားပေးခဲ့ကြောင်း သိရ
ဇွန်
(၁၇)
Myanmar Property Dealer
ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်လျက်ရှိတဲ့ နိုင်ငံဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ထမ်းဆောင်စဉ် ကျဆုံးခဲ့သူများရဲ့ မိသားစုဝင်များအတွက် အိုးအိမ်နှင့် မြေနေရာချထားပေးမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိနေတယ်လို့သိရပါတယ်။
အဆိုပါဆောင်ရွက်ချက်များနှင့် ပတ်သက်တဲ့ အခြေအနေများကို ဇွန်လ
၁၆
ရက်က
ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် တာဝန်ရှိသူများက တရားဝင်ရှင်းလင်းဖြေကြားခဲ့တာဖြစ်ပါတယ်။
ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေကွက်စုစုပေါင်း ၁,၆၅၀ ကွက်ကို စိစစ်ရွေးချယ်ကာ အကျိုးခံစားခွင့်ရှိသူများထံ ချထားပေးခဲ့ကြောင်း သိရပြီး အဆိုပါအစီအစဉ်တွင် တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တဲ့ တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့မိသားစုဝင်များ၊ နိုင်ငံဝန်ထမ်းများ၊ ကိုယ်လက်အင်္ဂါချို့ယွင်းသွားသူများနှင့် အငြိမ်းစားဝန်ထမ်းများ ပါဝင်ကြတယ်လို့ သိရပါတယ်။
မြေကွက်များချထားပေးရာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် သတ်မှတ်ထားတဲ့ ပြည်တွင်းအခွန်ကောက်ခံနှုန်းထားများကို အခြေခံပြီး အချိုးကျပေးသွင်းစေခဲ့တယ်လို့သိရပြီး ကျဆုံးတပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နိုင်ငံဝန်ထမ်းများအတွက် မြေတန်ဖိုးရဲ့ ၁၀
ရာခိုင်နှုန်း၊ ကိုယ်လက်အင်္ဂါချို့ယွင်းသူများအတွက် ၁၅
ရာခိုင်နှုန်းနှင့် နိုင်ငံဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများအတွက် ၂၀
ရာခိုင်နှုန်း အသီးသီးပေးသွင်းရတယ်လို့လည်းဖော်ပြထားရှိပါတယ်။
ဒါ့အပြင် ရွှေပြည်သာမြို့နယ်ရှိ တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ ကျန်ရှိနေတဲ့ တိုက်ခန်း ၇၄
ခန်းကိုလည်း သက်ဆိုင်ရာအရည်အချင်းပြည့်မီသူများထံ ရောင်းချပေးခဲ့တယ်လို့လည်းသိရပါတယ်။
အဆိုပါရောင်းချမှုများကို ၂၀၁၆
ခုနှစ်
ဇန်နဝါရီလမှ ၂၀၂၆
ခုနှစ်
မတ်လအထိ ဆောင်ရွက်ခဲ့ပြီး နိုင်ငံဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကျဆုံးစစ်သည်မိသားစုဝင် စုစုပေါင်း ၇၄
ဦး
အကျိုးခံစားခွင့်ရရှိခဲ့ကြပြီးပြီလို့လည်းသိရပါတယ်။
ယခုကဲ့သို့ အိုးအိမ်နှင့် မြေနေရာများ စီစဉ်ချထားပေးခြင်းသည် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားအတွက် တာဝန်ထမ်းဆောင်ရင်း အသက်စွန့်လွှတ်ခဲ့ရသူများ၏ မိသားစုဝင်များနှင့် ဝန်ထမ်းများ၏ လူမှုဘဝတည်ငြိမ်ရေး၊ နေထိုင်မှုအဆင်ပြေစေရေးတို့ကို အထောက်အကူပြုစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါတယ်။