Home  / News  / News Details

News Details

မန္တလေးတွင်အိမ်ခြံမြေနှင့်ပတ်သက်သည့်စလစ်၊ပါမစ်များရပ်ဆိုင်းထား။

Dec 29, 2022  /

မန္တလေးတွင်အိမ်ခြံမြေနှင့်ပတ်သက်သည့်စလစ်၊ပါမစ်များရပ်ဆိုင်းထား။
Myanmar Property Dealer
ဒီဇင်ဘာလ(၂၈)
မန္တလေးတိုင်းဒေသကြီးအတွင်း စလစ်စာရွက်များ၊ပါမစ်စာရွက်များမှတဆင့်ဂရန် လျောက်ထားခြင်းများကို ယာယီ ရပ်ဆိုင်းထား တယ်လို့ မန္တလေးအိမ်ခြံမြေ အကျိုးဆောင်များထံမှသိရပါတယ်။
ဒီလိုဖြစ်ရတဲ့အကြောင်းရင်းတွေကတော့စလစ်စာရွက်တွေကိုမိတ္တူလုပ်ပြီးပေါင်နှံခြင်း၊ရောင်းချခြင်းများနှင့်အတူ ရောင်းသူဝယ်သူများအကြားအတုအစစ်ခွဲခြားမရရှိတော့ပဲ ဂရန်လျောက်တဲ့အခါမှာစလစ်၊ ပါမစ်များ ဖောင်းပွပြီး မလိုလားအပ်တဲ့‌ပြဿနာများဖြစ်ပေါ်လာရတာကြောင့်ဟုလည်းသိရပါတယ်။
‘’အရင်ကစလစ်မူရင်းနှင့်ဂရံလျောက်ပေးတယ်။ဂရန်လျောက်ထားတာကိုလည်းလက်ခံပေးတယ်။အခုတော့ရပ်ထားတယ်။လုပ်မပေးတော့ဘူး၊ အိမ်ခြံမြေလျောက်ဖို့ရာမှစလစ်စာရွက်ကအဓိက ကျပြီးအခုက အတုတွေထွက်ရှိ လာတဲ့ အတွက်ရပ်နားထားတယ်လို့သိရတယ်။ မန္တလေးမှာတရားမဝင်စာရွက်စာတမ်းတွေအများ ဆုံးအဖြစ်များ တာကတော့ အောင်မြေသာဇံခရိုင်၊ ပုသိမ်ကြီး ပြီးတော့မြို့နယ်စုံလိုဖြစ်နေတာပါပဲ။”ဟု လည်းမန္တလေးအိမ်ခြံမြေ အကျိုးဆောင်တစ်ဦးထံမှသိရပါတယ် ။
စလစ်ဆိုတာကမြေပေးမိန့်အဆင့်တောင်မရှိပါဘူး၊အရပ်စကားနဲ့ပြောရရင်ဖြတ်ပိုင်းတစ်ခုဖြစ်ပြီး၊ပါမစ်ဆိုတာမြေပေးမိန့်တစ်ခု ဖြစ်ပါတယ်။ပါမစ်ထဲမှာတော့ စည်းကမ်းချက်များပါရှိပြီ ဥပမာ-ခြောက်လအတွင်းခြံစည်းရိုးကာရမယ် ၊အိမ်ဆောက်ရမယ်စတဲ့အချက်များပါဝင်တယ်လို့လည်းသိရပါတယ်။
#စလစ်၊ပါမစ်များရပ်ဆိုင်း