မကွေးတွင် ဓနရွှေရည်စက်မှုဥယျာဉ်ဇုန်စီမံကိန်းကို မြေကွက်ပေါင်း ၃၉၇ ကွက်ဖြင့် စံပြစက်မှုဇုန်တစ်ခုအဖြစ် အကောင်အထည်ဖော်နေ
မေလ ( ၈)ရက်။
Myanmar
Property Dealer
မကွေး - တောင်တွင်းကြီး ကားလမ်းဘေးမှာရှိတဲ့ မြေဧက ၄၆၁ ဧကပေါ်မှာ မြေကွက်ပေါင်း ၃၉၇ ကွက်ဖြင့် စနစ်တကျ ဖော်ဆောင်နေတဲ့ ဓနရွှေရည်စက်မှုဥယျာဉ်ဇုန်စီမံကိန်းကို
မြန်မာနိုင်ငံရဲ့ စံပြစက်မှုဇုန်တစ်ခုဖြစ်လာစေရန်နှင့် တိုင်းဒေသကြီးအတွက် ဂုဏ်ယူရမဲ့ စီးပွားရေးအချက်အချာဖြစ်လာစေရန် ရည်မှန်းထားတယ်လို့ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရပါတယ်။
ဒေသထွက်ကုန်များကို အခြေခံတဲ့စက်မှုလုပ်ငန်းများ (ဆန်၊ ဆီ၊ ချည်ထည်) ကို ဦးတည်ပြီး ၂၄ နာရီ လျှပ်စစ်မီး ပံ့ပိုးပေးနိုင်ရန် ဆိုလာနှင့် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများဖြင့် စီမံထားကာ လုပ်ငန်းရှင်များကို ဖိတ်ခေါ်လျက်ရှိတယ်လို့လည်းသိရပါတယ်။
လက်ရှိ မကွေးတိုင်းဒေသကြီးတွင် ပခုက္ကူစက်မှုဇုန် ၊ ရေနံချောင်းစက်မှုဇုန်နဲ့ယခု မကွေးမြို့အနီး အသစ်ဖော်ဆောင်နေတဲ့ ဓနရွှေရည်စက်မှုဥယျာဉ်ဇုန် တို့ရှိနေတာဖြစ်ပြီး ရွှေတင့်တူး စိုက်ပျိုးမွေးမြူရေးဇုန် ကဲ့သို့သော သီးသန့်ဇုန်များကိုလည်း တိုးချဲ့ဖော်ဆောင်လျက် ရှိနေတယ်လို့သိရပါတယ်။