Home  / News  / News Details

News Details

ရန်ကုန်တွင် အိမ်ငှားရမ်းသူများပြီး ဈေးနှုန်း ၂ ဆနီးပါးတက်

May 27, 2026  /

ရန်ကုန်တွင် အိမ်ငှားရမ်းသူများပြီး ဈေးနှုန်း ဆနီးပါးတက်

မေလ (၂၇)

Myanmar Property Dealer

 

ရန်ကုန်မြို့မှာ အိမ်ခြံမြေ အရောင်းအဝယ် ဈေးနှုန်းတွေ တက်လာသလို အိမ်ငှားခတွေလည်း နှစ်ဆနီးပါး ဈေးတက်လာပြီး ငှားရမ်းသူတွေ များနေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေနဲ့ အိမ်ငှားရမ်းနေထိုင်သူတွေက ပြောပါတယ်။

နိုင်ငံတဝန်း တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေကြားမှာလည်း နေရပ်စွန့်ခွာသူတွေ များလာပြီး အများစုက မြို့ပြတွေဘက်ကို ပြောင်းရွှေ့ နေထိုင်ကြတာကြောင့် ရန်ကုန်မြို့မှာလည်း အိမ်ငှားရမ်းနေထိုင်သူတွေ အရင်ထက် ပိုများလာခဲ့ပါတယ်။

အလားတူ အိမ်ငှားရမ်းခတွေဟာလည်း ဈေးတက်ခဲ့သလို ငှားရမ်းနေထိုင်သူလည်း တစတစ ပိုများလာခဲ့တာပါ။ အိမ်ခြံမြေ အကျိုးဆောင်တယောက်ကအငှားဈေးတွေလည်း မတန်တဆဖြစ်နေတဲ့ အခြေအနေပဲ၊ ဒါပေမဲ့ နေစရာက မဖြစ်မနေမို့ ငှားကြရတယ်။ အငှားဈေးတွေ တက်နေပေမဲ့ အငှားက သွက်တယ်။ ဒါဘာတောင် သိန်းလောက် ပေါက်တယ်၊ ပထမထပ် သိန်းလောက်ရှိမယ်။ တချို့ကျတော့ ပိုက်ဆံတတ်နိုင်ရင် အိမ်ပြန် ငွေပြန် နေကြတယ်။ အိမ်ပြန် ငွေပြန်က စပေါ်အများကြီး ပေးထားရတာ၊ လစာမပေးရဘူး၊ ငှားတာတွေက အလုအယက်ပဲလို့ ပြောပါတယ်။ အိမ်အငှားဈေးကွက်မှာတော့ ကျပ် တသိန်းခွဲ၊ သုံးသိန်းကြားမှာ အငှားလိုက်နေပြီး ဈေးတွေကတော့ နေရာဒေသ၊ လချုပ်၊ စပေါ် ကွာဟမှုအလိုက် ကျပ် တသိန်းခွဲကနေ ၁၀ သိန်း၊ ၁၈ သိန်းဝန်းကျင်အထိ ဈေးအမျိုးမျိုးရှိတယ်လို့ ဆိုပါတယ်။

 အိမ်ငှားနေထိုင်သူတယောက်ကအိမ်က ပွဲစားနဲ့ ရှာရတာပေါ့။ ရန်ကုန်ကို စရောက်တုန်းက အိမ်ငှားခက တစ်လကို အနည်းဆုံး  သိန်းခွဲလောက်ရှိတယ်။ အဲဒါတွေကို မြို့ထဲတို့ ဘာတို့ အချက်အခြာကျတဲ့ နေရာတွေဆို သိန်း၊ သိန်း၊ သိန်းကတော့ အနည်းဆုံးပဲ။ အဲဒါ သာမန်တိုက်ခန်းတွေပဲ ရတာပေါ့နော်။ အချက်အချာကျတဲ့ မြို့ထဲတို့ နေရာကောင်းတွေဆို ၁၀ သိန်းကနေ သိန်း ၂၀ လောက်ထိ ရှိပါတယ်။ စရောက်ခါစနဲ့ အခုက အိမ်ဈေးတွေက တအားဈေးတက်သွားပြီ။ တချို့ဆိုရင် မခံနိုင်ဘူး၊ ဈေးတွေအရမ်းတက်တော့ ရခိုင်ကိုပဲ ပြန်ပြီး ပြန်နေကြတာ ရှိတယ်။ တချို့တွေကတော့ ဒီမှာပဲ အဆင်ပြေအောင် နေရတာပေါ့နော်လို့ ပြောပါတယ်။ တဖက်မှာလည်း ဒေါ်လာဈေးနှုန်းနဲ့ ရွှေဈေးနှုန်း အဆမတန် မြင့်တက်နေမှုတွေကြောင့် ငွေကိုင်ထားသူတွေဟာ အိမ်ခြံမြေဘက်ကို ပြောင်းလဲ ရင်းနှီးမြှုပ်နှံလာတာကြောင့် အိမ်ခြံမြေ ဝယ်ရောင်းဈေးနှုန်းတွေ မြင့်တက်လာတာလို့ ဆိုပါတယ်။ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှာ ပေ ၂၀-၆၀ မြေတကွက်ကို ကျပ် သိန်း ,၅၀၀ ကနေ သိန်း ၁၃,၅၀၀ အထိနဲ့ ပေ ၄၀-၆၀ တကွက်ကို ကျပ်သိန်း ,၈၀၀ ကနေ သိန်း ၁၂,၀၀၀ ဝန်းကျင် ရှိနေတယ်လို့ သိရပါတယ်။

 အလားတူ တိုက်ခန်းအရောင်းအဝယ်ဈေးနှုန်းမှာလည်း နေရာဒေသ၊ အထပ်အမြင့်နဲ့ အခန်းအကျယ်အဝန်း အမျိုးအစားပေါ် မူတည်ကာ ကျပ် သိန်း ၂၇၀၊ ၄၀၀၊ ၆၅၀ ကနေ ကျပ် သိန်း ,၀၀၀၊ ၃၅,၀၀၀ ကနေ ၄၀,၀၀၀ ဝန်းကျင်အထိ ပေါက်ဈေး ရှိနေပါတယ်။

ဒဂုံ မြို့နယ်မှာ အိမ်ခြေမြေ အဝယ်လိုက်နေပြီး မြေသီးသန့်ဝယ်တာတော့ ပိုများလာတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တယောက်က ပြောပါတယ်။

 ပြီးခဲ့တဲ့နှစ်အထိ ဈေးငြိမ်နေတဲ့ ရန်ကုန်ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းမှာတော့ လှုပ်လှုပ်ခတ်ခတ် ဖြစ်လာပြီး အရောင်းအဝယ် ပြန်ဖြစ်နေတာပါ။ ရွှေဈေးနဲ့ ဒေါ်လာဈေး အပြောင်းအလဲကြားမှာ ရန်ကုန်မြို့ရဲ့ တိုက်ခန်းတွေ ဈေးမြင့်လာသလို ငလျင်ကြောင့်လည်း အထပ်မြင့်တိုက်ခန်းတွေထက် ရန်ကုန်မြို့က မြေကွက်တွေ ဈေးမြင့်ပြီး ပိုအရောင်းသွက်လာတာလို့ အကျိုးဆောင်တွေက သုံးသပ်ကြပါတယ်။