စာသင်ကျောင်း၊
ကျန်းမာရေးကဏ္ဍနဲ့ အိမ်ရာကဏ္ဍတွေမှာ
ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်သွားမဲ့ဘရူးနိင်းအစိုးရ
မတ်လ(၁၈)
ဘရူးနိုင်းနိုင်ငံမှာ စာသင်ကျောင်းတွေ၊ ကျန်းမာရေးကဏ္ဍနဲ့ အိမ်ရာကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်သွားမယ်လို့ အစိုးရဘက်က ပြောကြားလိုက်ပါတယ်။
မတ်လ ၁၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့
ဥပဒေပြုကောင်စီအစည်းအဝေးအတွင်း ဝန်ကြီးတစ်ဦးက
“၂၀၂၆/၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ အသုံးပြုဖို့ ဘရူးနိုင်းဒေါ်လာ
၄၈၀ သန်း (အမေရိကန်ဒေါ်လာ ၃၇၅ သန်းကျော်ခန့်)
ခန့်မှန်းထားပါတယ်” လို့ ပြောပါတယ်။
အဲဒီထဲက ဘရူးနိုင်းဒေါ်လာ ၃၀၉ သန်းကိုတော့
“စာသင်ကျောင်းအသစ်တွေ ဆောက်လုပ်ဖို့၊
အစိုးရအိမ်ရာစီမံကိန်းအရအိမ်ရာအသစ်များ ဆောက်လုပ်ဖို့နဲ့
စီးပွားရေးလှုပ်ရှားမှုတွေကို ထောက်ပံ့ပေးမယ့်
အခြေခံအဆောက်အဦတွေ တိုးတက်အောင်
လုပ်ဖို့ အသုံးပြုသွားမှာပါ” လို့လည်း ပြောပြပါတယ်။
ဒါ့အပြင် ဘတ်ဂျက်တစ်စိတ်တစ်ပိုင်းကို စီးပွားရေးလုပ်ငန်းတွေ၊ စာသင်ကျောင်းတွေ နဲ့ စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးအခြေခံအဆောက်အဦတွေ တိုးတက်ကောင်းမွန်အောင် အသုံးပြုသွားမယ်လို့ ဆိုပါတယ်။ ဒီထဲမှာမှ ဖန်တီးမှုနဲ့ ယဉ်ကျေးမှုလုပ်ငန်းများအတွက် ဗဟိုတစ်ခု တည်ဆောက်ခြင်းနဲ့ လူထုစာကြည့်တိုက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေလည်း ပါဝင်ပါတယ်။
လက်ရှိတွင် “ပြည်သူ့ဝန်ဆောင်မှုအရည်အသွေး မြှင့်တင်ဖို့ ဘရူးနိုင်းဒေါ်လာ
၂၂ သန်းကိုလည်း
သီးသန့်ခွဲဝေထားရှိပြီး အဲဒီငွေကို ယာဉ်စောင့်ကြည့်ရေးစနစ် တည်ဆောက်ခြင်း၊
ကျန်းမာရေးစနစ်တိုးတက်ကောင်းမွန်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ်များ အားကောင်းစေခြင်းနဲ့ နိုင်ငံတဝှမ်း ခရီးသွားဆွဲဆောင်ရာနေရာတွေကို အဆင့်မြှင့်တင်ခြင်းတို့အတွက် အသုံးပြုသွားမယ်လို့ သိရပါတယ်။