Home  / News  / News Details

News Details

ရန်ကုန်၊ မန္တလေး အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေးပြီး အငှားသွက်

Apr 30, 2024  /

ရန်ကုန်၊ မန္တလေး အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေးပြီး အငှားသွက်

ဧပြီလ ၃၀)ရက်။

Myanmar Property Dealer

                ရန်ကုန် ၊ မန္တလေး အိမ်ခြံမြေဈေးကွက် အခြေအနေက လက်ရှိတွင် အရောင်းအဝယ် အေးနေပြီး ငှားရမ်းမှုသာ များနေတယ်လို့ အိမ်ခြံမြေဈေးကွက်အတွင်းကသိရပါတယ်။ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှစတင်ပြီး အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်မှု ဖြစ်ပေါ်ခဲ့တဲ့အပြင် ဘဏ်တွင် ငွေထုတ် ယူမှု အခက်အခဲများနှင့် နိုင်ငံရေး အခြေအနေများကြောင့် အိမ်ခြံမြေ ဝယ်ယူမှုများကလည်း နှစ်ဆက်တိုက် မြင့်တက်ခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိမှာ အိမ်ခြံမြေဈေးကွက် အခြေအနေက အရောင်းအဝယ် အေးသွားနိုင်တယ်ဟု မျှော်မှန်းထားကြတဲ့အတွက် အရောင်းအဝယ် ရပ်တန့်နေပြီး ငှားရမ်းမှုသာ များနေတယ်လို့လည်း မန္တလေးမှ အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

 ရန်ကုန်မြို့အတွင်းရှိ အိမ်ခြံမြေ ဈေးကွက်တွင်လည်း လတ်တလောတွင် ငွေကျပ် သိန်း ၄၀၀ မှ သိန်း ၆၀၀ ကြား သာ အရောင်းအဝယ် များနေပြီး မြေကွက်နှင့် တန်ဖိုးမြင့် မြေကွက်များမှာ ဈေးနှုန်း မြင့်နေခြင်းကြောင့် ဝယ်ယူသူ နည်းပါးနေခြင်းဖြစ်ပြီး၊လက်ရှိ ဖြစ်ပေါ်နေတဲ့ ပေါက်ဈေးထက် နှိမ့်၍ ရောင်းချနိုင်ပါက ဝယ်ယူမည့်သူ ပုံမှန်ရှိနေတယ်လို့လည်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရပါတယ်။

 မြန်မာနိုင်ငံ အိမ်ခြံမြေကဏ္ဍ တိုးတက်ရေးနှင့် ကောင်းမွန်လာစေရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် လိုအပ်တယ်လို့လည်းအိမ်ခြံမြေလုပ်ကိုင်သူများထံမှ သိရပါတယ်။

(သဲသဲ)