Home  / News  / News Details

News Details

မကွေးမြို့မှာ အဆင့်မြင့်ဈေးစီမံကိန်း ဖော်ဆောင်ဖို့ လုပ်ငန်းရှင်နဲ့ ကုမ္ပဏီတွေကို ဖိတ်ခေါ်

Nov 3, 2026  /

 မကွေးမြို့မှာ အဆင့်မြင့်ဈေးစီမံကိန်း ဖော်ဆောင်ဖို့ လုပ်ငန်းရှင်နဲ့ ကုမ္ပဏီတွေကို ဖိတ်ခေါ်

နိုဝင်ဘာ (၃)

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှာ အဆင့်မြင့်ဈေးစီမံကိန်းတစ်ခု အကောင်အထည်ဖော် တည်ဆောက်နိုင်ဖို့အတွက် မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့က စိတ်ဝင်စားတဲ့ မြန်မာနိုင်ငံသား လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေကို ဖိတ်ခေါ်ထားပါတယ်။

အဆိုပါစီမံကိန်းကို မကွေးမြို့၊ အခြေခံကျန်းမာရေးတက္ကသိုလ်လမ်း အရှေ့ဘက်၊ စစ်မှုထမ်းဟောင်းအိမ်ရာအနီးရှိ မြေဧက ၄ ဒသမ ၇၀ ပေါ်မှာ အကျိုးတူပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းနဲ့ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်နဲ့ ကုမ္ပဏီတွေအနေနဲ့ Expression of Interest (EOI) လို့ခေါ်တဲ့ စိတ်ဝင်စားမှုဖော်ပြခြင်း လျှောက်လွှာတွေကို တင်သွင်းနိုင်မှာဖြစ်ပြီး လျှောက်လွှာတင်သွင်းရမယ့် နောက်ဆုံးရက်ကတော့ ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်၊ ညနေ ၄ နာရီ ဖြစ်ပါတယ်။

EOI လျှောက်လွှာပုံစံနဲ့ သတ်မှတ်စည်းကမ်းချက်တွေကိုတော့ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်မှ ဒီဇင်ဘာလ ၃ ရက်အထိ မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၊ အင်ဂျင်နီယာဌာနခွဲမှာ ရုံးချိန်အတွင်း လာရောက်ဝယ်ယူနိုင်တယ်လို့ သိရပြီးအသေးစိတ်သိရှိလိုပါက မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးကို ဆက်သွယ်မေးမြန်းနိုင်တယ်လို့သိရပါတယ်။

#မကွေးသတင်း #မကွေးမြို့ #အဆင့်မြင့်ဈေး #စီမံကိန်း #EOI #MyanmarNews #TikTokNews