Home  / News  / News Details

News Details

ပင်နီဆူလာရန်ကုန်"ဟိုတယ်စီမံကိန်း ရပ်ဆိုင်းထားဆဲဟုဆို

Mar 23, 2024  /

ပင်နီဆူလာရန်ကုန်"ဟိုတယ်စီမံကိန်း ရပ်ဆိုင်းထားဆဲဟုဆို

မတ်လ (၂၄ )ရက်။

Myanmar Property Dealer

ဟောင်ကောင်နှင့် ရှန်ဟိုင်းဟိုတယ်လုပ်ငန်းစု (HSH Group) က မြန်မာ့မီးရထားရုံးချုပ်ဟောင်းနေရာမှာ တည်ရှိတဲ့ အမေရိကန်ဒေါ်လာ သန်း ၁၃၀ တန် ‘ပင်နီဆူလာရန်ကုန်’ ဟိုတယ်စီမံကိန်းကို ရပ်ဆိုင်းထားဆဲလို့ ကုမ္ပဏီဘက်က တာဝန်ရှိသူရဲ့ ပြောကြားချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ရန်ကုန်မြို့လယ်ရှိ မြန်မာ့မီးရထားရုံးချုပ်ဟောင်းနေရာတွင် တည်ရှိတဲ့ ပင်နီဆူလာ ရန်ကုန် ဟိုတယ်စီမံကိန်း အား ပြန်လည်စတင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း စီမံကိန်းအော်ပရေတာဖြစ်သူ ဟောင်ကောင်နှင့် ရှန်ဟိုင်းဟို တယ်လုပ်ငန်းစု (HSH Group) ကပြောကြားထားပါတယ်။

ဒါပေမယ့်လည်း  အကြောင့်အမျိုးမျိုးကြောင့် စတင်နိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။

Yoma Central ၏ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အမေရိကန်ဒေါ်လာသန်း (၁၃၀) တန် ဟိုတယ်စီမံကိန်းကို ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီတွင် နှစ်နှစ်ကျော် စီမံကိန်းလုပ်ငန်းများကို ရပ် ဆိုင်းထားခဲ့တာဖြစ်ပါတယ်။

အဆိုပါ Site (ဆိုက်) ကို ထိန်းသိမ်းရန် နှစ်အတော်ကြာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားကြောင်း၊ ယင်းမှ စီမံကိန်းပြန် လည်စတင်တဲ့အခါ အချိန်မရွေး တည်ဆောက်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်း HSH Group ၏ အမှုဆောင်အရာရှိချုပ် Clement Kwok က ပြောကြားထားပါတယ်။

ယင်း စီမံကိန်းကို ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ဦးသိမ်းဝေ (Serge Pum) ၏ ရိုးမအုပ်စု လက်အောက်ခံ စင်ကာပူ နိုင်ငံစာရင်းဝင် ရိုးမမဟာဗျူဟာ (YSH) နှင့် ပထမမြန်မာရင်းနှီးမြှုပ်နှံမှု (FMI) တို့ ပူးပေါင်းဆောင်ရွက်ကြပြီး HSH Group က ရှယ်ယာ (၇၀) ရာခိုင်နှုန်းပိုင်ဆိုင်ကာ ကျန်ရှိသည့်(၃၀)ရာခိုင်နှုန်းကို ရိုးမကပိုင်ဆိုင်ထားခြင်းဖြစ်ပါတယ်။

အခန်း (၈၈) ခန်းပါသည့် ဟိုတယ်စီမံကိန်းကို ကိုလိုနီခေ တ် မြန်မာ့မီးရထားရုံးချုပ် ပြန်လည်ပြုပြင်ခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကာ စီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်တွင် ပြီးစီးရန် စီစဉ်ခဲ့သော်လည်း တည်ဆောက်ရေးလုပ်ငန်းတွေကို ခေတ္တရပ်ဆိုင်းထားခဲ့ခြင်းကြောင့် ပြီးစီးမည့်အချိန်ကာလ ကျော်လွန်သွားတာလည်းဖြစ်ပါတယ်။