Home  / News  / News Details

News Details

မင်္ဂလာဈေး၊မြေအောက် နှစ်ထပ်နှင့်မြေပေါ် ငါးလွှာတည်ဆောက်ခြင်းလုပ်ငန်း ၅၁ ရာခိုင်နှုန်း ပြီးစီး ၊၂၀၂၄ ခုနှစ် ဧပြီတွင် အပြီးတည်ဆောက် ရန်လျာထားကြောင်းသိရ ။

Sep 29, 2023  /

  • မင်္ဂလာဈေး၊မြေအောက် နှစ်ထပ်နှင့်မြေပေါ် ငါးလွှာတည်ဆောက်ခြင်းလုပ်ငန်း ၅၁ ရာခိုင်နှုန်း ပြီးစီး ၊၂၀၂၄ ခုနှစ် ဧပြီတွင် အပြီးတည်ဆောက် ရန်လျာထားကြောင်းသိရ ။

စက်တင်ဘာလ (၂၉)ရက်။

Myanmar Property Dealer

ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနက တာဝန်ယူဆောင်ရွက် လျက်ရှိတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေ ကုန်းရပ်ကွက်၊ ဗညားဒလ လမ်းနှင့်စက်ရုံလမ်းထောင့်ရှိ မင်္ဂလာဈေး မြေအောက်နှစ်ထပ် မြေပေါ် ၁၅ ထပ် အဆောက် အဦ တည်ဆောက်ရေး လုပ်ငန်းမှာ ယခုအခါ ၅၁ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပြီး ၂၀၂၄ ခုနှစ် ဧပြီတွင် အပြီးတည်ဆောက် ရန်လျာထားကြောင်းသိရပါတယ်။

အဆိုပါ မင်္ဂလာဈေးကို ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် စတင်တည်ဆောက်ခဲ့ပြီးမင်္ဂလာ ဈေးတွင် ဘဏ်များ၊ City Mart ဆိုင်ခန်းများ၊ ရုံးခန်းများပါဝင် တည်ဆောက်သွားမှာဖြစ်တယ်လို့သိရပြီး၊ မြေအောက်ထပ် နှစ်ထပ်အပါအဝင် ခြောက်ထပ်မှ ၁၃ ထပ်အထိကို ယာဉ် အစီးရေ ၇၀၀ ကျော် ရပ်နားနိုင်မည့် ယာဉ်ရပ်နားရာ ကားပါကင်နေရာအပါဝင်၊ မြေညီထပ်မှ လေးထပ်အထိကို ယခင် မင်္ဂလာဈေးမီးလောင်မှုကြောင့် ဈေး အတွင်း ဆိုင်ခန်းများ ငှားရမ်းကာ ရောင်းချနေကြသည့် ဈေးသူ၊ ဈေးသား များအတွက် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ စီမံခန့်ခွဲကာ ဆိုင်ခန်းနေရာများ ပြန်လည်နေရာချ ထားပေးမှာဖြစ်တယ်လို့လည်း  မြို့တော်သတင်းဖော်ပြချက်အရသိရပါတယ်။

 

လက်ရှိဆောက်လုပ်နေသည့် အဆင့်မြင့်မင်္ဂလာ ဈေးသစ်ကြီး တည်ဆောက်ပြီးစီးပါက ဈေးရောင်းသူများ၊ ဆိုင်ခန်းများရှိ ဝန်ထမ်းများနှင့် လုပ်သားများအပါအဝင် ဈေးဝယ်သူဦးရေမှာ စုစုပေါင်း ၄၀၀၀၀ ဦးကျော်ခန့်အထိ ရှိလာမှာဖြစ်တယ်လို့လည်းသိရပါတယ်။