သုခဒဂုံပြည်သူ့အငှားအိမ်ရာအတွက်
YBS ယာဉ်လိုင်း ၅ လိုင်း ပြေးဆွဲမည်
Myanmar Property Dealer
ဒီဇင်ဘာ
(၈) ရက်
ရန်ကုန်တိုင်းဒေသကြီး၊
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ
နေထိုင်မယ့် ပြည်သူတွေအတွက် YBS ယာဉ်လိုင်း(၅)လိုင်း စီစဉ်ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့
ရန်ကုန်တိုင်းဒေသကြီး
ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ
(YRTC) တွဲဖက်အတွင်းရေးမှူး
ဦးလျန်ကျင့်မန် ကပြောပါတယ်။
ပြည်သူ့အငှားအိမ်ရာတည်ရှိတဲ့နေရာဟာ
ရန်ကုန်မြို့တွင်းနဲ့
အနည်းငယ် အလှမ်းဝေးတဲ့အတွက် ပြည်သူတွေ သွားရေး လာရေး အဆင်ပြေအောင် ကုမ္ပဏီ ၄ ခုက YBSယာဉ်လိုင်း
(၅) လိုင်းစီစဉ်ထားပြီး ယာဉ်လိုင်းနံပါတ် ၇၁၊ ၁၂၇၊ ၈၁၊ ၄၆ နဲ့ ၁
တို့ကိုပြေးဆွဲပေးသွားဖို့
စီစဉ်ဆောင်ရွက်နေတယ်လို့
ဦးလျန်ကျင့်မန်ကပြောပါတယ်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာဝင်းအထိ
ပြေးဆွဲပေးသွားမယ့် ယာဉ်လိုင်း (၅) လိုင်းနဲ့ပတ်သက်ပြီး အဆင်မပြေမှု တွေရှိရင်
YRTC ကို သတင်းပေးပို့နိုင်ပြီး ဝန်ဆောင်မှုကောင်းကောင်းနဲ့
ပို့ဆောင်ပေးနိုင်ဖို့
ကြိုးစားနေတယ်လို့ ဆိုပါတယ်။
အဆိုပါ
ယာဉ်လိုင်း ၅ လိုင်းကိုလည်း မကြာခင်မှာပြေးဆွဲပေးသွားဖို့
စီစဉ်နေတယ်လို့ လည်းသိရပါတယ်။