Home  / News  / News Details

News Details

ရန်ကုန်အိမ်ခြံမြေမြေဈေးကွက်တွင် တိုင်းရင်းသားအများစု လာရောက်ရင်းနှီးမြှုပ်နှံဟုဆို

Jan 28, 2024  /

ရန်ကုန်အိမ်ခြံမြေမြေဈေးကွက်တွင် တိုင်းရင်းသားအများစု လာရောက်ရင်းနှီးမြှုပ်နှံဟုဆို

ဇန်နဝါရီ (၂၇) ရက်
Myanmar Property Dealer

ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်းမှာ တိုင်းရင်းသားများမှ အများဆုံးလာရောက်ရင်းနှီးမြှုပ်နှံမှုရှိနေတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်များ၏ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ ယခု နှစ်သစ်ကူးကာလမှာ အိမ်ခြံမြေဈေးကွက်အတွင်းအရောင်းအဝယ်အေးနေပြီး အငှားဈေးကွက်ပိုဖြစ်နေတယ်လို့ ဆိုပါတယ်။

" ဒီမှာက တိုင်းရင်းသားတွေအများစုလာပြီးဝယ်ကြတာများတယ်။ ခရစ်စမတ်နဲ့နှစ်သစ်ကူးကာလရယ် လမ်းပိုင်းအခက်အခဲတွေကြောင့် သူတို့လည်းမလာနိုင်ဘူး။ ဒါကြောင့်ဈေးကွက်ကအရောင်းအဝယ်အေးနေတာ။ ရှမ်းပြည်ဘက်က ပိုများတယ်"ဟု အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်နေသူတစ်ဦးကပြောသည်။

သို့သော် ရန်ကုန်မြို့တွင်းရှိ မြို့နယ်အများစုဟာ အိမ်ခြံမြေအရောင်းအဝယ် အေးနေသော်လည်း ဒဂုံ(မြောက်ပိုင်း)နှင့် (အရှေ့ပိုင်း) မြို့နယ်တို့မှာ အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယင်းမြို့နယ်တို့ရှိ အိမ်ခြံမြေဈေးကွက်သည် ငွေကျပ် သိန်းနှစ်ထောင်ကျော်မှ သိန်းတစ်သောင်းကျော်တန်ဖိုးရှိ အိမ်နှင့်ခြံများ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။

"ပြောရရင်အဲဒီဘက်က ဒီနောက်ပိုင်းစည်လာတယ်။ ဝယ်သူတွေကလည်း အဲဒီဘက်ကိုဆင်းကြတာများတယ်။ ဟိုးအရင်တုန်းက ဈေးအဲဒီလောက်မရှိဘူး။ ဒီနောက်ပိုင်းဈေးက ကောင်းလာတာ"ဟု ၎င်းကဆက်လက်ရှင်းပြထားသည်။

ဝယ်ယူသူအများစုသည် အဓိက အားဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး စီးပွားရေးလုပ်ကိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံရန် လွယ်ကူသည့်နေရာများ၌ အများဆုံးဝယ်ယူလေ့ရှိတယ်လို့ သိရပါတယ် ။