Home  / News  / News Details

News Details

ထိုင်းနိုင်ငံ၊ချင်းမိုင်တွင်မြန်မာနိုင်ငံသားများကွန်ဒိုဝယ်ယူထားမှု ၁၈၈ယူနစ်ရှိပြီး၊တန်ဖိုးဘတ် ၁.၃၄ ဘီလီယံဖိုးရှိ

Dec 29, 2022  /

ထိုင်းနိုင်ငံ၊ချင်းမိုင်တွင်မြန်မာနိုင်ငံသားများကွန်ဒိုဝယ်ယူထားမှု ၁၈၈ယူနစ်ရှိပြီး၊တန်ဖိုးဘတ် ၁.၃၄ ဘီလီယံဖိုးရှိ

 

ဒီဇင်ဘာလ( ၂၉)

Myanmar Property Dealer

 

ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် ၂၀၂၂ ခုနှစ် ပထမ လအတွင်း ဘတ် ၃၆.၉၉ဘီလျံ တန်ဖိုးရှိတဲ့ ကွန်ဒို အလုံးရေ ၇၂၉၀ ကျော်ကို နိုင်ငံခြားသားများထံ လွှဲပြောင်းပေးခဲ့ပြီး အရင်နှစ်ကာလကတွေထက် ၁၉ ရာခိုင်နှုန်း (ယူနစ်) ၂၄. ရာခိုင်နှုန်း (တန်ဖိုး) မြင့်တက်လာခဲ့တယ်လို့ အိမ်ခြံမြေ သတင်းအချက်အလက်စင်တာ (REIC) က သတင်းထုတ်ပြန်ထားရှိတယ်လို့ Thai Enquirer ကဖော်ပြထားရှိပါတယ်။


 ထိုင်းနိုင်ငံအတွင်းရှိ ကွန်ဒိုများကိုဝယ်ယူခဲ့ကြတဲ့နိုင်ငံခြားသားများထဲတွင် တရုတ်နိုင်ငံသားများသည်အများဆုံးဝယ်ယူသူများဖြစ်ကာယူနစ် ၃၅၆၂ ကိုဝယ်ယူခဲ့ပြီးဘတ်ငွေ ၁၇.၉၄ ဘီလီယံတန်ဖိုးရှိပြီး နိုင်ငံခြားသားများဝယ်ယူသူများ ၏ စုစုပေါင်း၄၈.၉ ရာခိုင်နှုန်းရှိတယ်လို့လည်းသိရပါတယ်။


 တခြားနိုင်ငံခြားသားများဝယ်ယူသူများ၏တန်ဖိုးနှင့်ယူနစ်များကိုဖော်ပြရာတွင်လည်းရုရှား နိုင်ငံသားများသည်၄၂၀ယူနစ် ၊ဘတ် ၁.၃၆ဘီလီယံ၊အမေရိကန် နိုင်ငံသားများ ယူနစ် ၃၇၅ ၊ဘတ်၁.၆၁ ဘီလီယံ၊

အင်္ဂလန်နိုင်ငံသားများဝယ်ယူမှုယူနစ်  ၂၆၇ ဘတ်     ၁.၂၂ဘီလီယံ၊ဂျာမနီ နိုင်ငံသားများဝယ်ယူမှု၂၃၁ယူနစ်  ၊ဘတ် ၇၁၅ ဘီလီယံ၊ ပြင်သစ် နိုင်ငံသားများဝယ်ယူမှု ယူနစ် ၂၂၈ ၊ဘတ် ၁.၄၃ ဘီလီယံနှင့် မြန်မာနိုင်ငံသားများဝယ်ယူမှုယူနစ် ၁၈၈  ၊ဘတ်  ၁.၃၄ ဘီလီယံတန်ဖိုးရှိနေတယ်လို့လည်းသိရပါတယ်။


 ထိုင်းနိုင်ငံအတွင်းကွန်ဒိုမီနီယံယူနစ်တွေကို ဝယ်ယူထားကြတဲ့နိုင်ငံခြားသားတွေဆီ လွှဲပြောင်းပေးခဲ့တဲ့ ထိပ်တန်းဒေသ ခုမှာ ဘန်ကောက်၊ ချွန်ဘူရီ ၊ဆမွတ်ပရာကန်၊ ဖူးခက်နှင့်ချင်းမိုင်တို့ဖြစ်တယ်လို့လည်းဖော်ပြထားရှိပါတယ်။

Source - Thai Enquirer