အောင်ဆန်းအားကစားကွင်း အသစ်ပြန်လည်တည်ဆောက်နိုင်ရန်အတွက် တရုတ်ဗိသုကာအဖွဲ့နှင့်တွေ့ ဆုံဆွေးနွေးနေ။
အောက်တိုဘာ ၂၆ရက်။
Myanmar Property Dealer
ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အောင်ဆန်းအားကစားကွင်း အသစ်ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် တရုတ်နိုင်ငံ Architectural Design & Research institute of Tongji University(Group) Co.,Ltd မှ Project အဖွဲ့တစ်ဖွဲ့နှင့်ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူများပြီးခဲ့တဲ့အောက်တိုဘာ၂၅ ရက်နေ့ကမြိုတော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ(၂)မှာတွေ့ဆုံဆွေးနွေးကြတယ်လို့သိရပါတယ်။
အဆိုပါတွေ့ဆုံဆွေးနွေးရာတွင်တရုတ်နိုင်ငံ Project အဖွဲ့ မှ အောင်ဆန်းကွင်း မြေနေရာ၊ဆောက်လုပ်ရန် အဆောက်အဦ ဒီဇိုင်း၊ရေအသုံးချမှု၊ ရေဆိုးစွန့်ပစ်မှုတို့နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များ မေးမြန်ရာ ဌာနမှူး နှင့် တာဝန်ရှိသူများက MNBC 2020 စံချိန်စံညွှန်းနှင့် ၂၀၁၈ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ တို့တွင် ဖော်ပြထားချက်များနှင့် YCDC Website တို့ကိုလေ့လာပြီး လိုအပ်ချက်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ မြို့တော်စည်ပင်နေ့စဉ်သတင်းလွှာမှသိရပါတယ်။
ယခုအသစ်ပြန်လည်တည်ဆောက်မယ့် အောင်ဆန်းကွင်းသည်နှစ်ပေါင်း၁၀၀ကျော်သက်တမ်းရှိဘောလုံးကွင်းတစ်ခုဖြစ်ပြီး၊ အားကစားပြိုင်ကွင်းကို ၁၉၀၈ ခုနှစ်လောက်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၁၀ ပြည့်နှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပါတယ်။ယခင်က ဘီအေအေ (The Burma Athletics Association- BAA)ကွင်းဖြစ်ပြီးလွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ၁၉၅၃ ပြည်နယ်နှင့်တိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမကျင်းပမီတွင် နိုင်ငံတော်သမ္မတ မန်းဝင်းမောင်က ဘီအေအေကွင်းကို အောင်ဆန်းအားကစားပြိုင်ကွင်းဟု အမည်ပြောင်းလဲကြောင်း ကြေညာခဲ့တာဘဲဖြစ်ပါတယ်။