Home  / News  / News Details

News Details

တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာနေရာ(၂၁)နေရာ ဖော်ဆောင်ထားပြီး ဖြစ်တယ်လို့သိရ။

Mar 18, 2026  /

တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာနေရာ(၂၁)နေရာ ဖော်ဆောင်ထားပြီး ဖြစ်တယ်လို့သိရ။

မတ်လ (   )

 

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တိုင်းစစ်ဌာနချုပ်နယ်မြေအလိုက် အဆင့်မြင့်စစ်မှုထမ်းဟောင်းများအတွက် အိမ်ရာစီမံကိန်းများကို တိုးတက်အောင် ဆောင်ရွက်လျက်ရှိနေပြီး စုစုပေါင်း အိမ်ရာနေရာ (၂၁) နေရာတွင် တည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင် နေတယ်လို့သိရပါတယ်။

 အဆိုပါ စီမံကိန်းများအတွင်း အခန်းပေါင်း ၆၈၀၀ ကျော်ကို ဆောက်လုပ်ပြီးစီးနေပြီး ဆောက်လုပ်ဆဲအခန်းပေါင်း ၄၀၀၀ ကျော် နဲ့ နေရာချထားပေးရန် လုပ်ငန်းစဉ်အတွင်းရှိနေတဲ့ အခန်းပေါင်း ၈၇၀ ခန့်လည်း ရှိနေတယ်လို့လည်းသိရပါတယ်။

အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာစီမံကိန်းများကို နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်စဉ် မသန်စွမ်းဖြစ်သွားတဲ့တပ်မတော်သားများ၊ သေဆုံး၊ ကျဆုံးခဲ့ရတဲ့ တပ်မတော်သားများရဲ့ မိသားစုများနှင့် သက်ပြည့်အငြိမ်းစားတပ်မတော်သားများ ဘဝကောင်းမွန်စွာရပ်တည်နေထိုင်နိုင်ရေးအတွက်လည်းကောင်း ရည်ရွယ်ပြီး နယ်မြေဒေသအလိုက် စစ်မှုထမ်းဟောင်းအိမ်ရာများကို အကောင်အထည်ဖော်လျက်ရှိနေတယ် လို့သိရပါတယ်။

လက်ရှိတွင် ဆောက်လုပ်ပြီးစီးထားတဲ့ အိမ်ရာများကို စနစ်တကျ စိစစ်ပြီး လိုအပ်သူများထံ အချိန်မီ နေရာချထားပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိနေပြီး ဆောက်လုပ်ဆဲစီမံကိန်းများကိုလည်း အချိန်မီပြီးစီးအောင် ဆောင်ရွက်လျက်ရှိနေတယ်လို့သိရပါတယ်။