Home  / News  / News Details

News Details

တောင်ကြီး မီးပုံးပျံပွဲတော်ကြောင့် ဟိုတယ်နှင့် တည်းခိုရိပ်သာများ အခန်းလွတ်မရှိတော့တဲ့အတွက် ရက်တို အိမ်လုံးချင်းငှားရမ်းတာနဲ့ ဘန်ဂလိုငှားရမ်းတာတွေကို လုပ်ဆောင်ပေးနေ

Oct 21, 2025  /

တောင်ကြီး မီးပုံးပျံပွဲတော်ကြောင့် ဟိုတယ်နှင့် တည်းခိုရိပ်သာများ အခန်းလွတ်မရှိတော့တဲ့အတွက် ရက်တို အိမ်လုံးချင်းငှားရမ်းတာနဲ့ ဘန်ဂလိုငှားရမ်းတာတွေကို လုပ်ဆောင်ပေးနေ

အောက်တိုဘာ (၂၁)

Myanmar Property Dealer

 

 ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့မှာ ကျင်းပမဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကာလအတွက် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများရှိ အခန်းများ ကြိုတင်မှာယူသူ များပြားလျက်ရှိနေပြီး အခန်းလွတ်မရှိအောင် ပြည့်နှက်နေတယ်လို့ ဒေသခံ ခရီးသွားလုပ်ငန်းရှင်များထံမှ သိရပါတယ်။

 လက်ရှိမှာ ဟိုတယ်နှင့် တည်ခိုခန်းမရရှိတော့တဲ့အတွက် ခရီးသွားဧည့်သည်များအတွက် ဒေသခံလုပ်ငန်းရှင်များက ရက်တို အိမ်လုံးချင်းငှားရမ်းတာ၊ ဘန်ဂလိုအခန်းများငှားရမ်းတာတွေကို လုပ်ဆောင်ပေးသွားမှာဖြစ်ပြီး ဘုန်တော်ကြီးကျောင်းတွေမှာပါ ခရီးသွားဧည့်သည့်များ နားခိုနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

 "တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွက် အခန်းကြိုတင်ငှားရမ်းမှုတွေဟာ သီတင်းကျွတ်ကာလ မတိုင်မီ ကတည်းက ငှားရမ်းမှုတွေများပြားနေခဲ့တာဖြစ်ပါတယ်။ ယခုနှစ်မှာတော့ ယခင်နှစ်ထက် ခရီးသွား ပိုမိုများပြား ဝင်ရောက်မှု ဖြစ်ပေါ်နေတာဖြစ်ပါတယ်"လို့ ဒေသခံ ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

 ရှမ်းပြည်နယ် တောင်ပိုင်း၌ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၂၆၀ လုံးကျော်ရှိပြီး တောင်ကြီးမြို့မှာတော့ ဟိုတယ်နှင့် တည်းခိုရိပ်သာ အလုံး ၅၀ ကျော်ရှိကြောင်းနှင့် နှစ်စဉ် ပွဲတော်ရက်ကာလအတွင်း ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်ဝင်ရောက်မှုဟာ သိန်းခွဲနှင့် သိန်းနီးပါးအထိရှိနေတယ်လို့လည်း ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနရဲ့ စာရင်းများအရ သိရပါတယ်။

 ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်းတွင် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို လာမဲ့ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ရက်နေ့အထိ ရက်တိုင် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပွဲတော်ရက်ကာလအတွင်း ခြေနှစ်ချောင်း၊ ခြေလေးချောင်း အရုပ်အုပ်စုမီးပုံးပျံများ နေ့စဉ် ၁၀  လုံးနှင့် ညပိုင်းတွင် စိန်နားပန်နှင့် ညမီးကျည် မီးပုံးပျံ စုစုပေါင်း အလုံး ၇၀ ကျော်အထိ လွှတ်တင်နိုင်ရန် စီစဉ်ထားတယ်လို့လည်း ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံ ပညာရှင်များအသင်းမှ သိရပါတယ်။