Home  / News  / News Details

News Details

အာရှရဲ့ခရီးသွားဗဟိုချက်ဖြစ်လာမယ့်စင်ကာပူရဲ့ Marina Bay Sands IR2စီမံကိန်း

Jul 30, 2025  /

အာရှရဲ့ခရီးသွားဗဟိုချက်ဖြစ်လာမယ့်စင်ကာပူရဲ့ Marina Bay Sands IR2စီမံကိန်း
ဇူလိုင်လ (၂၆)ရက်။
Myanmar Property Dealer
အမြင့်ပေ၆၅၀ ရှိတဲ့တာဝါသုံးခုပေါ်မှာ သင်္ဘောသဏ္ဉန်အဆောက်အဦတခုကိုဝေဟင်ထက်မှာ စီးမြောနေဟန်တည်ဆောက်ထားတဲ့ Marina Bay Sands မိုး‌မျှော်တိုက်ဟာဆိုရင် ၂၀၁၁ ခုနှစ်တည်‌ဆောက်ပြီစီးချိန်ကတည်းက အာရှရဲ့အထင်ရှားဆုံး ဗိသုကာလက်ရာမြောက်မိုးမျှော်တိုက် တခုအဖြစ်ရပ်တည်နေခဲ့တာဖြစ်ပါတယ်။
စင်ကာပူနိုင်ငံရဲ့ပြယုဒ်လည်းဖြစ်ပြီး တစ်နှစ်လျှင်လာရောက်လည်ပတ်သူ ၄၅သန်းခန့်ကိုဝန်ဆောင်မှုပေးနေတဲ့ ဒီ Marina Bay Sands အပန်းဖြေဟိုတယ်ဟာဆိုရင်လည်း အခုချိန်မှာ အစိုးရရဲ့ဖွံဖြိုးတိုးတက်‌ရေးစီမံကိန်းနဲ့အတူ စတုတ္ထမြောက်မိုးမျှော်တိုက်ကိုတည်ဆောက်ရန်အတွက်ခြေလှမ်းသစ်စတင်နေပြီဖြစ်ပါတယ်။
စင်ကာပူနိုင်ငံ(မြို့ပြပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး) အာဏာပိုင်တွေဟာ Marina Bay ရဲ့မှုလဗိသုကာပညာရှင် Moshe Safdie ကိုပြန်လည်ဖိတ်ခေါ်ပြီး ဒေါ်လာ ၈ဘီလီယံတန် IR2 စီမံကိန်းကြီးရဲ့ Master Plan များကိုရေးဆွဲနေပြီဖြစ်ပါတယ်။ ဒီစတုတ္ထမြောက်မိုးမျှော်တိုက်စီမံကိန်းကိုအကောင်အထည်ဖော်ရာတွင် မှုလ Maria Bay tower သုံးခုကိုကောင်းကင်တံတားဖြင့်ချိတ်ဆက်ပြီးတည်ဆောက်ရန်ရည်ရွယ်ခဲ့ပေမယ့် နိုင်ငံရဲ့အထင်ကရ အဆောက်အဦကိုမထိခိုက်စေလိုတာကြောင့် သီးခြားစီမံကိန်းအပိုင်းတခု အဖြစ်တည်‌ဆောက်သွားမှာဖြစ်တယ်လို့လဲသိရပါတယ်။စုစုပေါင်းစီမံကိန်းတိုးချဲ့မှုအကျယ်အဝန်းအနေနဲ့ ၅၅၀၀၀၀ sqft အထိကျယ်ဝန်းတာြဖစ်ပြီးစီမံကိန်းထဲမှ sqft ၂၀၀၀၀၀ ကိုတော့ ဟိုတယ်၊ Shopping mall, convention Center နဲ့ MIEC ဧရိယာအနေနဲ့အသုံးပြုမှာြဖစ်ပါတယ်။
အသစ်တည်ဆောက်မယ့် စတုတ္ထမြောက်မိုးမျှော်တိုက်ဟာဆိုရင်တော့ မြေညီထပ်မှ ထိပ်ဆုံးထပ်အထိ အဆောက်အဦတခုလုံးအကျယ်အဝန်းအနေနဲ့ ၁၅၃,၁၀၀ Meter Square အထိကျယ်ဝန်းတာ အထပ်ပေါင်း ၅၅ထပ်၊ အခန်းပေါင်း ၅၇၀ ခန့်ထိပါဝင်မှာြဖစ်ပြီး တာဝါထိပ်မှာဆိုရင်လည်း ၇၆၀၀၀ sqft ကျယ်ဝန်းတဲ့ Skyloop Area ပါဝင်တာဘဲဖြစ်ပါတယ်။
ဒါ့အပြင် လူဦးရေပေါင်း ၁၅၀၀၀ အထိဝန်ဆောင်မှုပေးနိုင်မဲ့ ဖျော်ဖြေရေး Zone လည်းပါဝင်မှာဖြစ်ပြီး တာဝါရဲ့အဓိကဆွဲ‌ဆောင်မှုဖြစ်တဲ့ Skyloop Area မှာဆိုရင်လည်း ရေကူးကန်၊ စားသောက်ဆိုင်၊ ပန်းဥယျာဥ်၊ နက္ခတာရာကြည့်အဆောက်အအုံ နဲ့ private cabanas တို့အပြင်အခြားအပန်းဖြေနေရာပေါင်းများပါစွာထည့်သွင်းသွားမှာဘဲဖြစ်ပါတယ်။
ဒါကြောင့် Marina Bay Sands တိုးချဲ့စီမံကိန်း IR2 ဟာစင်ကာပူဆောက်လုပ်‌ရေးလောကရဲ့အကြီးမားဆုံးစိန်ခေါ်မှုကြီးတခုဖြစ်ပြီး အာရှရဲ့ခရီးသွားလာရေးဗဟိုချက် အဖြစ်ဖန်တီးပေးနိုင်မယ့်ရင်းနှီးမြုပ်နှံမှုကြီးလည်းဖြစ်ပါတယ်။