Home  / News  / News Details

News Details

ခေတ်မီနည်းပညာများအသုံးပြုပြီး ရန်ကုန်မြို့တွင်းရှိ ချောင်း၊ မြောင်းများတစ်လျှောက် ရှင်းလင်းသွားရန်လို

Dec 15, 2025  /

ခေတ်မီနည်းပညာများအသုံးပြုပြီး ရန်ကုန်မြို့တွင်းရှိ ချောင်း၊ မြောင်းများတစ်လျှောက် ရှင်းလင်းသွားရန်လို

ဒီဇင်ဘာ (၁၆)ရက်။

Myanmar Property Dealer

ရန်ကုန်မြို့အတွင်းစီးဆင်းလျက်ရှိတဲ့  ချောင်းများ၊ မြောင်းများမှ စွန့်ထုတ်ရေများ ရေထွက်ပေါက်များမှတဆင့် သက်ဆိုင်ရာမြစ်များ၊ ချောင်းများအတွင်းသို့ စီးဆင်းရာတွင် ပိတ်ဆို့မှုမရှိစေရေး ခေတ်မီနည်းပညာများ အသုံးပြုပြီး ချောင်း၊ မြောင်းများတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး ပိတ်ဆို့နေတဲ့နေရာများအား ရှင်းလင်းသွား ရန်လိုတယ်လို့  ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောတာပါ။

ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန်မြို့အတွင်း သမိုင်းချောင်းအပါအဝင် ချောင်းများ၊ မြောင်းများရေစီး ရေလာကောင်းမွန်ရေးအတွက်ကြည့်ရှုစစ်ဆေးစဥ် တာဝန်ရှိသူများအားအခုလို မှာကြားခဲ့ခြင်းဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ချောင်းများ၊ ရေနုတ်မြောင်းများစနစ်တကျဖြစ်ရန်လိုကြောင်း၊ အမှိုက်များအားသတ်မှတ်နေရာများ၌သာ စွန့်ပစ်စေရေးနှင့် မြောင်းများအတွင်းသို့ စွန့်ပစ်မှုမရှိစေရေး ပြည်သူလူထုအား စည်းရုံးဆောင်ရွက်သွားရန်၊ ရေကောင်းမွန်စွာစီးဆင်းမှုမရှိသည့် ချောင်းများ၊ မြောင်းများအတွင်းမှ အနံ့အသက်ဆိုးများသည် ပြည်သူလူထု၏ ကျန်းမာရေးကိုလည်း ထိခိုက်စေမည်ဖြစ်သဖြင့် တာဝန်ရှိသူများအနေဖြင့် ရေစီးရေလာကောင်းမွန်အောင် စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်းတို့ကိုလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ရန်ကုန်အနောက်ပိုင်းတွင် လှိုင်မြစ်နှင့် ဆက်စပ်နေတဲ့ မြို့နယ်ကိုးမြို့နယ်မှ စွန့်ပစ်ရေများကို ချောင်း ၂၂ ချောင်းဖြင့် လှိုင်မြစ်အတွင်းသို့လည်းကောင်း၊ ရန်ကုန်အရှေ့ပိုင်းတွင် ငမိုးရိပ်ချောင်းနှင့် ဆက်စပ်နေတဲ့ မြို့နယ်ရှစ်မြို့နယ်မှ စွန့်ပစ်ရေများကို ချောင်းပေါင်း ၂၀ ဖြင့် ငမိုးရိပ်ချောင်းအတွင်းသို့ လည်းကောင်းစီးဆင်းစေလျက်ရှိနေတယ်လို့သိရပါတယ်။