Home  / News  / News Details

News Details

ရိုးမရိပ်သာအိမ်ရာစီမံကိန်းရှိ တိုက် (၂)လုံး၊ အခန်း (၉၆) ခန်းကိုအတိုးနှုန်းသက်သာတဲ့ အိမ်ရာချေးငွေဖြင့် ရောင်းချပေးမည်

Dec 18, 2025  /

ရိုးမရိပ်သာအိမ်ရာစီမံကိန်းရှိ တိုက် ()လုံး၊ အခန်း (၉၆) ခန်းကိုအတိုးနှုန်းသက်သာတဲ့ အိမ်ရာချေးငွေဖြင့် ရောင်းချပေးမည်


 ဒီဇင်ဘာ ( ၁၉)ရက်။

Myanmar  Property Dealer


ရိုးမရိပ်သာအိမ်ရာစီမံကိန်းရှိ တိုက် ()လုံး၊ အခန်း (၉၆) ခန်းကိုအတိုးနှုန်းသက်သာသော အိမ်ရာချေးငွေဖြင့်၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ရောင်းချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။


ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန က အကောင်အထည်ဖော် တည်ဆောက်ထားတဲ့ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ရိုးမရိပ်သာ အိမ်ရာရှိ ၁၂ခန်းတွဲ၄ထပ် တိုက်()လုံး၊ အခန်း (၉၆) ခန်း ကို အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေစနစ်ဖြင့် ချိတ်ဆက်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ရောင်းချ သွားမှာဖြစ်ပါတယ်။

 

ဆောက်လုပ်ရေး အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank)တွင်  ၂၀၂၅ခုနှစ် အောက်တိုဘာ ၃၁  ရက်နေ့အထိ အိမ်ရာစုဆောင်းငွေ ကျပ်သိန်း(၃၀)နှင့်အထက် ပြည့်မီအောင် စုဆောင်းထားရှိသူ (၂၀၉၃)ဦး စာရင်းတွင် ပါဝင်သူများစာရင်းပေးသွင်း လျှောက်ထား နိုင်တယ်လို့လည်းသိရပါတယ်။

 

စာရင်းပေးသွင်းခြင်းကို DUHD Sale Housing Facebook Page  Messenger မှ တဆင့်  ၂၀၂၆ ခုနှစ် ဇန်နဝါရီ  ၅ ရက်မှ ၉ ရက် နေ့အတွင်း နံနက် ၁၀:၀၀ မှ ညနေ :၃၀ အထိ လက်ခံဆောင်ရွက်ပေးသွားမှာဖြစ်ပြီး၊ စာရင်းပေးသွင်း လျှောက်ထားသူများအနက် ရောင်းချပေးနိုင်တဲ့ အခန်းအရေအတွက်အရ CHID Bank တန်းစီဇယား အစောဆုံး အမှတ်စဉ် များအား မဲနှိုက်ခွင့်ပြုမှာဖြစ်တယ်လို့သိရပါတယ်။

 

 အခန်းမဲနှိုက်ခြင်းကိုတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ  ၁၆ ရက်နေ့တွင်ဆောင်ရွက်သွားမှာဖြစ်ပြီး အခန်းဝယ်ယူခွင့် ရရှိသူများအနေဖြင့်  အိမ်ရာချေးငွေအား မဖြစ်မနေ ချေးယူရမှာဖြစ်တယ်လို့လည်းသိရပါတယ်။