Home  / News  / News Details

News Details

ရိုးမရိပ်သာအိမ်ရာစီမံကိန်းရှိ တိုက် (၂)လုံး၊ အခန်း (၉၆) ခန်းကိုအတိုးနှုန်းသက်သာတဲ့ အိမ်ရာချေးငွေဖြင့် ရောင်းချပေးမည်

Dec 18, 2025  /

ရိုးမရိပ်သာအိမ်ရာစီမံကိန်းရှိ တိုက် (၂)လုံး၊ အခန်း (၉၆) ခန်းကိုအတိုးနှုန်းသက်သာတဲ့ အိမ်ရာချေးငွေဖြင့် ရောင်းချပေးမည်


 ဒီဇင်ဘာ ( ၁၉)ရက်။

Myanmar  Property Dealer


ရိုးမရိပ်သာအိမ်ရာစီမံကိန်းရှိ တိုက် (၂)လုံး၊ အခန်း (၉၆) ခန်းကိုအတိုးနှုန်းသက်သာသော အိမ်ရာချေးငွေဖြင့်၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ရောင်းချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။


ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန က အကောင်အထည်ဖော် တည်ဆောက်ထားတဲ့ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ရိုးမရိပ်သာ အိမ်ရာရှိ ၁၂ခန်းတွဲ၄ထပ် တိုက်(၂)လုံး၊ အခန်း (၉၆) ခန်း ကို အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေစနစ်ဖြင့် ချိတ်ဆက်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ရောင်းချ သွားမှာဖြစ်ပါတယ်။

 

ဆောက်လုပ်ရေး ၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank)တွင်  ၂၀၂၅ခုနှစ် အောက်တိုဘာ ၃၁  ရက်နေ့အထိ အိမ်ရာစုဆောင်းငွေ ကျပ်သိန်း(၃၀)နှင့်အထက် ပြည့်မီအောင် စုဆောင်းထားရှိသူ (၂၀၉၃)ဦး စာရင်းတွင် ပါဝင်သူများစာရင်းပေးသွင်း လျှောက်ထား နိုင်တယ်လို့လည်းသိရပါတယ်။

 

စာရင်းပေးသွင်းခြင်းကို DUHD Sale Housing Facebook Page  Messenger မှ တဆင့်  ၂၀၂၆ ခုနှစ် ဇန်နဝါရီ  ၅ ရက်မှ ၉ ရက် နေ့အတွင်း နံနက် ၁၀:၀၀ မှ ညနေ ၃:၃၀ အထိ လက်ခံဆောင်ရွက်ပေးသွားမှာဖြစ်ပြီး၊ စာရင်းပေးသွင်း လျှောက်ထားသူများအနက် ရောင်းချပေးနိုင်တဲ့ အခန်းအရေအတွက်အရ CHID Bank ၏ တန်းစီဇယား အစောဆုံး အမှတ်စဉ် များအား မဲနှိုက်ခွင့်ပြုမှာဖြစ်တယ်လို့သိရပါတယ်။

 

 အခန်းမဲနှိုက်ခြင်းကိုတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ  ၁၆ ရက်နေ့တွင်ဆောင်ရွက်သွားမှာဖြစ်ပြီး အခန်းဝယ်ယူခွင့် ရရှိသူများအနေဖြင့်  အိမ်ရာချေးငွေအား မဖြစ်မနေ ချေးယူရမှာဖြစ်တယ်လို့လည်းသိရပါတယ်။