Home  / News  / News Details

News Details

သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် ဧည့်စာရင်းတိုင်ကြားမည်ဆိုပါက မဲပေါက်သူမဟုတ်ဘဲတဆင့်ပြန်ငှားရမ်းနေထိုင် သူများကိုဧည့်စာရင်းတိုင်ခွင့်မပြုဟုသိရ

Jul 26, 2024  /

သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် ဧည့်စာရင်းတိုင်ကြားမည်ဆိုပါက မဲပေါက်သူမဟုတ်ဘဲတဆင့်ပြန်ငှားရမ်းနေထိုင် သူများကိုဧည့်စာရင်းတိုင်ခွင့်မပြုဟုသိရ

ဇူလိုင် (၂၇ )ရက်။

Myanmar Property Dealer

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာရှိတဲ့သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာနေထိုင်ကြသူများအနေဖြင့်ဧည့်စာရင်းတိုင်ကြားရာတွင် မဲပေါက်သူနာမည်နဲ့ကိုက်ညီမှုမရှိဘဲ အခန်းတဆင့်ပြန်ငှားထားတဲ့ မိသားစုတွေ ကို ဧည့်စာရင်းမပေးဟုသိရှိရပါတယ်။

အခုကြားနေရတာတွေက ‘’ဒီအိမ်ရာမှာငှားနေမယ်ဆိုရင်၊ရပ်ကွက်ထောက်ခံစာ၊ပြီးမှမြို့နယ်အဆင့်ဆင့်စိစစ်ပြီးမှ မဲနှိုက်ခွင့်ရတယ်၊အခန်းတွေလျှောက်တဲ့အခါမှာလည်းနေထိုင်မဲ့သူတွေဓာတ်ပုံပါတယ်လေ။အခုအဲဒီဓါတ်ပုံကသူတွေနဲ့မတူရင်တော့နေခွင့်မရှိဘဲ အကုန်ဖယ်ရမယ်ဆိုပြီးသတင်းထွက်နေတယ်’’ဟုလည်း အဆိုပါအိမ်ရာထဲမှာနေထိုင်သူတွေထံမှသိရပါတယ်။

ဒါ့အပြင် သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ လျှောက်ထားလိုသူများအတွက် စည်းကမ်းသတ်မှတ်ချက် (၂၃)ချက်ထုတ်ပြန်ထားရာတွင်လည်း ငှားရမ်းနေထိုင်ခွင့်ရသူသည် တင်ပြထားသည့် အိမ်ထောင်စုစာရင်းတွင် ပါဝင်ခြင်း မရှိသူများကို အိမ်ခန်းတစ်ခုလုံးကိုသော် လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းကိုသော် လည်းကောင်း တစ်ဆင့် ငှားရမ်းခြင်း၊ အတူနေထိုင်ခြင်း၊ လွှဲပြောင်းခြင်းများ မပြုလုပ်ရန်နှင့် လိုက်နာခြင်းမရှိပါက အိမ်ခန်းငှားရမ်းခွင့်ကို ရုပ်သိမ်းပါမည်ဟုပါရှိထားတာကိုတွေ့ရပါတယ်။

သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများကို နေရေးအခက်အခဲရှိ နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများနှင့်ပြည်သူများကို ဈေးနှုန်းသက်သာစွာ ငှားရမ်းနေထိုင်နိုင်ရန် ရည်ရွယ်၍ တည်ဆောက်ပေးထားတာလည်းဖြစ်ပါတယ်။     

( ကိုမိုး )