Home  / News  / News Details

သတင်း အသေးစိတ်

လှိုင်မြို့နယ်ရှိ မြေ ၉ ဧကကျော်နှင့် အဆောက်အအုံ ငှားရမ်းရန် Swiss Challenge တင်ဒါ ဖိတ်ခေါ်

Aug 26, 2026  /

လှိုင်မြို့နယ်ရှိ မြေ ၉ ဧကကျော်နှင့် အဆောက်အအုံ ငှားရမ်းရန် Swiss Challenge တင်ဒါ ဖိတ်ခေါ်

ဩဂုတ် ၂၆ |

 Myanmar Property Dealer

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အင်းစိန်လမ်းမကြီးပေါ်ရှိ မြေ ၉ ဧကကျော်နှင့် အဆောက်အအုံကို ငှားရမ်းအသုံးပြုနိုင်ရန်အတွက် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနက Swiss Challenge တင်ဒါစနစ်ဖြင့် ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များအား အဆိုပြုလွှာတင်သွင်းရန် ဖိတ်ခေါ်ထားပါတယ်။

အဆိုပါ တင်ဒါမှာ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနက စီမံခန့်ခွဲလျက်ရှိတဲ့ မြေ ၅ ဧကနှင့် အဆောက်အအုံကို ငှားရမ်းခြင်းနဲ့ မြေ ၄ ဒသမ ၂၇၄ ဧကကို BOT စနစ်ဖြင့် ငှားရမ်းပေးမှာဖြစ်ပြီးစုစုပေါင်း နှစ် ၃၀ + ၅ နှစ် + ၅ နှစ် သက်တမ်းနဲ့ ငှားရမ်းအသုံးပြုခွင့်ပြုသွားမယ်လို့ သိရပါတယ်။

Swiss Challenge တင်ဒါအဆိုပြုလွှာပုံစံတွေကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၄ ရက်ကနေ စက်တင်ဘာ ၈ ရက်အထိ ရောင်းချပေးသွားမှာဖြစ်ပြီး အဆိုပြုလွှာတွေကို စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီ နောက်ဆုံးထား တင်သွင်းရမှာ ဖြစ်ပြီးတင်ဒါအဆိုပြုလွှာတွေကိုတော့ စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီခွဲမှာ ဖွင့်ဖောက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

အဆိုပြုလွှာပုံစံ ဝယ်ယူခြင်းနဲ့ တင်သွင်းခြင်းတို့ကို ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရုံးအမှတ် (၃၃)၊ နေပြည်တော်မှာ ဆောင်ရွက်နိုင်ပါတယ်။

တင်ဒါနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို သိရှိလိုပါက ၀၆၇-၃၄၀၆၂၄၂ နဲ့ ၀၆၇-၃၄၀၆၄၆၁ ဖုန်းနံပါတ်တွေကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း တင်ဒါကော်မတီက အသိပေးထားပါတယ်။

အခုလို Swiss Challenge တင်ဒါ ဖိတ်ခေါ်တာဟာ ရန်ကုန်မြို့ရဲ့ အဓိကလမ်းမကြီးတစ်ခုဖြစ်တဲ့ အင်းစိန်လမ်းမကြီးပေါ်မှာ အစိုးရက စီမံခန့်ခွဲလျက်ရှိတဲ့ မြေနေရာတွေကို ရေရှည်ရင်းနှီးမြှုပ်နှံအသုံးချနိုင်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ခြင်း ဖြစ်ပါတယ်။

အင်းစိန်လမ်းမကြီးဟာ ရန်ကုန်မြို့အတွင်း အချက်အချာကျတဲ့ လမ်းမကြီးတစ်ခုဖြစ်တာကြောင့် အဆိုပါမြေနေရာတွေကို စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ ရေရှည်အသုံးချနိုင်ရေးအတွက် စိတ်ဝင်စားမှုရှိလာနိုင်ပါတယ်။