ဩဂုတ် ၂၆ |
Myanmar Property Dealer
ရန်ကုန်တိုင်းဒေသကြီး၊
လှိုင်မြို့နယ်၊ အင်းစိန်လမ်းမကြီးပေါ်ရှိ မြေ ၉ ဧကကျော်နှင့် အဆောက်အအုံကို
ငှားရမ်းအသုံးပြုနိုင်ရန်အတွက်
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနက
Swiss Challenge တင်ဒါစနစ်ဖြင့်
ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များအား
အဆိုပြုလွှာတင်သွင်းရန်
ဖိတ်ခေါ်ထားပါတယ်။
အဆိုပါ
တင်ဒါမှာ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနက
စီမံခန့်ခွဲလျက်ရှိတဲ့
မြေ ၅ ဧကနှင့် အဆောက်အအုံကို
ငှားရမ်းခြင်းနဲ့ မြေ ၄ ဒသမ ၂၇၄
ဧကကို BOT စနစ်ဖြင့် ငှားရမ်းပေးမှာဖြစ်ပြီးစုစုပေါင်း
နှစ် ၃၀ + ၅ နှစ် + ၅
နှစ် သက်တမ်းနဲ့ ငှားရမ်းအသုံးပြုခွင့်ပြုသွားမယ်လို့
သိရပါတယ်။
Swiss Challenge တင်ဒါအဆိုပြုလွှာပုံစံတွေကို
၂၀၂၆ ခုနှစ် ဩဂုတ် ၂၄ ရက်ကနေ စက်တင်ဘာ
၈ ရက်အထိ ရောင်းချပေးသွားမှာဖြစ်ပြီး
အဆိုပြုလွှာတွေကို စက်တင်ဘာ ၉ ရက် နံနက်
၁၀ နာရီ နောက်ဆုံးထား တင်သွင်းရမှာ ဖြစ်ပြီးတင်ဒါအဆိုပြုလွှာတွေကိုတော့
စက်တင်ဘာ ၉ ရက် နံနက်
၁၀ နာရီခွဲမှာ ဖွင့်ဖောက်စစ်ဆေးသွားမယ်လို့
သိရပါတယ်။
အဆိုပြုလွှာပုံစံ
ဝယ်ယူခြင်းနဲ့ တင်သွင်းခြင်းတို့ကို ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊
ရုံးအမှတ် (၃၃)၊ နေပြည်တော်မှာ
ဆောင်ရွက်နိုင်ပါတယ်။
တင်ဒါနဲ့ပတ်သက်တဲ့
အသေးစိတ်အချက်အလက်တွေကို
သိရှိလိုပါက ၀၆၇-၃၄၀၆၂၄၂ နဲ့ ၀၆၇-၃၄၀၆၄၆၁ ဖုန်းနံပါတ်တွေကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း
တင်ဒါကော်မတီက အသိပေးထားပါတယ်။
အခုလို
Swiss Challenge တင်ဒါ
ဖိတ်ခေါ်တာဟာ ရန်ကုန်မြို့ရဲ့ အဓိကလမ်းမကြီးတစ်ခုဖြစ်တဲ့ အင်းစိန်လမ်းမကြီးပေါ်မှာ အစိုးရက စီမံခန့်ခွဲလျက်ရှိတဲ့ မြေနေရာတွေကို ရေရှည်ရင်းနှီးမြှုပ်နှံအသုံးချနိုင်ရေးအတွက်
ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို
ဖိတ်ခေါ်ခြင်း ဖြစ်ပါတယ်။
အင်းစိန်လမ်းမကြီးဟာ
ရန်ကုန်မြို့အတွင်း အချက်အချာကျတဲ့ လမ်းမကြီးတစ်ခုဖြစ်တာကြောင့်
အဆိုပါမြေနေရာတွေကို စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ
ရေရှည်အသုံးချနိုင်ရေးအတွက်
စိတ်ဝင်စားမှုရှိလာနိုင်ပါတယ်။