Home  / News  / News Details

新闻详情

လှိုင်မြို့နယ်ရှိ မြေ ၉ ဧကကျော်နှင့် အဆောက်အအုံ ငှားရမ်းရန် Swiss Challenge တင်ဒါ ဖိတ်ခေါ်

Aug 26, 2026  /

လှိုင်မြို့နယ်ရှိ မြေ ဧကကျော်နှင့် အဆောက်အအုံ ငှားရမ်းရန် Swiss Challenge တင်ဒါ ဖိတ်ခေါ်

ဩဂုတ် ၂၆ |

 Myanmar Property Dealer

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အင်းစိန်လမ်းမကြီးပေါ်ရှိ မြေ ဧကကျော်နှင့် အဆောက်အအုံကို ငှားရမ်းအသုံးပြုနိုင်ရန်အတွက် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနက Swiss Challenge တင်ဒါစနစ်ဖြင့် ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များအား အဆိုပြုလွှာတင်သွင်းရန် ဖိတ်ခေါ်ထားပါတယ်။

အဆိုပါ တင်ဒါမှာ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနက စီမံခန့်ခွဲလျက်ရှိတဲ့ မြေ ဧကနှင့် အဆောက်အအုံကို ငှားရမ်းခြင်းနဲ့ မြေ ဒသမ ၂၇၄ ဧကကို BOT စနစ်ဖြင့် ငှားရမ်းပေးမှာဖြစ်ပြီးစုစုပေါင်း နှစ် ၃၀ + နှစ် + နှစ် သက်တမ်းနဲ့ ငှားရမ်းအသုံးပြုခွင့်ပြုသွားမယ်လို့ သိရပါတယ်။

Swiss Challenge တင်ဒါအဆိုပြုလွှာပုံစံတွေကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၄ ရက်ကနေ စက်တင်ဘာ ရက်အထိ ရောင်းချပေးသွားမှာဖြစ်ပြီး အဆိုပြုလွှာတွေကို စက်တင်ဘာ ရက် နံနက် ၁၀ နာရီ နောက်ဆုံးထား တင်သွင်းရမှာ ဖြစ်ပြီးတင်ဒါအဆိုပြုလွှာတွေကိုတော့ စက်တင်ဘာ ရက် နံနက် ၁၀ နာရီခွဲမှာ ဖွင့်ဖောက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

အဆိုပြုလွှာပုံစံ ဝယ်ယူခြင်းနဲ့ တင်သွင်းခြင်းတို့ကို ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရုံးအမှတ် (၃၃) နေပြည်တော်မှာ ဆောင်ရွက်နိုင်ပါတယ်။

တင်ဒါနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို သိရှိလိုပါက ၀၆၇-၃၄၀၆၂၄၂ နဲ့ ၀၆၇-၃၄၀၆၄၆၁ ဖုန်းနံပါတ်တွေကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း တင်ဒါကော်မတီက အသိပေးထားပါတယ်။

အခုလို Swiss Challenge တင်ဒါ ဖိတ်ခေါ်တာဟာ ရန်ကုန်မြို့ရဲ့ အဓိကလမ်းမကြီးတစ်ခုဖြစ်တဲ့ အင်းစိန်လမ်းမကြီးပေါ်မှာ အစိုးရက စီမံခန့်ခွဲလျက်ရှိတဲ့ မြေနေရာတွေကို ရေရှည်ရင်းနှီးမြှုပ်နှံအသုံးချနိုင်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ခြင်း ဖြစ်ပါတယ်။

အင်းစိန်လမ်းမကြီးဟာ ရန်ကုန်မြို့အတွင်း အချက်အချာကျတဲ့ လမ်းမကြီးတစ်ခုဖြစ်တာကြောင့် အဆိုပါမြေနေရာတွေကို စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ ရေရှည်အသုံးချနိုင်ရေးအတွက် စိတ်ဝင်စားမှုရှိလာနိုင်ပါတယ်။