Home  / News  / News Details

သတင်း အသေးစိတ်

သုခဒဂုံ ပြည့်သူ့အငှားအိမ်ရာ စီမံကိန်း တိုက်သစ် ၅ လုံး ပြီးစီး၊ မဲနှိုက်ငှားရမ်းမှု မကြာမီ စတင်မည်

Feb 19, 2026  /

သုခဒဂုံ ပြည့်သူ့အငှားအိမ်ရာ စီမံကိန်း တိုက်သစ် လုံး ပြီးစီး၊ မဲနှိုက်ငှားရမ်းမှု မကြာမီ စတင်မည်

ဖေဖော်ဝါရီ ( ၁၉)ရက်။

Myanmar Property Dealer

 

တောင်ဒဂုံမြို့နယ်အတွင်းရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းမှ ထပ်မံဆောက်လုပ်ပြီးစီးသွားတဲ့ အဆောက်အဦ လုံးတွင် လျှောက်ထားကြတဲ့ ပြည်သူများအား မကြာမီ မဲနှိုက်စနစ်ဖြင့် ရွေးချယ်ကာ ငှားရမ်းပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ အငှားအိမ်ရာစီမံကိန်းသည် ပြည်သူများအတွက် နေထိုင်ရေးအဆင်ပြေစေရန် ရည်ရွယ်ပြီး ဆောင်ရွက်ထားခြင်းဖြစ်ပြီး၊ ယခုအခါ တိုက်သစ်များ ဆောက်လုပ်ပြီးစီးလာသဖြင့် လျှောက်ထားသူများအတွက် မဲနှိုက်ရွေးချယ်မှုကို စတင်ဆောင်ရွက်သွားရန် စီစဉ်ထားသည်ဟု သိရပါတယ်။

 ယခုအကြိမ်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ပြည်သူများအတွက် တိုက် လုံးကို သီးသန့်ခွဲဝေထားပြီး၊ မဲနှိုက်ခွင့်ရရှိတဲ့ ပြည်သူများအား သက်ဆိုင်ရာဌာနမှ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ် အကြောင်းကြားပေးသွားမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။

 မဲနှိုက်ငှားရမ်းမှုဆိုင်ရာ အသေးစိတ် အချက်အလက်များကို သက်ဆိုင်ရာဌာနမှ ဆက်လက်ထုတ်ပြန်သွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။