သုခဒဂုံ ပြည့်သူ့အငှားအိမ်ရာ စီမံကိန်း တိုက်သစ် ၅ လုံး ပြီးစီး၊ မဲနှိုက်ငှားရမ်းမှု မကြာမီ စတင်မည်
ဖေဖော်ဝါရီ ( ၁၉)ရက်။
Myanmar Property Dealer
တောင်ဒဂုံမြို့နယ်အတွင်းရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းမှ ထပ်မံဆောက်လုပ်ပြီးစီးသွားတဲ့ အဆောက်အဦ
၅ လုံးတွင် လျှောက်ထားကြတဲ့ ပြည်သူများအား မကြာမီ မဲနှိုက်စနစ်ဖြင့် ရွေးချယ်ကာ ငှားရမ်းပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
အဆိုပါ အငှားအိမ်ရာစီမံကိန်းသည် ပြည်သူများအတွက် နေထိုင်ရေးအဆင်ပြေစေရန် ရည်ရွယ်ပြီး ဆောင်ရွက်ထားခြင်းဖြစ်ပြီး၊ ယခုအခါ တိုက်သစ်များ ဆောက်လုပ်ပြီးစီးလာသဖြင့် လျှောက်ထားသူများအတွက် မဲနှိုက်ရွေးချယ်မှုကို စတင်ဆောင်ရွက်သွားရန် စီစဉ်ထားသည်ဟု သိရပါတယ်။
ယခုအကြိမ်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ပြည်သူများအတွက် တိုက် ၁ လုံးကို သီးသန့်ခွဲဝေထားပြီး၊ မဲနှိုက်ခွင့်ရရှိတဲ့ ပြည်သူများအား သက်ဆိုင်ရာဌာနမှ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ် အကြောင်းကြားပေးသွားမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။
မဲနှိုက်ငှားရမ်းမှုဆိုင်ရာ အသေးစိတ် အချက်အလက်များကို သက်ဆိုင်ရာဌာနမှ ဆက်လက်ထုတ်ပြန်သွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။