ရန်ကုန်မြို့တွင်းရှိအိမ်ခြံမြေဈေးကွက်အရောင်းအဝယ်အေးနေ
။
ဖေဖော်ဝါရီ
(၂)ရက်။
Myanmar
Property Dealer
ရန်ကုန်မြို့အတွင်းရှိ
အိမ်ခြံမြေဈေးကွက် ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှစတင်ပြီး အရောင်းအဝယ်အေးနေတယ်လို့ သက်ဆိုင်ရာမြို့နယ်အလိုက်အိမ်ခြံမြေအကျိုးဆောင်တွေထံကနေသိရပါတယ်။
အရင်က
အရောင်းအဝယ်ဖြစ်နေတဲ့ မြေကွက်၊တိုက်ခန်း၊ကွန်ဒိုတွေလည်း ယခုအခါမှာတော့ အရောင်းအဝယ်
တော်တော်လေးနည်းပါသွားတယ်လို့လည်းသိရပြီး ဒီလိုဖြစ်လာရခြင်းမှာလည်း ပြီးခဲ့တဲ့နှစ်
၂၀၂၂ခုနှစ်နိုဝင်ဘာလ (၉)ရက်နေ့က ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကနေ အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာ
ညွန်ကြားချက် ထုတ် ပြန်ပြီးနောက်ပိုင်းဖြစ်လာရတယ်လို့လည်းသိရပါတယ်။
‘’
အခုဆိုရင် (၃)လလောက်ရှိသွားပြီအိမ်ခြံမြေအရောင်းအဝယ်ကတော်တော်လေးအေးသွားတာ။ အကျိုး
ဆောင်တော်တော်များလည်းငြိမ်သွားကြတယ်။တချို့ဆိုရင်လုံးဝအဆင်မပြေကြတော့ဘူး။အရင်ကဆိုကျွန်မတို့တွေ
တစ်လကို ၅ပွဲလောက်ဖြစ်တဲ့သူတွေတောင်မှ အခုဆိုရင်တစ်လကိုတစ်ပွဲတောင်မဖြစ်တော့ဘူး၊’’ဟုလည်း
မြောက်ဥက္ကလာအိမ်ခြံမြေအကျိုးဆောင်တစ်ဦးကလည်းဆိုသည်။
ဒါ့အပြင်အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကလည်း‘’ပြီးခဲ့တဲ့နှစ်ပိုင်းလောက်ထဲကအရောင်းအဝယ်လုပ်တာနဲ့ပတ်သက်ပြီးထုတ်ပြန်ချက်တွေထွက်လာတယ်လေ။သက်ဆိုင်ရာတွေကိုအကြာင်းကြားရမယ်ဆိုတာမျိုးတွေထွက်လာတယ်။အဲဒီနောက်ပိုင်းမှာအရောင်းအဝယ်အေးသွားတယ်။ပြီးခဲ့တဲ့နှစ်ကဆိုရင်
ဝါတွင်းကာလတွေ မှာတောင် အရောင်း အဝယ်ဖြစ်တယ်။အဝယ်တွေမကျဘူး။ငွေကြေးခဝါချမှုစာထွက်ပြီးတဲ့နောက်ပိုင်းမှာ
ရောင်းသူဝယ်သူ တွေကအခွန်ရှောင်တာတွေကြောက်ပြီးဝယ်တဲ့သူကလည်းသူရဲ့ငွေကြေးနဲ့သူရှာထားတာနဲ့ဝယ်တာလေ။ဒါပေမယ့်ကြောက်ပြီးအခွန်ရှောင်တိမ်းတာတွေရှိတယ်။အခွန်ရှောင်တယ်ဆိုတာကလည်း
သတ်မှတ်တဲ့ကာလ ပေါက်ဈေးရှိတယ်။ဒါကိုစည်းကမ်းလိုက်နာတဲ့သူကတော့အခွန်ဆောင်တယ်။အမည်ပေါက်ဖောက်တယ်။တချို့ကျတော့လည်းဒီတိုင်းထားပြီးအခွန်ရှောင်တိမ်းတာတွေလုပ်လာတော့ရှုပ်လာတာပေါ့’’ဟုလည်း၎င်းကဆိုသည်။
ယခုအခါ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ငွေကြေးခဝါချမှုနှင့် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဥပဒေအသိပညာပေးသင်တန်းအသိအမှတ်ပြုလက်မှတ်ရရှိမှသာ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။
ရန်ကုန်မြို့တွင်းရှိအိမ်ခြံမြေဈေးကွက်အရောင်းအဝယ်အေးနေ
#myanmarpropertydealer
#မြန်မာအိမ်ခြံမြေသတင်းအတွက်MPD
#yangon
#property
#stayinformed