Home  / News  / News Details

News Details

ရန်ကုန်မြို့တွင်းရှိအိမ်ခြံမြေဈေးကွက်အရောင်းအဝယ်အေးနေ ။

Feb 2, 2023  /

ရန်ကုန်မြို့တွင်းရှိအိမ်ခြံမြေဈေးကွက်အရောင်းအဝယ်အေးနေ ။

ဖေဖော်ဝါရီ (၂)ရက်။

Myanmar Property Dealer

ရန်ကုန်မြို့အတွင်းရှိ အိမ်ခြံမြေဈေးကွက် ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှစတင်ပြီး အရောင်းအဝယ်အေးနေတယ်လို့  သက်ဆိုင်ရာမြို့နယ်အလိုက်အိမ်ခြံမြေအကျိုးဆောင်တွေထံကနေသိရပါတယ်။

အရင်က အရောင်းအဝယ်ဖြစ်နေတဲ့ မြေကွက်၊တိုက်ခန်း၊ကွန်ဒိုတွေလည်း ယခုအခါမှာတော့ အရောင်းအဝယ် တော်တော်လေးနည်းပါသွားတယ်လို့လည်းသိရပြီး ဒီလိုဖြစ်လာရခြင်းမှာလည်း ပြီးခဲ့တဲ့နှစ် ၂၀၂၂ခုနှစ်နိုဝင်ဘာလ (၉)ရက်နေ့က ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကနေ အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာ ညွန်ကြားချက် ထုတ် ပြန်ပြီးနောက်ပိုင်းဖြစ်လာရတယ်လို့လည်းသိရပါတယ်။

‘’ အခုဆိုရင် (၃)လလောက်ရှိသွားပြီအိမ်ခြံမြေအရောင်းအဝယ်ကတော်တော်လေးအေးသွားတာ။ အကျိုး ဆောင်တော်တော်များလည်းငြိမ်သွားကြတယ်။တချို့ဆိုရင်လုံးဝအဆင်မပြေကြတော့ဘူး။အရင်ကဆိုကျွန်မတို့တွေ တစ်လကို ၅ပွဲလောက်ဖြစ်တဲ့သူတွေတောင်မှ အခုဆိုရင်တစ်လကိုတစ်ပွဲတောင်မဖြစ်တော့ဘူး၊’’ဟုလည်း မြောက်ဥက္ကလာအိမ်ခြံမြေအကျိုးဆောင်တစ်ဦးကလည်းဆိုသည်။

ဒါ့အပြင်အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကလည်း‘’ပြီးခဲ့တဲ့နှစ်ပိုင်းလောက်ထဲကအရောင်းအဝယ်လုပ်တာနဲ့ပတ်သက်ပြီးထုတ်ပြန်ချက်တွေထွက်လာတယ်လေ။သက်ဆိုင်ရာတွေကိုအကြာင်းကြားရမယ်ဆိုတာမျိုးတွေထွက်လာတယ်။အဲဒီနောက်ပိုင်းမှာအရောင်းအဝယ်အေးသွားတယ်။ပြီးခဲ့တဲ့နှစ်ကဆိုရင် ဝါတွင်းကာလတွေ မှာတောင် အရောင်း အဝယ်ဖြစ်တယ်။အဝယ်တွေမကျဘူး။ငွေကြေးခဝါချမှုစာထွက်ပြီးတဲ့နောက်ပိုင်းမှာ ရောင်းသူဝယ်သူ တွေကအခွန်ရှောင်တာတွေကြောက်ပြီးဝယ်တဲ့သူကလည်းသူရဲ့ငွေကြေးနဲ့သူရှာထားတာနဲ့ဝယ်တာလေ။ဒါပေမယ့်ကြောက်ပြီးအခွန်ရှောင်တိမ်းတာတွေရှိတယ်။အခွန်ရှောင်တယ်ဆိုတာကလည်း သတ်မှတ်တဲ့ကာလ ပေါက်ဈေးရှိတယ်။ဒါကိုစည်းကမ်းလိုက်နာတဲ့သူကတော့အခွန်ဆောင်တယ်။အမည်ပေါက်ဖောက်တယ်။တချို့ကျတော့လည်းဒီတိုင်းထားပြီးအခွန်ရှောင်တိမ်းတာတွေလုပ်လာတော့ရှုပ်လာတာပေါ့’’ဟုလည်း၎င်းကဆိုသည်။

ယခုအခါ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ငွေကြေးခဝါချမှုနှင့် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဥပဒေအသိပညာပေးသင်တန်းအသိအမှတ်ပြုလက်မှတ်ရရှိမှသာ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။


ရန်ကုန်မြို့တွင်းရှိအိမ်ခြံမြေဈေးကွက်အရောင်းအဝယ်အေးနေ

 #myanmarpropertydealer

#မြန်မာအိမ်ခြံမြေသတင်းအတွက်MPD

 #yangon

#property

#stayinformed