Home  / News  / News Details

News Details

တက္ကသိုလ်ကြီးတစ်ခုဆောက်လုပ်မည့်သတင်းကြောင့် နေပြည်တော်တွင် မြေဈေးတက်

Sep 18, 2022  /

တက္ကသိုလ်ကြီးတစ်ခုဆောက်လုပ်မည့်သတင်းကြောင့် နေပြည်တော်တွင် မြေဈေးတက်
Myanmar Property Dealer
 
နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အိမ်ခြံမြေဈေးကွက် အရင်ကထက် ဝယ်လိုအားများနေသည့် အပြင်ဈေးအဆမတန် တက်နေရခြင်းမှာ ကမ္ဘာ့အဆင့်မှီ တက္ကသိုလ်ကြီးတစ်ခုဆောက်လုပ်မည်ဆိုသည့် သတင်းကြောင့် ဖြစ်သည်ဟုသိရသည်။
 
နိုင်ငံ့ဝန်ထမ်းမိသားစုများရှိ မျိုးဆက်သစ်သားသမီးများ၏ ပညာရေးအဆင့်မြှင့်တင်ရန်အတွက် ရည်ရွယ်ကာ Naypyitaw State Academy (NSA) ကို တည်ဆောက်နေတယ်လို့ သိရပြီး အဆိုပါတက္ကသိုလ် တည်ဆောက်နေခြင်းကြောင့်လည်း အနီးအနားပတ်ဝန်းကျင်ရှိမြို့နယ်များတွင် မြေကွက်များ အဝယ်လိုက်ကာ ရောင်းချရန် မြေကွက်များပင်ရှားပါးလာသည်ဟုလည်း သိရသည်။
 
“ပေါက်ဈေးတွေက အရင်တုန်းက လွန်ခဲ့တဲ့(၂)နှစ်က တစ်ကွက်ကို သိန်း (၂၀) ပေါက်တဲ့နေရာတွေက အခုချိန်မှာကျတော့ တစ်ကွက်ကို သိန်း (၁၅၀ ) ကနေ လမ်းဘေးဆို သိန်း ၂၀၀ သိန်း၁၈၀ လောက်ဖြစ်သွားတယ်။ ဂရံပေါက်တွေပေါ့နော်။ ဂရံမပေါက်တာ‌ တွေကျတော့လည်း ဂရံမတင်ထားရသေးဘူးဆိုရင် မြေကွက်ဈေးက သိန်း (၁၀၀)၊ (၈၀)၊ (၉၀) ပေါ့နော် အဲ့လိုလေးတွေ ရှိပါတယ်ရှင့်။ ပေါက်ဈေးအမြင့်ဆုံးကတော့ ကျွန်မတို့ ဇေယျာသူရသီရိမြို့နယ်မှာ အများဆုံးကတော့ လမ်းဘေးဆိုရင် သိန်း (၁၈၀) လယ်ထဲဆိုရင် သိန်း (၁၂၀)၊ (၁၀၀) အဲ့လိုမျိုးတွေရှိပါတယ်” ဟု နေပြည်တော် အိမ်ခြံမြေဖြစ်သူ အကျိုးဆောင်ဖြစ်သူဒေါ်ဝင်းဝင်းထိုက်ကပြောသည်။
 
လက်ရှိ နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ပျဉ်းမနားမြို့နယ်တွင် စိုက်ပျိုးရေးသိပ္ပံ ကျောင်း၊ ဇမ္ဗသီရိမြို့နယ်တွင် အစိုးရနည်းပညာကောလိပ်တို့ရှိနေတာြဖစ်ပြီး အခု Naypyitaw State Academy (NSA) ကိုထပ်မံ တည်ဆောက်နေခြင်းဖြစ်သည်။