ရန်ကုန်ဈေးကွက်တွင်
အိမ်၊ ခြံ၊ မြေဝယ်ယူရင်းနှီးမြှုပ်နှံသူ
နည်းပါးပြီး ရွှေစုသူများလာနေ
ဧပြီလ(၂၆)ရက်။
Myanmar
Property Dealer
ရန်ကုန်အိမ်၊ခြံ၊မြေဈေးကွက်တွင်
အိမ်ခြံမြေဝယ်ယူရင်းနှီးမြှုပ်နှံသူ
နည်းပါးနေပြီး ရွှေစုသူများလာတယ်လို့ ဈေးကွက်အတွင်းမှ
စုံစမ်းသိရှိရသည်။
" လက်ရှိမှာက
အိမ်ခြံမြေကိုဝယ်တာထက်
ရွှေစုသူပိုများလာတယ်။
ရွှေဈေး၊ငွေဈေးတတ်လို့
အိမ်ခြံမြေကိုပိုပြီးရင်းနှီးမြှုပ်နှံမယ်ထင်ထားတာ။
အခုမဟုတ်တော့ဘူး။ အခုပွဲစားတွေကိုမေးလိုက်ရင်
အရောင်းအဝယ်ကောင်းလားဆို
မကောင်းဘူး။ အငှားဈေးကွက်ကတော့ တော်တော်ဖြစ်တယ်။ ဈေးကလည်းမြောက်တယ်" ဟုအိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။
လက်ရှိအခြေအနေအရ
အိမ်၊ခြံ၊မြေ အရောင်းအဝယ်နှင့်ပတ်သက်၍ ခန့်မှန်းရန်စောနေသေးပြီး မြေပြင်အခြေအနေတွင် ဈေးကွက်တည်ငြိမ်နေပြီး အရောင်းအဝယ်အေးနေကြောင်း၊ ဒါ့အပြင် ခေါ်ဈေးနှင့်ပေးဈေးကွာဟနေတဲ့
အနေအထားဖြစ်နေတယ်လို့လည်းသိရပါတယ်။
‘’အငှားဈေးကွက်ထဲမှာ
လုံးချင်း၊ တိုက်ခန်း၊ ကွန်ဒိုအငှားဈေးကွက်ပိုဖြစ်နေကြတယ်။
" ဥပမာ တိုက်ခန်းတစ်ခုဝယ်ပြီးရင် ရောင်းဖို့ကကြာတယ်။ အဲဒီတော့ ဘယ်သူမှသိပ်မရင်းနှီးကြတော့ဘူး။
ဝယ်ပြီးပြန်ငှားထားကြတာများတယ်"ဟုလည်း ၎င်းကဆက်လက်ပြောပြတာပါ။
လက်ရှိအိမ်၊ခြံ၊မြေဈေးကွက်တစ်ခုလုံးတွင်
လုံးချင်းအိမ်ထက် မြေကွက်များကအရောင်းအဝယ်ပိုဖြစ်နေ
တယ်လို့လည်းသိရှိရပါတယ်။
(သဲသဲ)