Home  / News  / News Details

News Details

မြန်မာ့အိမ်ခြံမြေက‌ဏ္ဍတွင် ပြည်တွင်း /ပြည်ပ ရင်းနှီးမြှုပ်နှံမှုမှ ဒေါ်လာသန်း (၇၈၀၀) ကျော်ရရှိထား

Apr 8, 2024  /

မြန်မာ့အိမ်ခြံမြေက‌ဏ္ဍတွင် ပြည်တွင်း /ပြည်ပ ရင်းနှီးမြှုပ်နှံမှုမှ ဒေါ်လာသန်း (၇၈၀၀) ကျော်ရရှိထား
ဧပြီ (၈ )ရက်
Myanmar Property Dealer
မြန်မာနိုင်ငံ အိမ်ခြံမြေကဏ္ဍတွင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုမှ ဒေါ်လာသန်း (၇၈၀၀) ကျော်ရရှိထားတယ်လို့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှထုတ်ပြန်ထားတဲ့အချက်အလက်များအရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများတွင် အိမ်ခြံမြေလုပ်ငန်း၌ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း (၉၃) ခုမှ‌ ဒေါ်လာသန်း (၁၂၀၀) ကျော်၊ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပေါင်း (၆၇) ခုမှ ဒေါ်လာသန်းပေါင်း (၆၆၀၀) ကျော်အထိ ရောက်ရှိလာကြောင်း သိရပါတယ်။
" မြန်မာပြည်မှာက ငွေဈေးပဲဖြစ်ဖြစ်၊ ရွှေဈေးပဲဖြစ်ဖြစ်မငြိမ်တာများတယ်။ အဲဒီတော့ အိမ်ခြံမြေဘက်ကိုပဲလှည့်ပြီး ရင်းနှီးမြှုပ်နှံလာကြတာတွေ့ရတယ်။ သူကသေချာတယ်လေ"ဟု အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။
မြန်မာတစ်နိုင်ငံလုံး အိမ်ခြံမြေကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ (၇) ရာခိုင်နှုန်းရှိပြီး နိုင်ငံသားရင်းနှီးမြှုပ်နှံမှုသည် (၂၁) ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။
ဒါ့အပြင် ယခုနှစ်တွင်လည်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများထက် အိမ်ခြံမြေလုပ်ငန်းများတွင် ပြည်တွင်းလုပ်ငန်းရှင်အများစု ရင်းနှီးမြှုပ်နှံမှုပိုများ‌နေကြောင်း၊အိမ်ခြံမြေလုပ်ငန်းတွင် (MIC) ပါမစ်ဖြင့်လုပ်ကိုင်သောလုပ်ငန်းအများစုမှာ မြို့ပြအိမ်ရာသစ်များ အကောင်အထည်ဖော်ခြင်း၊ အထပ်မြင့်ကွန်ဒိုဆောက်လုပ်ခြင်းနှင့် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ခြင်းများပါဝင်နေတယ်လို့လည်းသိရှိရပါတယ်။
(သဲသဲ)