ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်ထားတဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အောင်မြင့်မိုရ်အိမ်ရာ နှင့် သန်လျင် ၊ကျောက်တန်းမြို့နယ် သီလဝါအိမ်ရာ စီမံကိန်းအတွင်းမှာဆောက်လုပ်ထားရှိတဲ့ တန်ဖိုးနည်း တန်ဖိုးသင့် အိမ်ရာအခန်းပေါင်း (၂၀၄)ခန်းကို ရောင်းချမယ်လို့ သိရှိရပါတယ်။
မြေအမည်ပေါက်ဖြစ်သူထံမှ မြေကိုအဆင့်ဆင့်ဝယ်ယူထားခဲ့ကြပြီး မိမိတို့အမည်ပြောင်းခြင်းမပြုပဲ ကိုယ်စားလှယ်လွှဲစာပါဝါ (SP/GP) ယူထားပြီးနေခြင်းမှာ အမည်ပြောင်းလျှင် အခွန်ပေးဆောင်ရမည် ဖြစ်သော ကြောင့် ဖြစ်ပါသည်။
ထိုသို့ ဆောင်ရွက်လိုခြင်း မရှိသည့်အတွက် ပါဝါကိုင်၍ အခွန်ရှောင်နေကြခြင်းဖြစ်သည်။ မြေအမည်ပေါက် ကွယ်လွန်လျှင် ကိုယ်စားလှယ်ပါဝါ အလိုအလျောက်ပျက်ပြယ်ပါပြီ။ မြေအမည်ပေါက် ကွယ်လွန်သွားသဖြင့် ၎င်းအမည်ပေါက်က လွှဲအပ်ထားသော ပါဝါ အသုံးမပြုလိုက်ရခင်ကို ပျက်ပြယ်သွားပြီဖြစ်သည့်အတွက် နောက်ဆုံးဝယ်ယူထားသူအတွက် ရှေ့ဆက်အစီအစဉ်အဖြစ် အမည်ပြောင်းခြင်း လုပ်ငန်းရပ်တန့် သွားပြီဖြစ်ပါတယ်။ဝယ်သူအမည်ပြောင်းနိုင်ဖို့ရာ ဥပဒေနှင့်ညီသော အခြားနည်းလမ်းများရှာဖွေရပါပြီ။
မြေအရောင်းအဝယ်စာချုပ်တစ်ခုကို ဥပဒေနဲ့အညီ ဘယ်လိုစာချုပ်ချုပ်ဆိုကြမလဲ။ပိုင်ဆိုင်မှုခိုင်မာအောင် စာချုပ်စာတမ်းတွေဘယ်လိုမှတ်ပုံတင်ကြမလဲ၊ကိုယ့်အမည်ပေါက်ဖြစ်အောင်လုပ်ကြမလဲ၊ကျွန်တော်တို့ပိုင်ဆိုင်တဲ့ ငွေကြေးဓနဥစ္စာတွေနဲ့မြေကွက်တွေဝယ်တော့မယ်ဆိုရင် အရောင်းမှားအဝယ်မှားမဖြစ်အောင်ရယ် ၊ပိုင်ဆိုင်မှုကို ခိုင်မာသထက်ခိုင်မာအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ သိပ်အရေးကြီးပါတယ် ။
နောက်ကျောဓားနဲ့ထိုးခံရတယ်၊ ယုံမိလို့ ဆုံးရှုံးကုန်တယ်နှုတ်ကတိပဲပေးမိပြီး ပြဿနာတက်တော့ ကတိမေပးဖူးပါဘူးလို့ ဗြောင်လိမ်ဗြောင်စားလုပ်တာခံရဖူးတယ်ဆိုရင်တော့ မဖြစ်ခင်က ကြိုတင်ကာကွယ်ထားနိုင်ဖို့ အရေးကြီးမှန်းသိလောက်ပါပြီ။
ထင်းရှုးမြို့တော်ဟု တင်စားခံထားရသည့် ကလောမြို့၏ အထင်ကရ ဟိုတယ် တစ်ခုဖြစ်ပြီး ရှုခင်းအလှဆုံး View Point တစ်ခု ဖြစ်သည့် Hill Top Villa Hotel (တောင်ပေါ်ရှုခင်းသာဟိုတယ်) ကို ပြန်လည် ရောင်းချတော့မည် ဖြစ်ကြောင်း သိရသည်။
နိင်ငံတကာကုန်သွယ်မှုအတွက် ရန်ကုန်မြို့ရဲ့အချက်အချာနေရာဖြစ်တဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ပဲခူးမြစ်လမ်းနှင့် ရတနာလမ်းထောင့်မှာရှိတဲ့ Samanea Yangon Market မှာဆိုင်ခန်းများကို အထူးဈေးနှုန်းဖြင့် ၁ မီတာစကွဲယား ကို ၂ ဒေါ်လာနှုန်းဖြင့်ငှားရမ်းပေးနေတယ်လို့သိရပါတယ်။
အဆိုပါဆိုင်ခန်းများကိုငှားရမ်းလိုပါက တစ်နှစ်စာချုပ်ချုပ်ဆိုရမှာဖြစ်ပြီး၊စပေါ်သဘောဖြင့် ၅သိန်းကိုတင်ထားရမှာဖြစ်ပြီး၊တစ်နှစ်အတွင်းဆိုင်ခန်းပြန်လည်အပ်နှံပါကစပေါ်၅သိန်းဆုံးရှုံးမှာဖြစ်ပြီး၊တစ်နှစ်ကျော်မှဆိုင်ခန်းပြန်လည်အပ်နှံချင်ပါက စပေါ်ငွေ၅သိန်းကိုပြန်လည်ပေးမှာဖြစ်တယ်လို့လည်းသိရပါတယ်။
မြန်မာနိင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းမှကြီးမှူးပြီးရန်ကုန်တိုင်းဒေသကြီး၊အိမ်ခြံမြေဝန်ဆောင်မှုအသင်းရဲ့ကြီးကြပ်မှုဖြင့် ၂၀၂၃-၂၀၂၆ ခုနှစ်အတွက် သန်လျင်မြို့နယ်အသင်းဥက္ကဌနှင့်အမှုဆောင်ကော်မတီဝင်များ ရွေးချယ် တင်မြောက်ပွဲကို ယမန်နေ့(ဒီဇင်ဘာလ)၂၉ရက်နေ့ ၊နေ့လည်၁နာရီမှ၃နာရီအထိ သန်လျင်မြို့နယ် ကျိုက်ခေါက်ဘုရားလမ်း၊ မှာရှိတဲ့ The Grand Central မင်္ဂလာခန်းမမှာကျင်းပခဲ့ပါတယ်။
ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် ၂၀၂၂ ခုနှစ် ပထမ ၉ လအတွင်း ဘတ် ၃၆.၉၉ဘီလျံ တန်ဖိုးရှိတဲ့ ကွန်ဒို အလုံးရေ ၇၂၉၀ ကျော်ကို နိုင်ငံခြားသားများထံ လွှဲပြောင်းပေးခဲ့ပြီး အရင်နှစ်ကာလကတွေထက် ၁၉ ရာခိုင်နှုန်း (ယူနစ်) ၂၄.၃ ရာခိုင်နှုန်း (တန်ဖိုး) မြင့်တက်လာခဲ့တယ်လို့ အိမ်ခြံမြေ သတင်းအချက်အလက်စင်တာ (REIC) က သတင်းထုတ်ပြန်ထားရှိတယ်လို့ Thai Enquirer ကဖော်ပြထားရှိပါတယ်။
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတဝန်းရှိ ကျူးကျော်နေအိမ်များကိုအကြောင်းအမျိုးမျိုးကြောင့် သက်ဆိုင်ရာ ကနေ နို့တစ်စာပေးပို့ပြီးဖျက်ခိုင်းနေတဲ့စာတွေ၊ဖျက်သိမ်းနေတဲ့ပုံရိပ်တွေကိုလူမှုကွန်ရက်ပေါ်မှာ ဝမ်းနည်းစွာ တွေ့ မြင်နေရပါတယ်။
အထူးသဖြင့် ရန်ကုန်၊မန္တလေးနှင့်ပြင်ဦးလွင်တို့လိုမြို့ကြီးပြကြီးတွေမှာ တွေ့မြင်နေရတာဖြစ်ပါတယ်။ ဖျက်သိမ်းခံလိုက်ရတဲ့အိမ်တော်တော်များကလည်း အိမ်ကြီးအိမ်ကောင်းတွေဖြစ်နေပြီး၊ သစ်တောမြေအတွင်း အိမ်ဆောက်နေထိုင်ခြင်း၊ တပ်ပိုင်နယ်မြေအတွင်း အိမ်ဆောက်နေထိုင်ခြင်းနှင့် အများဆုံးဖျက်သိမ်းခံရတဲ့ နေအိမ်များက လယ်မြေပေါ်တွင်အကွက်ရိုက် အိမ်ဆောက်နေ ထိုင်ခြင်းများကြောင့်ဖြစ်တာ ကိုတွေ့ ရှိရပါတယ်။