Home  / News

သတင်းများ

blog image

တောင်ကြီးမြို့ မြို့ရှောင်လမ်းဘေးတွင် ၁၉ဧကအကျယ်ရှိကုန်တင်ယာဉ်ရပ်နားစခန်း စီမံကိန်း ဆောင်ရွက်နေ

Feb 21, 2026  /

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ မြို့ရှောင်လမ်းဘေးတွင်၁၉ ဧကအကျယ်အဝန်းရှိမြေနေရာပေါ်တွင် ကုန်တင်ယာဉ်များ စနစ်တကျ ရပ်နားနိုင်ရေးနှင့် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရေးကို ရည်ရွယ်ပြီး ကုန်တင်ယာဉ်ရပ်နားစခန်း စီမံကိန်း အား ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။

blog image

တရုတ်နိုင်ငံ၏ အကူအညီဖြင့် အောင်ဆန်းကွင်းကိုပြုပြင်မည်

Feb 21, 2026  /

တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အကူအညီဖြင့် အောင်ဆန်းကွင်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နှစ်နိုင်ငံ သဘောတူ လက်မှတ် ရေးထိုးပြီးဖြစ်တယ်လို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန မှ သိရပါတယ်။

blog image

သုခဒဂုံ ပြည့်သူ့အငှားအိမ်ရာ စီမံကိန်း တိုက်သစ် ၅ လုံး ပြီးစီး၊ မဲနှိုက်ငှားရမ်းမှု မကြာမီ စတင်မည်

Feb 19, 2026  /

တောင်ဒဂုံမြို့နယ်အတွင်းရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းမှ ထပ်မံဆောက်လုပ်ပြီးစီးသွားတဲ့ အဆောက်အဦ ၅ လုံးတွင် လျှောက်ထားကြတဲ့ ပြည်သူများအား မကြာမီ မဲနှိုက်စနစ်ဖြင့် ရွေးချယ်ကာ ငှားရမ်းပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

blog image

၂၀၂၆ ခုနှစ် အာဆီယံ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွား လုပ်ငန်းဆု ရရှိခဲ့တဲ့ ကလောမြို့

Jan 30, 2026  /

ရှမ်းပြည်နယ်တောင်ပိုင်းမှာတည်ရှိတဲ့ ကလောမြို့ဟာ ASEAN Sustainable Tourism Award 2026 ကို ရရှိခဲ့တာဖြစ်ပြီး ပင်းတယမြို့ကတော့ အာဆီယံသန့်ရှင်းသောခရီးသွားမြို့တော်ဆုကိုရရှိခဲ့တာ ဖြစ်တယ်လို့သိရ ပါတယ်။

blog image

အိမ်ရာအဆောက်အအုံတည်ဆောက်ခြင်းအပါအဝင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၂၀ ခုခွင့်ပြု

Jan 28, 2026  /

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၆) ကြိမ်မြောက်အစည်းအဝေးကနေ ပြည်တွင်းတွင် အမေရိကန်ဒေါ်လာ (၆၂ ဒသမ ၉၁၁) သန်းတန်ဖိုးရှိ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းအသစ် (၂၀)ခု ခွင့်ပြုပေးလိုက်တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရပါတယ်။

blog image

နယူးယောက်မြို့ရဲ့ ဒေါ်လာ ၄၀ ဘီလီယံတန်တိုးချဲ့စီမံကိန်း

Jan 23, 2026  /

ကမ္ဘာ့ကုန်သွယ်ရေးဗဟိုချက်ဖြစ်ပြီး ကွန်ကရစ်သစ်တောကြီးလို့လူသိများတဲ့ နယူးယောက်မြို့ဟာ ကန်‌ဒေါ်လာ ၄၀ ဘီလီယံတန်တိုးချဲစီမံကိန်းနဲ့အတူမြို့တော်မြေပုံကိုပြောင်းလဲဖို့ပြင်ဆင်နေတာပဲဖြစ်ပါတယ်။

လူဦးရေ ၈ သန်းခွဲအထိနေထိုင်လျှက်ရှိတဲ့နယူးယောက်မြို့ဟာ လူနေမှုသိပ်သည်းပြီးနေထိုင်ရေးအခက်အခဲများ တဆတဆမြင့်တက်လာတာကြောင့်သက်ဆိုင်ရာအာဏာပိုင်များမှမြို့နယ်တိုးချဲ့ရေးစီမံကိန်ကိုအာရုံစိုက်လာကြတာပဲဖြစ်ပါတယ်။

blog image

ရွှေဈေးမြင့်တက်မှုနှင့်အတူ အိမ်ခြံမြေဈေးနှုန်းပါ မြင့်တက်နေ

Jan 22, 2026  /

 ရွှေဈေးသိန်း ၁၀၀ ကျော်အထိမြင့်တက်နေချိန် အိမ်ခြံမြေဈေးနှုန်းကလည်း ဈေးမြင့်တက်နေတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်သူများထံမှ သိရပါတယ်။

ရွှေထက် မြေသီးသန့်ဝယ်ယူလိုသူများပြားလာပြီး အရှေ့ဒဂုံ၊မြောက်ဒဂုံ၊ တောင်ဒဂုံနှင့် ဒဂုံဆိပ်ကမ်းတို့တွင် အရောင်းအဝယ်ပိုဖြစ်နေတယ်လို့သိရပါတယ်။

blog image

အဆင့်မြင့်မင်္ဂလာဈေးသစ်ကြီးက ဆိုင်ခန်းများကို ဘဏ်ချိတ်စနစ်ဖြင့် ဝယ်ယူနိုင်

Jan 19, 2026  /

 ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဆောက်လုပ်နေတဲ့ အဆင့်မြင့်မင်္ဂလာဈေးသစ်ကြီးရှိ ဆိုင်ခန်းများကို ဘဏ်ချိတ်စနစ်ဖြင့် ဝယ်ယူနိုင်တယ်လို့  Sun Myat Tun Construction ကုမ္ပဏီလီမိတက်မှ စုံစမ်းသိရှိရပါတယ်။

blog image

မန်းရွှေစက်တော်ဘုရားပွဲတွင်တည်းခိုဆောင်အခန်းပေါင်း ၅၀၀ ကျော်နှင့် ဈေးဆိုင်ခန်းပေါင်း ၇၀၀ ကျော်ကို ဆောက်လုပ်နေ

Jan 19, 2026  /

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်မှာရှိတဲ့  မန်းရွှေစက်တော်တွင် တည်းခိုဆောင်အခန်းပေါင်း ၅၁၉ ခန်းနှင့် ဈေးဆိုင်ခန်းပေါင်း ၇၇၉ ခန်းကို ဆောက်လုပ်နေပြီဖြစ်တယ်လို့ မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေး ဦးစီးကော်မတီထံမှ သိရပါတယ်။

blog image

ဒေါ်လာ၁၂.၅ဘီလီယံတန်လေဆိပ်နဲ့အတူအာဖရိကရဲ့ထိပ်တန်းလေကြောင်းပို့ဆောင်ရေး တံခါးပေါက်ဖြစ်လာမဲ့ အီသီယိုးပီးယားနိုင်ငံ

Jan 16, 2026  /

အီသီယိုးပီးယား နိုင်ငံပိုင်လေကြောင်းလိုင်းသည် ၂၀၃၀ ပြည့်နှစ်အကုန်တွင် အာဖရိကရဲ့ အကြီးဆုံးလေဆိပ်ဖြစ်လာမယ့် ဒေါ်လာ ၁၂.၅ ဘီလီယံတန် တည်ဆောက်ရေးစီမံကိန်းကို အီသီယိုးပီးယားနိုင်ငံဘစ်ရှော့တူ(Bishoftu)မြို့မှာတရားဝင်စတင်လိုက်ပြီဖြစ်တယ်လို့အီသီယိုးပီးယားဝန်ကြီးချုပ်ကဖွင့်ပွဲအခမ်းအနားတွင်ပြောကြားခဲ့တာပဲဖြစ်ပါတယ်။