Home  / News

သတင်းများ

blog image

သန်လျင်အမှတ်(၃)တံတားတည်ဆောက်နေမှု (၇၆%)ပြီးစီးနေ

Apr 29, 2023  /

ရန်ကုန် သာကေတမြို့နယ် နဲ့ သံလျင် သီလဝါ(အထူးစီးပွားရေးဇုန်)တို့ကို လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်စေဖို့အတွက် တည်ဆောက်နေတဲ့ ပဲခူးမြစ်ကူး ရန်ကုန်-သန်လျင်  အမှတ်(၃) တံတားတည်ဆောက်နေမှုလုပ်ငန်းစဉ်များအခုခါမှာဆိုရင် ၇၆%ပြီးစီးနေပြီးဖြစ်တယ်လို့သိရပါတယ်။

blog image

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန မှ တန်ဖိုးနည်း တန်ဖိုးသင့် တိုက်ခန်းအရောင်းဈေးနှုန်းများပြင်ဆင်တိုးမြှင့်သတ်မှတ်

Apr 27, 2023  /

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်ထားတဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အောင်မြင့်မိုရ်အိမ်ရာ နဲ့ သန်လျင် ၊ကျောက်တန်းမြို့နယ် သီလဝါအိမ်ရာ စီမံကိန်းအတွင်းမှာဆောက်လုပ်ထားရှိတဲ့  တန်ဖိုးနည်း တန်ဖိုးသင့် တိုက်ခန်းအရောင်းဈေးနှုန်းများ ပြင်ဆင်တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ (ဒီကနေ့  ) ဧပြီလ(၂၇)ရက်နေ့မှာလည်းကောင်းတို့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာကြေညာထားရှိတာပါ။

blog image

ရန်ကုန်မြို့တွင်း မြို့နယ်တချို့ရှိ စက်မှုဇုန်ဈေးကွက်အခြေနေ အရောင်းအဝယ်အေးနေတယ်လို့သိရ 

Apr 22, 2023  /

 

ရန်ကုန်မြို့အတွင်းစက်မှုဇုန်ဈေးကွက်အခြေနေမှာလတ်တလောကာလအတွင်းအရောင်းအဝယ်ရပ်ဆိုင်းနေတယ်လို့ စက်မှုဇုန်များရောင်း၊ဝယ်၊ငှားဝန်ဆောင်မှုပေးနေတဲ့အကျိုးဆောင်များထံမှသိရှိရတာပါ။

 

 

 

 

 

 

 

blog image

မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာ တစ်လငှားရမ်းခအနိမ့်ဆုံး ကျပ် ၃၃,၀၀၀ ဖြင့်ငှားရမ်းနိုင်တော့မှာဖြစ်တယ်လို့သိရ။

Apr 21, 2023  /

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်အနီး ရှင်တော်ကုန်းကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ မင်္ဂလာရန်ကင်းပြည်သူ့အငှားအိမ်ရာစီမံကိန်း တည်ဆောက်မှုမှာယခုအခါပြီးစီးပြီဖြစ်တာကြောင့် ငှားရမ်းနေထိုင်လိုသူများအနေဖြင့် ဧပြီ ၁၈ မှစတင်၍ လျှောက်လွှာများ ဝယ်ယူနိုင်ပြီဖြစ်တယ်လို့နိုင်ငံပိုင်သတင်း စာများဖော်ပြချက်အရသိရပါတယ်။

 

 

 

 

 

 

blog image

“ရန်ကုန်မြို့ရဲ့ ၈၀%လောက်က အိမ်ငှားတွေပါ။ ၂၀%လောက်ဘဲ အိမ်ပိုင်ပါတယ်။ အဲ့ဒါကြောင့်မို့ ရန်ကုန်တိုင်းအတွင်းမှာအိမ်ရာလိုအပ်ချက်ကတော့ အမြဲတမ်းရှိနေမှာပါ  ”

Apr 6, 2023  /

“ရန်ကုန်မြို့ရဲ့ ၈၀%လောက်က အိမ်ငှားတွေပါ။ ၂၀%လောက်ဘဲ အိမ်ပိုင်ပါတယ်။ အဲ့ဒါကြောင့်မို့ ရန်ကုန်တိုင်းအတွင်းမှာအိမ်ရာလိုအပ်ချက်ကတော့ အမြဲတမ်းရှိနေမှာပါ  ”

အိမ်ခြံမြေလောကမှာ ဆယ်စုနှစ်တစ်ခုကြာလုပ်ကိုင်နေတဲ့ဝါရင့်အိမ်ခြံမြေအကျိုးဆောင်တစ်ဦးလည်းဖြစ်ပြီး၊မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (ရန်ကုန်တိုင်း)အတွင်းရေးမှူးတာဝန်ယူထားတဲ့ ဦးမျိုးမြင့်အောင်ကို ၂၀၂၃ခုနှစ်အတွင်းအိမ်ခြံမြေ အရောင်းအဝယ် အခြေအနေ၊ ဈေးကွက်အခြေအနေတို့နဲ့ ပါတ်သက်ပြီး Myanmar Property Dealer က တွေ့ဆုံမေးမြန်းထားပါတယ်။

 

blog image

ဒလမြို့နယ်အတွင်းဂျာမဏီနိုင်ငံမှလှူဒါန်းထားတဲ့ရေသန့်စက်ကြီးများဖြင့်ရေသန့်စက်ရုံတည်ဆောက်နေပြီဖြစ်တယ်လို့သိရ

Apr 6, 2023  /

နှစ်စဉ်ရေရှားပါးမှုပြဿနာများနှင့်အတူ ဒလ မြို့ပေါ်ရပ်ကွက်တွင် ရေကန် ၁၂၄ ကန်၊ ကျေးရွာများအတွင်း ရေကန် ၂၀၅ ကန် ကိုသာ အဓိကအားထားနေရတဲ့ ဒလမြို့နယ်အတွင်းမှာယခုအခါရေသန့်စက်ရုံကြီးများတည်ဆောက်နေပြီဖြစ်တယ်လို့သိရပါတယ်။

blog image

အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်း၊ ဒဂုံ-ဧရာပွဲရုံနှင့် အဝေးပြေးယာဉ်ရပ်နားစခန်း ရှိဆိုင်ခန်းများ တင်ဒါစနစ်ဖြင့် ငှားရမ်းမည်

Apr 5, 2023  /

အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်း၊ ဒဂုံ-ဧရာပွဲရုံနှင့် အဝေးပြေးယာဉ်ရပ်နားစခန်း ရှိဆိုင်ခန်းများ တင်ဒါစနစ်ဖြင့် ငှားရမ်းမည်

ဧပြီလ (၅)ရက်။

Myanmar Property Dealer

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) ကြီးကြပ်မှုအောက် မှာရှိတဲ့အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းဝန်းအတွင်းရှိ  ဒနင်းရိုးချောင်းပတ်လမ်း ကားရေဆေးဝင်းရှိ မြေနေရာ(၁၀)ခုနဲ့ ဒဂုံ-ဧရာပွဲရုံနှင့် အဝေးပြေးယာဉ်ရပ်နားစခန်းအတွင်းရှိ ဆိုင်ခန်း(၆)ခန်းတို့အား (၁)နှစ်နဲ့ (၁၁)လ ငှားရမ်းခြင်းကို တင်ဒါစနစ်ဖြင့် ငှားရမ်းမှာဖြစ်တယ်လို့သိရပါတယ်။

 

 

 

 

blog image

ဆောက်လုပ်ရေးဝန်ကြီးဌာနမှကုမ္ပဏီများကန်ထရိုက်မှတ်ပုံတင်လက်မှတ်အသစ် ပြောင်းလဲထုတ်ပေးမည်

Apr 3, 2023  /

ဆောက်လုပ်ရေးဝန်ကြီးဌာနမှကုမ္ပဏီများကန်ထရိုက်မှတ်ပုံတင်လက်မှတ်အသစ် ပြောင်းလဲထုတ်ပေးမည်

ဧပြီလ(၃)ရက်။

Myanmar Property Dealer

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကုမ္ပဏီများကန်ထရိုက်မှတ်ပုံတင်ရေးလုပ်ငန်းကော်မတီ ကနေကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်လိုတဲ့ ကုမ္ပဏီများကို အရည်အသွေးပိုမိုကောင်းမွန်ပြီးလုံခြုံစိတ်ချမှုရှိတဲ့ ‘’ကန်ထရိုက်မှတ်ပုံတင်ကတ်အသစ်များ’’ ဧပြီလ (၁)ရက်နေ့မှစတင်ပြောင်းလဲထုတ်ပေးနေပြီဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ကုမ္ပဏီများကန်ထရိုက်မှတ်ပုံတင်ရေးလုပ်ငန်းကော်မတီမှသိရပါတယ်။

 

 

 

blog image

ပြည်တွင်းအိမ်ခြံမြေဥပ‌ဒေအားနည်းချက်ကိုအခွင့်ကောင်းယူပြီးကိုရီးယား၊တရုတ်လူမျိုးများအကျိုးဆောင်ဝင်လုပ်နေကြဟုသိရ

Mar 31, 2023  /

ပြည်တွင်းအိမ်ခြံမြေဥပ‌ဒေအားနည်းချက်ကိုအခွင့်ကောင်းယူပြီးကိုရီးယား၊တရုတ်လူမျိုးများအကျိုးဆောင်ဝင်လုပ်နေကြဟုသိရ

မတ်လ (၃၁)ရက်။

Myanmar Property Dealer

 ပြည်တွင်းမှာရှိတဲ့အိမ်ခြံမြေအကျိုးဆောင်ဝန်ဆောင်မှုများနှင့်ပတ်သက်ပြီးတိကျခိုင်မာတဲ့ အိမ်ခြံမြေဥပဒေများထွက်ရှိလာ ခြင်းမရှိတဲ့အတွက် နိုင်ငံခြားသားတရုတ်၊ကိုရီးယားနှင့်ဂျပန်လူမျိုး တချို့အိမ်ခြံ မြေအကျိုးဆောင် လုပ်ငန်းတွေ မှာဝင်ရောက်လုပ်ကိုင်နေတယ်လို့သိရပါတယ်။

အထူးသဖြင့် လှိုင်သာယာမြို့နယ်အတွင်းမှာဆိုရင် တရုတ်လူမျိုးအကျိုးဆောင်များပြားနေပြီး၊မရမ်းကုန်းမြို့နယ် အတွင်းရှိကိုးမိုင်ဝန်းကျင်မှာလည်းကိုရီးယားလူမျိုးတချို့အိမ်၊ခြံ၊မြေ၊တိုက်ခန်း၊ ကွန်ဒိုလုပ်ငန်းတွေမှာဝင်ရောက်လုပ်ကိုင်နေကြတယ်လို့သိရတာပါ။

 

blog image

ရန်ကုန်တိုင်းအတွင်း ကွန်ဒို၊တိုက်ခန်းလိုအပ်ချက်များဆက်လက်မြင့်တက်နေဆဲဟုသိရ

Mar 22, 2023  /

ရန်ကုန်တိုင်းအတွင်း လူဦးရေ (၇)သန်းကျော်ရှိနေပြီး အနယ်နယ်အရပ်ရပ်မှရွေ့ပြောင်းလုပ်ကိုင်သူများဝင်ရောက်နေထိုင်ခြင်း၊လူဦးရေထူထပ်များပြားလာခြင်းကြောင့်လက်ရှိဆောက်လက်စနဲ့ ဆောက်လုပ်ပြီး ကွန်ဒို ၊တိုက်ခန်းများ အနေဖြင့်လုံလောက်မှုမရှိပဲ လူနေအဆောက်အအုံလိုအပ်မှုများစွာရှိနေသေးတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှသိရပါတယ်။