Home  / News

သတင်းများ

blog image

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် ပြန်လည်ရောင်းချမည်ဟုသတင်းများထွက်ပေါ်

Oct 28, 2024  /

ရန်ကုန်မြို့၊ ကန်တော်ကြီးကန်ပတ်လမ်းမှာရှိတဲ့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်  ကို ပြန်လည်ရောင်းချဖို့အတွက် ဈေးကွက်ထဲမှာ အရောင်းတင်ထားတယ်လို့သိရပါတယ်။

blog image

ရန်ကုန်တိုင်းအတွင်း ပုဂ္ဂလိက ထရန်စဖော်မာများ တပ်ဆင်တည်ဆောက်ရာတွင် ဌာနမှ သတ်မှတ်ကြေးများအပြင်အပိုကုန်စရိတ်များရှိနေ

Oct 26, 2024  /

ရန်ကုန်တိုင်းအတွင်းရှိ လုပ်ငန်းရှင်များမှ ပုဂ္ဂလိက ထရန်စဖော်မာများ 315 KVAအထက်တပ်ဆင်အသုံးပြုရာတွင် ဌာနကိုငွေသွင်းရတဲ့သတ်မှတ်ကြေးများအပြင် အပိုကုန်ကျစရိတ်များစွာရှိနေတယ်လို့သိရပါတယ်။

blog image

ဘတ် ၁.၈ ဘီလီယံဖြင့် ရောင်းချမယ့် ထိုင်းနိုင်ငံက ကော့ခမ်းကျွန်း

Oct 26, 2024  /

 

မကြာသေးခင်ရက်ပိုင်းအတွင်းက ထိုင်းနိုင်ငံ အရှေ့ပိုင်း Trat(ထရတ် ပြည်နယ်မှာတည်ရှိတဲ့ ဆောက်လက်စအပန်းဖြေအိမ်များပါ၀င်တဲ့  Koh Kham(ကော့ခမ်း) ကျွန်းရဲ့ တစ်စိတ်တစ်ပိုင်းကို ဘတ် ၁.၈ ဘီလီယံဖြင့် ရောင်းချရန်  Facebook မှာ ကြော်ငြာလိုက်တာကြောင့် ခေါင်းကြီးပိုင်းသတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။

 ဒီပုဂ္ဂလိကပိုင်ကျွန်းဟာ Trat(ထရတ်)  ပြည်နယ်မှာ အလှပဆုံးကျွန်းဖြစ်ကြောင်းနှင့် အပန်းဖြေအိမ်များရှိကြောင်း ဖေ့စ်ဘုတ်အသုံးပြုသူ Apassara Sonsab(အပ်ပါစာရာ စမ်းစပ်) ဆိုသူကရေးသားခဲ့တာဖြစ်ပါတယ်။

blog image

သုခဒဂုံပြည်သူ့အငှါးအိမ်ရာအတွင်းစည်းကမ်းပျက်၍ သိမ်းဆည်းထားတဲ့အခန်းများနှင့်အကြောင်း အမျိုးမျိုးကြောင့် လစ်လပ်အခန်းများကို မဲစနစ်ဖြင့် ပြန်လည်ရွေးချယ်သွားမည်

Oct 26, 2024  /

သုခ ဒဂုံ ပြည်သူ့အငှါး အိမ်ရာအတွင်း စုစုပေါင်း တိုက်(၁၉၄) လုံးပါဝင်ပြီး ပြီးစီးမှုအလိုက် အခန်းများကို ငှါးရမ်းခွင့် ပြုလျက်ရှိရာ အဆိုပါတိုက်များထဲမှ ပြီးစီးပြီး တိုက် ၄၃ လုံး ၊ စည်းကမ်းပျက်သဖြင့် သိမ်းဆည်းထားတဲ့ အခန်းများနှင့်အကြောင်း အမျိုးမျိုးကြောင့် လစ်လပ်အခန်းများကို မဲစနစ်ဖြင့် ပြန်လည် ရွေးချယ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

blog image

ခြံအမှတ် (၅၄) နေအိမ် ဈေးထပ်လျှော့ကာ လေလံတင်နိုင်ရန် ဦးအောင်ဆန်းဦးဘက်က တင်ပြ

Oct 24, 2024  /

 ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့  ခြံအမှတ် (၅၄) နေအိမ်အတွက် လေလံကြမ်းခင်းဈေး ကျပ်ငွေ ဘီလီယံ ၂၉၀ ဖြင့် ဈေးလျှော့ကာ လေလံတင်ရောင်းချရန် ပြီးခဲ့တဲ့ အောက်တိုဘာ (၂၂ )ရက်နေ့ ရုံးချိန်းတွင် ဦးအောင်ဆန်းဦးဘက်က တင်ပြခဲ့တယ်လို့တရားရုံးနှင့် နီးစပ်သူများထံမှ သိရပါတယ်။

blog image

ရန်ကုန်မြို့သစ်စီမံကိန်း လုံးဝရပ်ဆိုင်းထားဟုဆို

Oct 24, 2024  /

ပြီးခဲ့တဲ့ အစိုးရလက်ထက်က ဆောင်ရွက်ခဲ့တဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကိုယခုအခါမှာ လုံးဝရပ်ဆိုင်းထားရတယ်လို့ စီမံကိန်းနှင့်နီးစပ်တဲ့အသိုင်းအဝိုင်းမှ သိရပါတယ်။

blog image

ရန်ကုန်-ဒလတံတားစီမံကိန်း ချဉ်းကပ်လမ်းနှစ်ဖက်လုံးနှင့် စီမံကိန်းတစ်ခုလုံး၏ (၈ဝ) ရာခိုင်နှုန်းထက်မနည်း ပြီးစီးနေ

Oct 18, 2024  /

ရန်ကုန်-ဒလတံတားစီမံကိန်း တစ်ခုလုံးနှင့် ချဉ်းကပ်လမ်းနှစ်ဖက်လုံးပြီးစီးမှုမှာ (၈ဝ) ရာခိုင်နှုန်းထက်မနည်း ပြီးစီးနေပြီဖြစ်တာကြောင့် လာမယ့်၂၀၂၅ ခုနှစ်အစောပိုင်းတွင်တံတာကြီး ဖွင့်လှစ်နိုင်ရန် တာဝန်ရှိသူများကညွှန်ကြားထားတယ်လို့သိရပါတယ်။

blog image

ဦးတေဇ၏ သားသမီးအမည်ပေါက် ပြည်လမ်းခြံကြီးအရောင်းအဝယ် ကျပ်ဘီလျံ(၂၀ဝ)ထက်မနည်း ရနိုင်ခြေရှိ သည်ဟု ခန့်မှန်း

Oct 18, 2024  /

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့ နယ်၊ ပြည်လမ်း အင်းလျားကန် မျက်နှာချင်းဆိုင်ရှိ တစ်ဧကခွဲကျယ်ဝန်းသော ဦးတေဇ၏ သားသမီးအမည်ပေါက် ပြည်လမ်းခြံကြီးအရောင်းအဝယ် မှာ ကျပ်ဘီလျံ(၂၀ဝ)ထက်မနည်း ရနိုင်ခြေရှိ တယ်လို့ အိမ်ခြံမြေအသိုင်းအဝိုင်းမှခန့်မှန်း ပြောဆိုကြပါတယ်။

blog image

သုခဒဂုံ ပြည်သူ့အငှား အိမ်ရာတတိယ အသုတ်အိမ်ခန်းငှားရမ်းခွင့် ယခုလနောက်ဆုံးပတ်တွင် မဲနှိုက်မည်

Oct 16, 2024  /

 တောင်ဒဂုံမြို့နယ်အတွင်းအကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတတိယ အသုတ်အိမ်ခန်းငှားရမ်းခွင့်အတွက် အောက်တိုဘာလ ၂၆ ရက်တွင် မဲနှိုက်ရွေးချယ်သွားမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)က အသိပေးထားရှိပါတယ်။

blog image

သဘင်အနုပညာအင်အားဖြင့် ရေဘေးသင့်ရွာ သုံးရွာအတွက် ၃၅ သိန်းတန် နေအိမ်အလုံးရေ (၄၉)လုံး လှူဒါန်းမည်

Oct 11, 2024  /

နေပြည်တော် ၊တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ရွာ သုံးရွာအတွက် သဘင်အသိုင်းအဝိုင်းမှ ၃၅ သိန်းတန် နေအိမ်အလုံးရေ (၄၉)လုံး လှူဒါန်းသွားမှာဖြစ်တယ်လို့သိရပါတယ်။