Home  / News

သတင်းများ

blog image

သုခဒဂုံပြည်သူ့အငှားအိမ်ရာအတွင်းရှိ နေထိုင်ခြင်းမရှိသည့် အိမ်ခန်းများအား ပြန်လည်သိမ်းယူမည်

Mar 15, 2024  /

သုခဒဂုံပြည်သူ့အငှားအိမ်ရာအတွင်းရှိ အခန်းမဲပေါက်တဲ့ အိမ်ခန်းများထဲတွင်သတ်မှတ် စည်းကမ်းအတိုင်း နေထိုင်ရန် နှင့် နေထိုင်ခြင်းမရှိတဲ့ အိမ်ခန်းများကို ပြန်လည်သိမ်းယူမှာဖြစ်တယ်လို့သိရပါတယ်။

blog image

အိမ်ဝယ်ပါက ကာလတန်ဖိုး၏ ၄ ရာခိုင်နှုန်း အခွန်ဆောင်ရမည်

Mar 15, 2024  /

အိမ်ဝယ်ယူပါက ရာဖြတ်လို့ခေါ်တဲ့ ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က သတ်မှတ်ပေးထားသော တန်ဖိုး၏ ၄ ရာခိုင်နှုန်းကို အခွန်ဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

blog image

အိမ်ခြံမြေဈေးနှုန်း ကျမည့်အနေအထားမရှိသေးဟုဆို

Mar 14, 2024  /

ရန်ကုန်ရှိ အိမ်ခြံမြေဈေးနှုန်းက  ကျမည့်အနေအထားတွင်မရှိသေးကြောင်း သိရပြီး၊ပြီးခဲ့တဲ့ သုံးလပိုင်းကထက် လက်ရှိတွင် အိမ်ခြံမြေ ဝယ်ယူသူများရှိလာတယ်လို့အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းရှင်များထံမှ သိရပါတယ်။

blog image

လှိုင်သာယာမြို့နယ်ကို အဆင့်မြှင့်တင်နိုင်ရန်အတွက် Town Plan များရေးဆွဲနေတယ်လို့သိရ

Mar 10, 2024  /

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာမြို့နယ်ကို အဆင့်မြှင့်တင်နိုင်ရန်အတွက် Town Plan များ ရေးဆွဲဆောင်ရွက်နေတယ်လို့သိရပါတယ်။

လှိုင်သာယာမြို့နယ်ကို အဆင့်မြှင့်တင်ရန်အတွက် မြို့ပြ နှင့် အိမ်ရာစီမံကိန်းများ တည်ဆောက်ရာတွင် Town Plan များစနစ်တကျ ရေးဆွဲဆောင်ရွက်သွားရန်အတွက် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်ကော်မတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များနှင့် MSME လုပ်ငန်းရှင်များနှင့်တာဝန်ရှိသူများတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့လည်းသိရပါတယ်။

blog image

ပြည်တွင်းအိမ်ခြံမြေဈေးကွက်ကို အပြောင်းအလဲဖြစ်စေမည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ဧပြီလတွင် အသစ်ပြဌာန်းရန်ရှိနေ

Mar 10, 2024  /

လာမည့် ဧပြီလတွင် ပြည်တွင်းအိမ်ခြံမြေဈေးကွက်ကို အပြောင်းအလဲဖြစ်စေမည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို အသစ်ပြဌာန်းပေးဖို့ရှိနေပါတယ်။

ဒါ့အပြင် ယခုဘဏ္ဍာနှစ်အတွက် တန်ဖိုးသတ်မှတ်ပေးဖို့ မတ်လ ၁၅ ရက် နောက်ဆုံးထားပြီး တိုင်းဒေသကြီးကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့ထံ လျှောက်လွှာတွေ တင်ပြရဖို့ လည်းရှိနေပါတယ်။

blog image

မင်္ဂလာရန်ကင်းပြည်သူ့အငှား အိမ်ရာရှိ အိမ်ခန်းများကို ပြည်သူ ဝန်ထမ်းနှင့် အငြိမ်းစားများ ငှားရမ်းနေထိုင်နိုင်

Mar 3, 2024  /

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်းကျေးရွာအနီးတွင် အကောင်အထည် ဖော်တည်ဆောက်ပြီးစီးတဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများအား ပြည်သူများ၊ လက်ရှိတာဝန် ထမ်းဆောင်ဆဲဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား ငှားရမ်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

blog image

မန္တလေးတိုင်းဒေသကြီးအတွင်း အိမ်ခြံမြေကာလတန်ဖိုးသတ်မှတ်ရန် လျှောက်လွှာများ မတ်လ ၁၅ရက်နေ့နောက်ဆုံးထားတင်သွင်းရမည်

Mar 2, 2024  /

မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အိမ်ခြံမြေများ၏ ကာလတန်ဖိုးသတ်မှတ်ရန် အိမ်ခြံမြေပိုင်ရှင်တွေအနေနဲ့ မတ်လ (၁၅) ရက်နေ့ နောက်ဆုံးထားပြီး လျှောက်လွှာများပေးပို့ရမှာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။

blog image

Yangon Amata မြို့သစ်စီမံကိန်း ကိုဆက်လက်အကောင်အထည်ဖော်ဆောင် ရွက်သွားမယ် လို့သိရ

Mar 1, 2024  /

Yangon Amata မြို့သစ်စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်‌သွားမယ်လို့သိရပြီး၊ရန်ကုန်တိုင်းအတွင်းက မင်္ဂလာဒုံစက်မှုဥယျာဉ်စီမံကိန်း၊ ကိုရီးယား-မြန်မာ စက်မှုဇုန်စီမံကိန်း၊ နိုင်ငံတကာအဆင့်မီ ပန်းလှိုင်ဂေါက်ကွင်းနဲ့ အဆင့်မြင့် အိမ်ရာစီမံကိန်းတွေကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Yangon Amata မြို့သစ်စီမံကိန်း ကိုထိုင်းနိုင်ငံအခြေစိုက် Amata Corporation PCL နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ အကျိုးတူဖော်ဆောင်မယ့်စီမံကိန်းတစ်ခုလည်းဖြစ်ပါတယ်။

blog image

ကျပ်နှစ်သောင်းတန်ငွေစက္ကူ ထွက်ရှိမည်ဆိုသည့် သတင်းများကြောင့် အိမ်ခြံမြေဈေးကွက်အတွင်း ဂယက်ရိုက်ခတ်လာ

Feb 28, 2024  /

မတ်လအတွင်း ကျပ်နှစ်သောင်းတန်ငွေစက္ကူ ထွက်ရှိမည်ဆိုသည့် သတင်းများကြောင့် အိမ်ခြံမြေဈေးကွက်အတွင်း ဂယက်ရိုက်ခတ်လာမှုများရှိတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်သူတွေထံက သိရပါတယ်။

လူမှုကွန်ရက် စာမျက်နှာတွေနဲ့ Website တွေမှာ လာမယ့်မတ်လအတွင်း ၂၀,၀၀၀ ကျပ်တန်တွေ ထွက်ရှိမယ် ဆိုပြီး ဖြစ်ပေါ်နေတဲ့သတင်းတွေဟာ ကောလဟာလသတင်းတွေသာဖြစ်တယ်လို့ ဗဟိုဘဏ်က ဖေဖော်ဝါရီ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

blog image

မင်္ဂလာဈေးတည်ဆောက်မှု ၇၂ ရာခိုင်နှုန်းပြီးစီးနေပြီဟုသိရ

Feb 25, 2024  /

မီးလောင်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့တဲ့ မင်္ဂလာဈေးတည်ဆောက်မှု ၇၂ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။
ပထမအဆင့်ဖြစ်တဲ့ မြေညီထပ်မှ အထပ်မြင့် ၄ ထပ်အထိ ယခုနှစ်လည်ပိုင်းမှာ YCDC ထံ အပ်နှံကာ ဈေးသစ်ဖွင့်လှစ်နိုင်ဖို့ လျာထားပါတယ်။
မင်္ဂလာဈေးကို ၁၉၉၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ၂ဝ၁ဝ ခုနှစ် မေလတွင်တစ်ကြိမ်၊ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလတွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်မီးလောင်ကျွမ်းခဲ့ပြီး လက်ရှိအချိန်တွင် အသစ်ပြန်လည်တည်ဆောက်နေခြင်းဖြစ်ပါတယ်။