ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်းရှိ အထပ်မြင့်အဆောက်အဦဆောက်လုပ်ရန် တင်ပြလာသူများကို ညှိနှိုင်းဆောင်ရွက်ရေးဌာန (အထပ်မြင့်အဆောက်အဦ စစ်ဆေးရေး ကော်မတီ-HIC)ကစစ်ဆေးပြီးမှသာ ခွင့်ပြုလျက်ရှိတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊အဆောက်အအုံဌာနကနေသိရပါတယ်။
              ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းအားလုံးယခုအခါမှာ ၉၄ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်တယ်လို့နိုင်ငံပိုင်သတင်းစာများထုတ်ပြန်ရေးသားချက်တွေအရသိရပါတယ်။
ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)နှင့် မြန်မာနိုင်ငံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ စီမံကိန်းအကောင်အထည်ဖော်ရေးသဘောတူညီချက်အရ ၂၀၁၃ ခုနှစ် မှစတင်ပြီးစီမံကိန်းလုပ်ငန်းအဆင့်အလိုက် ဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။
              ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ နေထိုင်ကြတဲ့ပြည်သူတွေအတွက် YBS ယာဉ်လိုင်း(၂)လိုင်း ဖြစ်တဲ့ YBS -118 ၊YBS-97တို့ယနေ့(ဒီဇင်ဘာ-၁၅)ရက်မှာစတင်ပြေးဆွဲနေပြီလို့သိရပါတယ်။
YBS-118 ယာဉ်လိုင်းကသုခဒဂုံပြည်သူ့အငှားအိမ်ရာ မှ ဆူးလေအထိပြေးဆွဲမှာဖြစ်ပြီး၊YBS-97 ယာဉ်လိုင်းအနေနဲ့ သုခဒဂုံပြည်သူ့အငှားအိမ်ရာ ကနေ ထောက်ကြံ့အထိပြေးဆွဲပေးမှာဖြစ်ပြီး၊ယာဉ်လိုင်းတွေအနေနဲ့ နံနက်၅နာရီခွဲမှစတင်ပြီး၁၀မိနစ်တစ်စီးခြားပြေးဆွဲမှာဖြစ်တယ်လို့လည်းအိမ်ရာဝန်းအတွင်းနေပြည်သူတွေထံကနေသိရပါတယ်။
              ရန်ကုန်-ဒလမြစ်ကူးတံတား တည်ဆောက်မှုစီမံကိန်းဟာ ၆၃ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနကနေ သိရပါတယ်။
အဓိကချဉ်းကပ်တံတားများဖြစ်တဲ့ ရန်ကုန်ဘက်ရှိ ချဉ်းကပ်တံတား၊ ဒလဘက် ချဉ်းကပ် တံတား၊ ဆင်ခြေလျှောတံတားများအားလုံး ပြီးစီးလုနီးနီးဖြစ်နေပြီဖြစ်ကာ အဓိကကျန်နေတဲ့အပိုင်းကတော့ ပင်မတံတား တည်ဆောက်ရေး အပိုင်းများသာ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
              ပြီးခဲ့တဲ့ဩဂုတ်လက စတင်ဖြိုဖျက်နေတဲ့ သီရိမင်္ဂလာဈေးဟောင်းနေရာမှာ အဆင့်မြင့်အဆောက်အဦတစ်ခု တည်ဆောက်သွားမယ်လို့ ယခင်ရောင်းဝယ်ရေးလုပ်ကိုင်ခဲ့သူများရဲ့ ပြောပြချက်အရ သိရပါတယ်။ အဆိုပါသီရိမင်္ဂလာဈေးဟောင်းအဆောက်အုံကို အန္တရာယ်ရှိအဆောက်အဦအဖြစ် ၂၀၁၇ခုနှစ် ဩဂုတ်လ ၁၆ရက်နေ့မှာ သတ်မှတ်ခဲ့ပြီးတော့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်က စပြီး လုပ်ငန်းတွေကို သက်တမ်းတိုးခွင့်မပြုဘဲ ပိတ်သိမ်းပယ်ဖျက်ခဲ့တယ်လို့ ဆိုပါတယ်။
              ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ နေထိုင်မယ့် ပြည်သူတွေအတွက် YBS ယာဉ်လိုင်း(၅)လိုင်း စီစဉ်ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန် ကပြောပါတယ်။
              
              ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကိုဆက်သွယ်ပေးမယ့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် - ၃) တည်ဆောက်ရေးလုပ်ငန်းများလာမယ့် ၂၀၂၄ခုနှစ်အတွင်းပြီးစီးရန်လျာ ထားတယ်လို့သိရပါတယ်။
              ဒဂုံမြို့သစ်တောင်ပိုင်းရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် ငှားရမ်းနေထိုင်ခွင့်အတွက် ရွေးချယ်ခံရသူ (၂,၀၀၀) ခန့်ကို ယနေ့(ဒီဇင်ဘာလ ၁ ရက်နေ့)မှာ စတင်နေထိုင်ခွင့်ပြုသွားမယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)ကနေ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နဲ့ ၁၄ ရက်များအတွင်း စိစစ်ရွေးချယ်ထားတဲ့ (၆,၂၈၇) ဦးကို နှစ်သုတ်ခွဲပြီး မဲနှိုက်ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။
              မန္တလေးတိုင်းဒေသကြီး ၊ပုဂံညောင်ဦးမြို့နယ်အတွင်းရှိ ဟိုတယ်၊ တည်းခိုခန်းတချို့တွင်လပြတ်ငှားရမ်း နေထိုင်မှုများ ရှိနေတယ်လို့သိရပါတယ်။
ပုံမှန်အားဖြင့် သီတင်းကျွတ်အားလပ်ရက်၊တန်ဆောင်တိုင်ရုံးပိတ်ရက်များတွင် ပုဂံဒေသကို ဘုရားဖူးများ လာရောက်လျက်ရှိတဲ့အတွက် ဟိုတယ်နှင့် တည်းခိုခန်းများ လူပြည့်လျှံနေတက်ပေမယ့် ယခု အခါမှာတော့ တခြားဒေသများမှလာရောက်ပြီးဟိုတယ်၊ တည်းခိုခန်းများမှာလပြတ်ငှားရမ်း နေထိုင်ကြတာ လည်းဖြစ်ပါတယ်။