Home  / News

消息

blog image

ဆိပ်ကြီးခနောင်တိုတံတားသစ်တည်ဆောက်ခြင်းလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ

May 26, 2023  /

 

                 ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၁)ကနေ ( ၂၀၂၃-၂၀၂၄ )ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မယ့်

ဆိပ်ကြီးခနောင်တိုမြို့နယ်နဲ့ ဒလမြို့နယ်အားဆက်သွယ်ထားတဲ့ ဆိပ်ကြီးခနောင်တိုတံတားသစ် တည်ဆောက်ခြင်းလုပ်ငန်းတွင် အသုံးပြုရန် လိုအပ်နေတဲ့ ဆောက်လုပ်ရေး   လုပ်ငန်းသုံး

ပစ္စည်းများ (လုပ်ငန်းခွင်အရောက်)ဝယ်ယူခြင်း၊ စက်/ယာဉ် ငှါးရမ်းခြင်းတို့အတွက်  မြန်မာ(ကျပ်) ငွေဖြင့် တင်ဒါခေါ်ယူထားကြောင်း သိရပါတယ်။

 

blog image

မိုခါမုန်တိုင်းရဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုအနေနဲ့ အိုးအိမ်ပစ္စည်းဆုံးရှုံးမှုအများဆုံးရှိနေတဲ့ ရခိုင်ပြည်နယ်

May 25, 2023  /

 
 
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ရဲ့ ဖြတ်သန်းတိုက်ခတ်မှုအရှိန်ကြောင့် ရခိုင်ပြည်နယ်အတွင်း အိုးအိမ်အဆောက်အဦများ ထိခိုက် ပျက်စီးဆုံးရှုံးမှုများနဲ့ ကြုံတွေ့နေခဲ့ကြရတာပါ။
ပြီးခဲ့တဲ့ မေလ (၁၄) ရက်နေ့ နံနက်ပိုင်းက အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ရခိုင် ပြည်နယ်မှတစ်ဆင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းနဲ့ ကချင်ပြည်နယ်တို့ကို ဖြတ်ကျော်ဝင်ရောက်ခဲ့
တာပါ။
 
 

blog image

သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါကအထပ်မြင့်အဆောက်အအုံတွေကပိုပြီးလုံခြုံမှုရှိတယ်ဟုဆို။

May 20, 2023  /

 

ရာသီဥတု၊သဘာဝဘေးအန္တရာယ်ကြုံတွေ့လာခဲ့ပါကသာမန်အဆောက်အအုံတွေထက်အထပ်မြင့်အဆောက်အအုံတွေကပိုပြီးလုံခြုံမှုရှိတယ်လို့ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှသိရပါတယ်။

 

 

blog image

ပူတာအိုတွင် CB ဘဏ်အုပ်စုကအဆင့်မြင့် အပန်း ဖြေစခန်းပါဝင်မည့် ဟိုတယ်စီမံကိန်း တည်ဆောက်မည်။

May 18, 2023  /

မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော ရေခဲတောင်ဒေသတည်ရှိရာ ပူတာအို မြို့မှာ CB ဘဏ်အုပ်စုမှ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုအဖြင့် အပန်းဖြေစခန်းများ ပါဝင်တဲ့ ဟိုတယ်စီမံကိန်းကို ဆောင်ရွက် နေတယ်လို့  Travelling Journal ဖော်ပြချက်တွေ အရသိရပါတယ်။

အဆိုပါစီမံကိန်းကို ပူတာအိုမြို့ရဲ့ အထင်ကရ ကောင်းမှုလုံစေတီ နဲ့ ၁၄ ကီလိုမီတာ ကွာဝေးတဲ့မျက်နှာချင်းဆိုင် မြစ်တစ်ဖက်ကမ်းမှာဆောင် ရွက်နေတာလည်းဖြစ်ပါတယ်။

မြေလွတ်မြေရိုင်းဧက (၁၇) ဧကကျော်ကို အခြားနည်းသုံးစွဲခွင့် ရရှိထားပြီး အဆိုပါမြေပေါ်တွင် နှစ်ယောက်အိပ်ခန်း များပါဝင်တဲ့ ဘန်ဂလို (၁၁ ) လုံးလောက်ကို ဆောက်လုပ်သွားမှာဖြစ်တယ်လို့လည်း ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာန (ပူတာအို) သို့ အစောပိုင်းကာလက တင်ပြထားတဲ့စာရင်းများတွင်ဖော်ပြထားရှိပါတယ်။

 

blog image

လှိုင်သာယာ၊ စက်မှုဇုန်ထဲမှာ အနော်ရထာစက်မှုဇုန်ကို လုပ်ငန်းရှင်တချို့ အကြိုက်တွေ့

May 13, 2023  /

လှိုင်သာယာမြို့နယ်ထဲမှာရှိတဲ့ စက်မှုဇုန်တွေထဲမှာ အနော်ရထာစက်မှုဇုန်ကို လုပ်ငန်းရှင်များ၊ စီးပွားရေး သမားများက အကြိုက်တွေ့ကြတယ်လို့ သိရပါတယ်။

‘’ကျွန်တော်စက်မှုဇုန်တွေအားလုံးလိုက်ပြတော့၊အနော်ရထာစက်မှုဇုန်ကိုပဲကြိုက်တယ်ပြောတယ်။ဘာကြောင့်ကြိုက်တာလဲမေးတော့၊ဧရာဝတီတိုင်းထွက်ပေါက်ဖြစ်တယ်၊ဝင်လွယ်၊ထွက်လွယ်ဖြစ်တယ်။ဒီကနေထွက်သွားရင်လည်းထန်းတပင်၊ရန်ကုန်-ပုသိမ်လမ်း၊ဧရာ၀တီတိုင်း-ဗိုလ်ကလေး-မြင်းကကုန်းတို့ဘက်ဆက်သွားလို့ရတယ်။အဲဒီမှာသူတို့ကဓါတ်မြေဩဇာလုပ်ငန်းလုပ်ချင်တာ၊အနော်ရထာစက်မှုဇုန်ကနေထိန်းချုပ်ထားချင်တာ။ဒါကြောင့်အနော်ရထာစက်မှူဇုန်ထဲမှာဝယ်တယ်ဆိုရင်ဧရာ၀တီတိုင်းရဲ့ထွက်ပေါက်ကုန်စည်တွေကိုချုပ်ကိုင်ထားနိုင်မယ်လေ’’ဟုလည်း စက်မှုဇုန်အကျိုးဆောင်ကိုစိုးမိုးက သူ့အတွေ့အကြုံကို ပြောပြပါတယ်။

blog image

နေပြည်တော်ရှိ သုခဝတီပြည်သူ့အငှားအိမ်ရာအတွင်း မည်သူမဆို အိမ်ခန်းများ စတင်လျှောက်ထားနိုင် ပြီ။

May 9, 2023  /

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်တဲ့ သုခဝတီ ပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများကို မည်သူမဆို  စတင်လျှောက်ထားနိုင် ပြီဖြစ်တယ်လို့သိရပါတယ်။

‘’သုခဝတီ ပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများကို ပြည်သူများ၊လက်ရှိတာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများနှင့်အငြိမ်းစားဝန်ထမ်းများအားငှားရမ်းပေးသွားမှာဖြစ်ပါတယ်။’’

blog image

ကျွန်တော်ရဲ့ ဆောင်ပုဒ်က အမေရိကမှာ ၃ နှစ်တရားဝင် အလုပ်လုပ်ရင် အိမ်ဝယ်နိုင်ရမယ်။

May 6, 2023  /

ကျွန်တော်ရဲ့ ဆောင်ပုဒ်က အမေရိကမှာ ၃ နှစ်တရားဝင် အလုပ်လုပ်ရင် အိမ်ဝယ်နိုင်ရမယ်။

အမေရိကန် နိုင်ငံ ရဲ့ စတုတ္ထအကြီးဆုံးမြို့တစ်မြို့ဖြစ်တဲ့ Texas ပြည်နယ်Houstonမြို့ မှာနေထိုင်ပြီး အမေရိကန်နိုင်ငံအိမ်ခြံမြေနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုပေးနေတဲ့ ကိုပီတာလင်းကို Myanmar Property Dealer ကနေအခုလိုတွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။

blog image

အောင်မြင့်မိုရ်အိမ်ရာ နှင့် သီလဝါအိမ်ရာ လျှောက်ထားသူများ မေလ(၉)ရက်နေ့ အိမ်ခန်းမဲနှိုက်ပေးမည်။

May 5, 2023  /

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်ထားတဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အောင်မြင့်မိုရ်အိမ်ရာ နှင့် သန်လျင် ၊ကျောက်တန်းမြို့နယ် သီလဝါအိမ်ရာ စီမံကိန်းအတွင်းမှာဆောက်လုပ်ထားရှိတဲ့  အိမ်ခန်းများဝယ်ယူရန်စာရင်းပေးသွင်းထားသူများအားလုံးကို အိမ်ခန်းဝယ်ယူခွင့်ရရှိသူများအဖြစ်သတ်မှတ်ပြီးအခန်းမဲနှိုက်ပေးခြင်းကို မေလ (၉)ရက်နေ့ နံနက် (၁၀)နာရီတွင်ဗိုလ်ချုပ်လမ်းရှိမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတွင်ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။

blog image

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတား တစ်စင်းလုံးရဲ့ ၅၆ ရာခိုင်နှုန်းပြီးစီးနေပြီဟုသိရ။

May 1, 2023  /

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတား တစ်စင်းလုံးရဲ့ လုပ်ငန်းပြီးစီးမှု ၅၆ ရာခိုင်နှုန်း ပြီးစီးနေသည့် မြင်ကွင်းများကို ရန်ကုန်ဘက်ခြမ်းနှင့် ဒလဘက်ခြမ်းနှစ်နေရာမှမြင်တွေ့ရတာဖြစ်ပါတယ်။

တံတားတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများကို ၂၀၁၉ ခုနှစ် မေလမှလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ  ယခုအခါ တံတားတစ်စင်းလုံး လုပ်ငန်းပြီးစီးမှု ၅၆ ရာခိုင်နှုန်း ပြီးစီးလျက်ရှိပြီး ၂၀၂၄ ခုနှစ်တွင် လုပ်ငန်းများပြီးစီးရေး လျာထား ဆောင်ရွက်လျက် ရှိတယ်လို့လည်းသိရပါတယ်။

blog image

သန်လျင်အမှတ်(၃)တံတားတည်ဆောက်နေမှု (၇၆%)ပြီးစီးနေ

Apr 29, 2023  /

ရန်ကုန် သာကေတမြို့နယ် နဲ့ သံလျင် သီလဝါ(အထူးစီးပွားရေးဇုန်)တို့ကို လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်စေဖို့အတွက် တည်ဆောက်နေတဲ့ ပဲခူးမြစ်ကူး ရန်ကုန်-သန်လျင်  အမှတ်(၃) တံတားတည်ဆောက်နေမှုလုပ်ငန်းစဉ်များအခုခါမှာဆိုရင် ၇၆%ပြီးစီးနေပြီးဖြစ်တယ်လို့သိရပါတယ်။