Home  / News

消息

blog image

လယ်ယာမြေများအား အကွက်စိတ်ရိုက် ရောင်းချပါက ဥပဒေအတိုင်း အရေးယူဆောင်ရွက်နေဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် ဖြေကြား

Aug 10, 2026  /

 မန္တလေးတိုင်းဒေသကြီးအတွင်း လယ်ယာမြေများကို ပုံစံ (၇) ရရှိပြီးနောက် ခွင့်ပြုချက်မရှိဘဲ အကွက်စိတ်ရိုက်ပြီး စီးပွားဖြစ် ရောင်းချနေတဲ့ ကိစ္စများနှင့် ပတ်သက်ပြီး တည်ဆဲလယ်ယာမြေ ဥပဒေပြဋ္ဌာန်းချက်များ၊ စံပြုလုပ်ထုံးလုပ်နည်း (SOP) များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက ပြောပါတယ်။

blog image

ဆူးလေရှန်ဂရီလာဟိုတယ် ဝန်ဆောင်မှုများ ပြန်လည်ပေးနေသော်လည်း တည်းခိုသူနည်းပါး

Aug 10, 2026  /

ဆူးလေရှန်ဂရီလာဟိုတယ်ပြန်ဖွင့်ပြီး ၇ လကြာသည်အထိ တည်းခိုသူမရှိလို့ စျေးလျှော့ပေးထားရတယ်လို့ဟိုတယ်ဝန်ထမ်းတွေရဲ့ပြောပြချက်အရ သိရပါတယ်။ 

အဆိုပါ ရှန်ဂရီလာဟိုတယ်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလကစပြီး ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

blog image

ကလောရှိ နှစ် ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံ သုံးလုံးကို ရှေးဟောင်းအမွေအနှစ် အဆောက်အအုံအဖြစ် ကြေးပြားကမ္ပည်းမော်ကွန်း တပ်ဆင်

Aug 7, 2026  /

 ရှမ်းပြည်နယ် ကလောမြို့ရှိ နှစ် ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံများဖြစ်တဲ့ ကလောစာတိုက်(ဟောင်း)၊ ကလောရေကူးကန်နှင့် နားနေစခန်း (ကလောကလပ်) တို့ကို ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများအဖြစ် သတ်မှတ်ကာ ကြေးပြားကမ္ပည်းမော်ကွန်းများ တပ်ဆင်ခဲ့ကြောင်း သိရပါတယ်။

blog image

မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ၂၀၂၂ ခုနှစ်မှ ယခုနှစ် ဇွန်လအထိ အမေရိကန်ဒေါ်လာ ၂၀.၇၅၈ ဘီလီယံရှိ

Aug 7, 2026  /


 မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ၂၀၂၂ ခုနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဇွန်လအထိ အမေရိကန်ဒေါ်လာ ၂၀.၇၅၈ ဘီလီယံရှိခဲ့ကြောင်း သိရသည်။

blog image

စင်ကာပူတွင် ပင်စင်စားများ အိမ်ကြီးရောင်းပြီး အိမ်သေးသို့ ပြောင်းရွှေ့နေထိုင်မှု မြင့်တက်

Aug 1, 2026  /

စင်ကာပူနိုင်ငံမှာ ပင်စင်စားအချို့ဟာ နေထိုင်ရလွယ်ကူစေရန် အိမ်ကြီးများကို ရောင်းချပြီး HDB နှစ်ခန်းတိုက်ခန်းအသေးများသို့ ပြောင်းရွှေ့နေထိုင်သူ ပိုမိုများပြားလာတယ်လို့ သိရပါတယ်။

blog image

ဂျပန်ရင်းနှီးမြှုပ်နှံသူများအား မြန်မာနိုင်ငံ၏ ဦးစားပေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်

Jul 31, 2026  /

မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေး၊ အဆင့်မြင့်နည်းပညာ၊ MSME လုပ်ငန်းများနဲ့ လျှပ်စစ်သုံးမော်တော်ယာဉ် (EV) ဆက်စပ်လုပ်ငန်းများမှာ ဂျပန်ရင်းနှီးမြှုပ်နှံသူများ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်ခဲ့ပါတယ်။

blog image

ရွှေကုက္ကိုလ်နယ်မြေအတွင်း တရားမဝင်အဆောက်အအုံ ၇၇ လုံး ရာနှုန်းပြည့် ဖြိုချဖျက်ဆီးပြီးစီး

Jul 31, 2026  /

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုခဲ့တဲ့ တရားမဝင်အဆောက်အအုံ စုစုပေါင်း ၇၇ လုံးကို ရာနှုန်းပြည့် ဖြိုချဖျက်ဆီးပြီးစီးခဲ့ကြောင်း သိရပါတယ်။

blog image

နှစ်(၃၀) ဂရန်မြေပိုင်ရှင်များ မြေငှားရမ်းခကြွေးကျန်များ လာမည့်နှစ် မတ်လ ၁၅ ရက်နောက်ဆုံးထား ပေးသွင်းရန် နေပြည်တော်စည်ပင် အသိပေး

Jul 30, 2026  /

နေပြည်တော်စည်ပင်သာယာရေးကော်မတီက နယ်နိမိတ်အတွင်းရှိ နှစ်(၃၀) မြေငှားစာချုပ်(ဂရန်) ထုတ်ပေးထားသည့် မြေကွက်ပိုင်ရှင်များအနေဖြင့် ကျသင့်သည့် နှစ်စဉ်မြေငှားရမ်းခများကို သတ်မှတ်ကာလအတွင်း ပေးသွင်းရန်နှင့် ကြွေးကျန်များရှိပါက ၂၀၂၇ ခုနှစ် မတ်လ ၁၅ ရက် နောက်ဆုံးထား၍ ပေးသွင်းကြရန် အသိပေးထားတယ်။

blog image

ဧရာဝတီတိုင်းအတွင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်း၊ ရောင်းချခြင်းများအပေါ် ဥပဒေအရ အရေးယူမည်

Jul 30, 2026  /

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လျှောက်ထားရယူခြင်းမရှိဘဲ ကိုယ်တိုင်နယ်နိမိတ်သတ်မှတ်ပြီး၊ ခြံခတ်ခြင်း၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းနှင့် တစ်ဆင့်ပြန်လည်ရောင်းချခြင်းများ ပြုလုပ်ပါက ဥပဒေချိုးဖောက်မှုအဖြစ် အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့  ဧရာဝတီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီက အသိပေးထားရှိပါတယ်။

blog image

အိမ်ခြံမြေဝန်ဆောင်မှုဥပဒေ မည်သည့်အချိန်တွင် ပြဌာန်းမည်ကို အမျိုးသားလွှတ်တော်တွင် မေးမြန်း

Jul 29, 2026  /

အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကို မည်သည့်အချိန်တွင် ပြဌာန်းထုတ်ပြန်ပေးနိုင်မည်နည်းဆိုတဲ့  မေးခွန်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၀)  ဦးကျော်ကျော်လတ်က ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ကျင်းပခဲ့တဲ့  တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင်  ‘’ ကြယ်ပွင့်မပြမေးခွန်းအဖြစ်’’ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် မေးမြန်းခဲ့တယ်လို့သိရပါတယ်။