Home  / News

消息

blog image

ရခိုင်ပြည်နယ်အိမ်ခြံမြေဈေးကွက်အမေရိကားထက်တောင်ဈေးများနေတယ်

Mar 9, 2023  /

ရခိုင်ပြည်နယ် အိမ်ခြံမြေဈေးကွက်အခြေနေက လက်ရှိမှာအရောင်းအဝယ်အေးနေပြီး တချို့နေရာတွေမှာဆိုရင် အမေရိကားမှာရှိတဲ့အိမ်ခြံမြေဈေးတွေထက်တောင်ဈေးကြီးနေတယ်ဟု ဦးဆန်ရှားမောင် (စစ်တွေ)ကံပွင့်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကပြောပါတယ်။

 ‘’အရောင်းအဝယ်ကအေးနေတယ်။အေးနေတယ်ဆိုပေမယ့်လည်း လုံးဝမဖြစ်တာတော့မဟုတ်ပြန်ဘူး။သိန်း သုံးရာကနေ သိန်းထောင်ကျော်လေးတွေတော့ပါးပါးလေးဖြစ်နေကြတယ်။သိန်းသုံးထောင်၊သိန်း ငါးထောင်တွေကတော့အရောင်းအဝယ်ပါးတာပေါ့ ‘’ဟုလည်း ဦးဆန်ရှားမောင် (စစ်တွေ)ကဆိုပါတယ်။

blog image

Yangon Convention Center တွင်ကျင်းပနေတဲ့ မြန်မာ့အိမ်ခြံမြေအရောင်းပြပွဲ

Mar 3, 2023  /

မြန်မာ့အိမ်ခြံမြေအရောင်းပြပွဲ Myanmar Real Estate Expo 2023 ကို မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ (အင်းလျားလိပ်ဟိုတယ်၀န်း) အတွင်းမှာရှိတဲ့ Yangon Convention Center တွင် (ယနေ့)မတ်လ ၃ ရက်နေ့ကနေ  ၅ ရက်နေ့အထိ (၃) ရက်တိုင် ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

blog image

ချင်းပြည်နယ်အတွင်းအိမ်၊ခြံမြေရောင်းချသူများပြီးဝယ်သူမရှိဖြစ်နေ။

Mar 3, 2023  /

ချင်းပြည်နယ်အတွင်း အိမ်ခြံမြေဈေးကွက်အခြေအနေမှာ ရောင်းချသူများနေပြီးဝယ်ယူသူမရှိသလောက်ဖြစ်နေ တယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။

ချင်းပြည်နယ်အတွင်း၊နယ်မြေ‌အေးချမ်းတည်ငြိမ်မှုမရှိခြင်းများကြောင့်အများစုမှာနေရပ်စွန့်ခွာကာရန်ကုန်၊မန္တလေးနှင့်နေပြည်တော်အစရှိတဲ့မြို့ကြီးများကိုပြောင်းရွေ့နေထိုင်ခြင်းများကလည်းချင်းပြည်နယ်အတွင်းမှာအိမ်ခြံမြေအဝယ်မရှိရခြင်းအကြောင်းတစ်ခုလည်းဖြစ်တယ်လို့ဆိုပါတယ်။

blog image

မြန်မာနိုင်ငံတွင် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေအရ (၄၀)ရာခိုင်နှုန်းထက်မပိုသော အိမ်ခန်းများကိုနိုင်ငံခြားသားများအား ရောင်းချပိုင်ခွင့်ရှိကြောင်းသိရ ။

Feb 17, 2023  /

စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေ (ကွန်ဒိုမီနီယံဥပဒေ)အရ  မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများအနေဖြင့် အိမ်ခန်းများဝယ်ယူမည်ဆိုပါကဝယ်ယူခွင့်ရှိနေပြီး၊ရောင်းချသူလုပ်ငန်းရှင်များအနေဖြင့်လည်း နိုင်ငံခြားသားများကိုရောင်းချပါက ၄၀ရာခိုင်နှုန်းထက်မပိုတဲ့ အိမ်ခန်းများကိုရောင်းချခွင့်ရှိ နေပြီဖြစ်ကြောင်း သိရပါတယ်။

blog image

ထိုင်းနိုင်ငံတွင်ကွန်ဒိုတိုက်ခန်းဝယ်ယူခြင်းကပညာရေး၊ကျန်းမာရေးအတွက်နေထိုင်ရန်သင့်တော်ပြီးရင်းနှီးမြုပ်နှံမှု အတွက် အကျိုးမဖြစ်ထွန်းနိုင်ဟုသိရ။

Feb 13, 2023  /

ထိုင်းနိုင်ငံ၊ဘန်ကောက်နှင့်မြို့ကြီးများတွင်မြန်မာနိုင်ငံသားတချို့ကတိုက်ခန်း၊ကွန်ဒိုများသွားရောက်ဝယ်ယူကြပြီး၊အဆိုပါဝယ်ယူသူအများစုမှာ နိုင်ငံရေးအခြေနေအရသော်လည်းကောင်း၊ ကလေးများ ပညာရေး၊ ကျန်းမာရေးနှင့် ရင်းနှီးမြုပ်နှံမှုတစ်ခုအရ ဝယ်ယူကြတာဖြစ်တယ်လို့လည်းသိရပါတယ်။

အဆိုပါထိုင်းနိုင်ငံအတွင်းတိုက်ခန်းကွန်ဒိုများသွားရောက်ဝယ်ယူမှုများနှင့်ပတ်သက်ပြီး’’ဘာလို့ဘန်ကောက်မှာဝယ်ကြတာလဲ ဆိုရင် အချိန်အတိုင်းအတာတစ်ခုအရ နိုင်ငံရေးအခြေနေ ရှိတယ်၊ရင်းနှီးမြုပ်နှံမှုတစ်ခုအရ ဘန်ကောက်မှာကွန်ဒိုတစ်ခုသွားဝယ်ထားရင် ဆေးလာကုတဲ့သူတွေကိုငှားစားလို့ ရမယ်။နိုင်ငံခြားသားခရီး သွား တွေကိုငှားစားလို့ရမယ်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့တော့သူတို့ကဝယ်ကြတာပေါ့နော်။ဈေးအားဖြင့်ကြည့်ရင်လည်းအများစုဝယ်ကြတဲ့ဈေးကသိန်း ၂၀၀၀ ၊သိန်း၃၀၀၀ ဆိုတော့ မြန်မာနိုင်ငံမှာလည်းသာမန် တိုက်ခန်းဈေးနှုန်း ပါ ‘’ဟုလည်း ကွန်ဒိုလုပ်ငန်းနှင့်ပတ်သက် ရင်းနှီးကျွမ်းကျင်သူတစ်ဦးထံမှသိရပါတယ်။

blog image

ရခိုင်ပြည်နယ်၊သံတွဲမြို့ ငပလီကမ်းခြေဒေသအတွင်း ရုရှား-မြန်မာ ငပလီကမ်းခြေအိမ်ရာ စီမံကိန်း စတင်အကောင်အထည်ဖော်မည်။

Feb 6, 2023  /

ရခိုင်ပြည်နယ်သံတွဲမြို့ရှိ ငပလီကမ်းခြေဒေသအတွင်း အပန်းဖြေအိမ်ရာစီမံကိန်း နှင့် ခရီးသွားဝန်ဆောင်မှု ကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်း သဘောတူစာချုပ် (MoU) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၄ရက်နေ့ က Pan Pacific Hotel (Yangon) တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်းကို နိုင်ငံပိုင်သတင်းစာများမှတဆင့် သိရှိရပါတယ်။

ငပလီကမ်းခြေဒေသအတွင်း အပန်းဖြေအိမ်ရာစီမံကိန်း နှင့် ခရီးသွားဝန်ဆောင်မှု ကဏ္ဍများ အတွက် ရုရှား - မြန်မာချစ်ကြည်ရေးအသင်း နဲ့ ပြည်တွင်းစီးပွားရေးကုမ္ပဏီများ၊ လုပ်ငန်းရှင်များ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြတာလည်းဖြစ်ပါတယ်။

blog image

ရန်ကုန်မြို့တွင်းရှိအိမ်ခြံမြေဈေးကွက်အရောင်းအဝယ်အေးနေ ။

Feb 2, 2023  /

ရန်ကုန်မြို့အတွင်းရှိ အိမ်ခြံမြေဈေးကွက် ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှစတင်ပြီး အရောင်းအဝယ်အေးနေတယ်လို့  သက်ဆိုင်ရာမြို့နယ်အလိုက်အိမ်ခြံမြေအကျိုးဆောင်တွေထံကနေသိရပါတယ်။

အရင်က အရောင်းအဝယ်ဖြစ်နေတဲ့ မြေကွက်၊တိုက်ခန်း၊ကွန်ဒိုတွေလည်း ယခုအခါမှာတော့ အရောင်းအဝယ် တော်တော်လေးနည်းပါသွားတယ်လို့လည်းသိရပြီး ဒီလိုဖြစ်လာရခြင်းမှာလည်း ပြီးခဲ့တဲ့နှစ် ၂၀၂၂ခုနှစ်နိုဝင်ဘာလ (၉)ရက်နေ့က ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကနေ အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာ ညွန်ကြားချက် ထုတ် ပြန်ပြီးနောက်ပိုင်းဖြစ်လာရတယ်လို့လည်းသိရပါတယ်။

blog image

ပြင်ဦးလွင်၊အောင်ချမ်းသာရွာဘက်ရှိသစ်တောမြေအတွင်းကော်ဖီလုပ်ကိုင်ခွင့်ပြုထားခြင်းမရှိ။

Jan 27, 2023  /

ပြင်ဦးလွင်ခရိုင်၊ပြင်ဦးလွင်မြို့နယ်အတွင်း၊အောင်ချမ်းသာရွာဘက်မှာရှိတဲ့သစ်တောမြေအတွင်းမှာကော်ဖီလုပ်ကိုင်ခွင့်ပြုထားခြင်းမရှိကြောင်းသိရပြီး၊ဒါ့အပြင်မြေလွတ်မြေရိုင်များတွင်ခွင့်ပြုထားမှုအခြေနေများအားလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှစိစစ်လျက်ရှိတယ်လို့လည်းသိရှိရပါတယ်။

blog image

ပြင်ဦးလွင်မြို့ရှိ သစ်တောမြေ (၄၈.၇၄)ဧကအား တရားဝင်ခွင့်ပြုချက်မရှိဘဲ အကွက် ရိုက်ဆောင်ရွက်နေသူများကိုဥပဒေအရအရေးယူဆောင်ရွက်လျက်ရှိတယ်လို့သိရ။

Jan 26, 2023  /

မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့နယ်အတွင်းရှိလယ်ယာမြေ၊ မြေလွတ်မြေရိုင်းနှင့်သစ်တောမြေများတွင် တရားဝင်ခွင့်ပြုချက်မရှိဘဲအကွက် ရိုက်ဆောင်ရွက်နေခြင်းများကိုစစ်ဆေးတွေ့ရှိသဖြင့် အရေးယူထားတယ်လို့ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများထံမှသိရပါတယ်။

blog image

သိမ်ကြီးဈေး (စီ)ရုံ ဒုတိယထပ်ရှိ အခန်းလွတ်(၆)ခန်းအတွက် အငှားတင်ဒါလျောက်လွှာများ ခေါ်ယူ ။

Jan 20, 2023  /

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများနှင့်ကုန်စည်ပွဲရုံများ ဌာန ကွပ်ကဲမှုအောက်ရှိ လသာမြို့နယ် သိမ်ကြီးဈေး (စီ)ရုံ ဒုတိယထပ် ဆိုင်အမှတ် ၆၊ ၇၊ ၁၅၊၁၆၊၁၇၊၁၈ တို့အား တင်ဒါစနစ်နဲ့ ငှားရမ်းမယ်လို သိရပြီး တင်ဒါပုံစံရောင်းချမယ့် ရက်မှာ ၁၈-၁-၂၀၂၃ မှ ၂-၂-၂၀၂၃ရက်နေ့အထိ ဖြစ်ပြီး တင်ဒါတင်သွင်းရမည့် နောက်ဆုံးရက်မှာ ၃-၂-၂၀၂၃ (သောကြာနေ့ ၃း၀၀နာရီ) ဖြစ်တယ်လို သိရှိရပါတယ်။