Home  / News

News

blog image

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ သုခဒဂုံပြည့်သူ့အငှားအိမ်ရာမှ အိပ်ခန်းများ ငှားရမ်းနေထိုင်ခွင့် လျှောက်ထားနိုင်ကြောင်း သိရ

Jul 4, 2023  /

 

 

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်( ၂ )လမ်းမကြီး၊ရန်ကုန်မြို့ပတ်လမ်းမကြီးလမ်းဆုံအနီးမှာ အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးပြီးဖြစ်တဲ့  သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိအိမ်ခန်းများအားသတ်မှတ်ငှားရမ်းခနှုန်းထားဖြင့် ငှားရမ်းပေး သွားမှာဖြစ်တယ်လို့သိရပါတယ်။

          

 

 

 

blog image

ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအတွင်းရှိလယ်မြေများပေါ်တွင်ခွင့်ပြုချက်မရှိ ဆောက်လုပ်ထားသည့် တရားမဝင်အဆောက်အအုံများ ဇူလိုင်လ (၆) ရက် နောက်ဆုံးထား ဖယ်ရှားပေးရမည်

Jun 30, 2023  /

 

မန္တလေး၊ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအတွင်းရှိ လယ်ယာမြေများပေါ်တွင် တရားမဝင် ဆောက်လုပ်ထားရှိတဲ့ အဆောက်အအုံများကို ဇူလိုင်လ (၆) ရက် နေ့နောက်ဆုံးထား ဖယ်ရှားပေးရမှာဖြစ်တယ်လို့  မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် မြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့က ပြီးခဲ့တဲ့ဇွန်လ (၂၆)ရက်နေ့နေ့စွဲဖြင့်အမိန့်ထုတ်ပြန်ထားရှိကြောင်းသိရပါတယ်။

ပုသိမ်ကြီးမြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့ရဲ့ထုတ်ပြန်ကြေညာချက်ထဲတွင်’’လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်(ပုံစံ-၇)ရရှိထားတဲ့လယ်ယာမြေများပေါ်တွင်တရားမဝင်ကျူးလွန်ဆောက်လုပ်ထားခြင်းများဖြစ်သဖြင့်သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှအကြိမ်ကြိမ်နို့တစ်စာများပေးပို့ခြင်းနှင့်နိုင်ငံပိုင်သတင်း စာများတွင်ထည့်သွင်းအသိပေးကြော်ငြာခဲ့ပြီးဖြစ်ပါသဖြင့်ဇူလိုင်လ (၆)ရက်နေ့နောက်ဆုံး ထားပြီး မိမိ အစီအစဉ်ဖြင့်ဖျက်သိမ်းဖယ်ရှားရမှာဖြစ်ပြီးဖျက်သိမ်းဖယ်ရှားခြင်းမပြုပါက ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ ၊ နည်းဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့” အမိန့်ထုတ်ပြန်ထားရှိပါတယ်။

 

blog image

ကွန်ဒိုတိုက်ခန်းများကို နိုင်ငံခြားသားများတရားဝင်အမည်ပေါက်ဝယ်ယူခွင့်ရတော့မည်

Jun 23, 2023  /

 

 

ကွန်ဒိုဥပဒေနှင့်အညီစုပေါင်းပိုင်မြေပေါ်မှာ ဆောက်လုပ်ထားတဲ့ ကွန်ဒိုတိုက်ခန်းများကိုနိုင်ငံခြားသားများအနေဖြင့် တရားဝင်ဝယ်ယူခွင့်ရရှိတော့မှာဖြစ်တယ်လို့သိရပါတယ်။

စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေ (ကွန်ဒိုမီနီယံဥပဒေ)အရ  မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများအနေဖြင့်အိမ်ခန်းများဝယ်ယူမည်ဆိုပါကဝယ်ယူခွင့်ရှိနေပြီး၊ရောင်းချသူလုပ်ငန်းရှင်များအနေဖြင့်လည်း နိုင်ငံခြားသားများကိုရောင်းချပါက ၄၀ရာခိုင်နှုန်းထက်မပိုတဲ့ အိမ်ခန်းများကိုရောင်းချခွင့်ရှိ နေပြီဖြစ်ကြောင်း သိရပါတယ်။

 

 



 

blog image

ပြည်သူ့အငှားအိမ်ရာများတွင် အခြေခံအဆောက်အအုံလုပ်ငန်းများ ဆောင်ရွက်လိုသူများအတွက်တင်ဒါခေါ်ယူ

Jun 17, 2023  /

 

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဉီးစီးဌာနမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီး ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူ့အငှားအိမ်ရာများတွင် အခြေခံအဆောက်အအုံလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်စိတ်ပါ၀င်စားသူ ပြည်တွင်းလုပ်ငန်းရှင်များကို နိုင်ငံပိုင်သတင်းစာများမှတဆင့် တင်ဒါခေါ်ယူထားကြောင်းသိရပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

blog image

မြေငှားသက်တမ်းကုန်နေပြီဖြစ်တဲ့ဘုရင့်နောင်ပွဲရုံ သက်တမ်းဆက်လက်တိုးနိုင်ရန် မျှော်လင့်နေ

Jun 15, 2023  /

 

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဈေးများဌာနနဲ့အကျိုးတူ မြေငှားရမ်းသုံးစွဲခွင့် ရရှိထားတဲ့ ဘုရင့်နောင်ပွဲရုံဟာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဇန်နဝါရီလ ကတည်းက မြေငှားသက်တမ်း ကုန်ဆုံးနေပေမယ့် ဘုရင့်နောင်ပွဲရုံရှိ သက်ဆိုင်ရာအဖွဲ့အစည်းများ အနေနဲ့ သက်တမ်းထပ်မံတိုးနိုင်ရန် စီစဉ်ဆောင်ရွက်နေတယ်လို့ ဘုရင့်နောင်ပွဲရုံရှိ ပွဲရုံပိုင်ရှင် များထံက သိရှိရပါတယ်။

 

blog image

မြောက်ဦးနဲ့ကျောက်တော်မြို့နယ်အတွင်းရှိပျက်စီးယိုယွင်းစာသင်ကျောင်းများ ၉၀ ရာခိုင်နှုန်းဝန်းကျင်ပြီးစီးနေ

Jun 15, 2023  /

 

ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြောက်ဦးနဲ့ကျောက်တော်မြို့နယ်ထဲကစာသင်ကျောင်းဆောင်များကို ဇွန်လ(တတိယပတ်) အတွင်း အချိန်မီပြီးစီးအောင် ပါဝင်လုပ်ဆောင်နေတယ်လို့ Myanmar Developer Association အဖွဲ့ထံမှသိရပါတယ်။

‘’မြောက်ဦးနဲ့ကျောက်တော်မှာရှိတဲ့ စာသင်ကျောင်းတွေအချိန်မီ ပြီးစီးနိုင်အောင် ဇွန်လတတိယပတ်မှာ အကုန်လုံးပြန်အပ်နိုင်ဖို့အတွက်လုပ်ဆောင်နေပါတယ်။လက်ရှိမှာပြီးစီးမှုက ၉၀ရာခိုင်နှုန်းလောက်ပြီးစီးနေပြီဖြစ် တယ်လို့လည်း’ Myanmar Developer Association (MDA) ရဲ့ ဥက္ကဌ ဦးသန်းနိုင်က ပြောပါတယ်။

blog image

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (MRESA) ဥက္ကဌရာထူးနေရာအတွက် အပြောင်းအလဲရှိ

Jun 9, 2023  /

 

 

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှု အသင်းစတင်တည်ထောင်ချိန်မှစတင်ပြီးယခုချိန်အထိ (၁၁)နှစ်တိုင်တိုင် ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်နေသူအား အသင်းကြီးရဲ့ဗဟိုCEC/ECတို့ရဲ့ ဆုံးဖြတ်ချက်နဲ့အတူ တာဝန်မှ ရပ်ဆိုင်း ပြီး၊ဥက္ကဌအသစ် ပြန်လည်ခန့်အပ်ဖို့ရှိနေတယ်လို့UMFCCI ခန်းမမှာကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံအိမ်ခြံမြေဝန် ဆောင်မှုအသင်း အထူးအစည်းအဝေးကနေသိရပါတယ်။

 

blog image

ရန်ကုန်မြို့သစ်မြေကွက်များ အရောင်းအဝယ်ပြန်ဖြစ်နေ

Jun 8, 2023  /

 

 

မြို့သစ်စီမံကိန်းမြေကွက်များ အရောင်းအဝယ်ပြန်ဖြစ်လာရတာနဲ့ ပါတ်သက်ပြီး “အရောင်းအဝယ် ဘာကြောင့်လိုက်လဲဆိုတော့ ဒလမြို့က အခု ဈေးတွေမတရားထိုးတက်နေတာ ရန်ကုန်မြို့သစ်စီမံကိန်းက မြေကွက်တွေက ဈေးသက်သာနေသလို ဖြစ်နေတော့ ရန်ကုန်မြို့သစ်ကို သူတို့က ပြန်ပြီး ရင်းနှီးမှု လုပ်ကြတာပေါ့နော်။ဒလမြို့ထဲက  အိမ်ခြံမြေဈေးနဲ့ ရန်ကုန်မြို့သစ်က မြေဈေး အဆမတန် ကွာနေတာ’’ လို့ ဒလမြို့မှာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေတဲ့ ကိုထွန်းလင်းကျော်က ပြောပါတယ်။

 

blog image

သံနှင့် သံမဏိလိုင်စင်လျောက်ရာတွင်တရုတ်(ယွမ်)ကို ပြောင်းလဲသုံးစွဲပါက လိုင်စင်ချထားမှုကို ဦးစားပေးမည်

Jun 2, 2023  /

 

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ဆောက်လုပ်ရေးလုပ်ငန်းနဲ့တည်ဆောက်ရေးလုပ်ငန်းများအတွက်မရှိမဖြစ်လိုအပ် တဲ့ သံနှင့်သံမဏိ များကို လိုင်စင်လျောက်ရာတွင် ဒေါ်လာအစား တရုတ်ယွမ်ဖြင့်ပြောင်းလဲသုံးစွဲလာပါ က လိုင်စင်ဦးစားပေးချထားပေးမှာဖြစ်တယ်လို့သိရပါ တယ်။

ယခင်က သံနှင့်သံမဏိ တင်သွင်း၊ တင်ပို့ရာတွင် ဒေါ်လာတစ်မျိုးထဲကိုသာ သုံးစွဲခဲ့ပြီး ယခု (၂ဝ၂၃)ခုနှစ်တွင် ဒေါ်လာအစား တရုတ်ယွမ်ငွေကိုသုံးစွဲရန် ကုန်သွယ်ရေးဦးစီးဌာနကနေ မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်းထံသို့ ပြီးခဲ့တဲ့ မေလအတွင်းက ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားလာတာဖြစ်တယ်လို့လည်းသိရပါတယ်။




 

blog image

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှု အသင်း (MRESA)ဥက္ကဌအား တာဝန်မှရပ်ဆိုင်းခဲ့တယ်လို့သိရ

Jun 1, 2023  /

 
 
မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (MRESA)ဥက္ကဌကို ဗဟိုCEC/ECတို့ရဲ့ ဆုံးဖြတ်ချက်နဲ့အတူ အသင်းဥက္ကဌဦးခင်မောင်သန်းအား တာဝန်မှ ရပ်ဆိုင်းလိုက်တယ်လို့ နိုင်ငံတော်ပိုင်သတင်းစာများမှထုတ်ပြန်ကြေညာချက် အရသိရှိရပါတယ်။
ထုတ်ပြန်ကြေညာချက်ထဲတွင် အသင်းမှတ်ပုံတင်ရရှိခဲ့ချိန်မှ စတင်ပြီး၂၀၂၃ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ (၁၁)နှစ်တိုင်တိုင် မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဥက္ကဌအဖြစ်သက်တမ်းလွန် တစ်ဦးတည်းတာဝန်ထမ်းဆောင်နေခြင်းနဲ့အခြားကိစ္စရပ်များလည်းပါဝင်တယ်လို့သိရပါတယ်။