Home  / News

消息

blog image

ဒဂုံမြို့သစ်(တောင်ပိုင်း)၊အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်း ငွေသွင်းပြီးသူများ အခန်းပိုင်ဆိုင်ခွင့် မှတ်ပုံတင် စာအုပ် (Owner Book)ထုတ်ယူလို့ရပြီ။

Nov 4, 2022  /

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊အောင်မြင့်မိုရ်အိမ်ရာရှိတိုက်ခန်းများအား ဝယ်ယူခွင့်ရရှိထားသူများအနေဖြင့် အခန်းတန်ဖိုးငွေအကြေပေးသွင်းပြီးပါက အိမ်ပေါ်တက်ရောက်နေထိုင်ခွင့်၊ အခန်းပိုင်ဆိုင်ခွင့်မှတ်ပုံတင်စာအုပ် (Owner Book)ထုတ်ယူနိုင်ပြီဟုသိရပါတယ်။

blog image

အိမ်ခန်းပေါင်း ၁၀၀၀၀ ပါဝင်သည့်ပြည်သူ့အငှားအိမ်ရာစီမံကိန်း အကောင်အထည်ဖော်လျက်ရှိ

Oct 28, 2022  /

နေပြည်တော်၊ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ မနေ့က (အောက်တိုဘာ -၂၇)ရက်နေ့တွင် ကျင်းပခဲ့တဲ့မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန(ပထမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် နေပြည်တော်တွင် အိမ်ခန်းပေါင်း ၄၄၈ ခန်း၊ ရန်ကုန်မြို့တွင် အိမ်ခန်းပေါင်း ၃၁၀၄ ခန်းနှင့် မန္တလေးမြို့တွင် အိမ်ခန်းပေါင်း ၁၄၅၆ ခန်းတို့ကို တည်ဆောက်လျက်ရှိပြီး၊၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက ပြောတာပါ။

blog image

ငွေကြေးဖောင်းပွခြင်းကိုထိန်းချုပ်ရန်အတွက်အိမ်၊ခြံ၊မြေပိုင်ဆိုင်မှုဥပဒေသတ်မှတ်ပြဌာန်းခြင်း ဆိုသည့်ကြေညာချက်အတုတစ်စောင်ပြန့်နှံနေ။

Oct 26, 2022  /

ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းငွေကြေးဖောင်းပွခြင်းကိုထိန်းချုပ်ရန်အတွက်အိမ်၊ခြံ၊မြေပိုင်ဆိုင်မှုဥပဒေသတ်မှတ်ပြဌာန်းခြင်းဆိုသည့်အမိန့်ကြေညာစာတစ်စောင်ကို ဒီကနေ့ အောက်တိုဘာ -၂၅ ရက်နေ့ရက်စွဲဖြင့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင်ပြန့်နှံ့လာကြောင်းတွေ့ရှိရပါတယ်။

blog image

‘’ “အိမ်ခြံမြေအကျိုးဆောင်အလုပ်ကိုရူးသွပ်မှုနဲ့လုပ်နေတာ””

Oct 17, 2022  /

‘’တခါတလေအကျိုးဆောင်ခသုံးသောင်း၊ငါးသောင်းရတာနဲ့လည်းအရောင်းအဝယ်လုပ်လိုက်တာပဲ” တကယ်တော့ အဲဒီရတဲ့ငွေက ကျွန်မကားဆီဖိုးတောင်မရှိဘူး၊’’ဟုပြောလာတာကတော့ အရှေ့ဒဂုံအိမ်ခြံမြေ အကျိုးဆောင်တစ်ဦးပဲဖြစ်ပါတယ်။
‘’ဪ “
ငါဒီနေ့အကွက်တစ်ကွက်အရောင်းအဝယ်ဖြစ်သွားတယ်ဆိုတဲ့စိတ်၊ငါဒီနေ့အကျိုးဆောင်ပေးလိုက်ရတယ်။ကျွန်မဘာလို့ ဒီလိုတွေလုပ်ရတာလဲဆိုရင် ရူးသွပ်တာ။ အိမ်ခြံမြေအရောင်းအဝယ်လုပ် နေရရင်ကို ပျော်နေတာဟု အသက် ၁၉နှစ်အရွယ်ထဲကစတင်ပြီးအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းကို စတင်လုပ်ကိုင် လာခဲ့တဲ့ မိုးသဇင်အိမ်ခြံမြေ အကျိုးဆောင် ဒေါ်မို့မို့အေးက ဆိုလာတာပါ။

blog image

သိန်း (၁၈၀)လောက်စပေးရုံနဲ့ ကလောမြို့ရဲ့ အထင်ကရနေရာမှာမြေပိုင်ဆိုင်နိုင်ပြီ

Oct 15, 2022  /

ငွေကျပ်သိန်း ၁၈၀ စပေးရုံနဲ့ ကလောမြို့ရဲ့ အထင်ကရနေရာ အိုးစည်တောင်နားမှာ ရှိတဲ့ကလောဗီလာမြေကွက်ကောင်းကောင်းတွေရယူပိုင်ဆိုင်နိုင်မဲ့ E-House Myanmar မှ ဦးစီးကျင်းပတဲ့ တတိယအကြိမ် ကလောဗီလာ အထူးအရောင်းပြပွဲကြီးကို  ရန်ကုန်မြို့ Junction Square ဝင်ပေါက်ရှေ့ Shophouse (10) နဲ့ မန္တလေးမြို့ရှိ Great Wall Hotel မှာတပြိုင်နက်တည်းကျင်းပနေတာဖြစ်ပါတယ်။

blog image

‘’ ပကာသနမရှိ၊ဂုဏ်ဒြပ်တွေမရှိ၊ဘဝနေဝင်ချိန်ကိုဖြတ်သန်းခဲ့တဲ့ အဲလ်ဘတ် အိုင်းစတိုင်းနေအိမ် ‘’

Oct 13, 2022  /

အမေရိကန်နိုင်ငံ၊ နယူဂျာဇီပြည်နယ်ထဲမှာ ပရင်စတန်မြို့လေးတစ်မြို့ရှိပါတယ်။ အဲဒီမြို့လေးရဲ့ မာစီဆိုတဲ့လမ်းသွယ်လေးတစ်ခုထဲမှ ာရိုးစင်းတဲ့နှစ်ထပ်အိမ်ဖြူလေးတစ်လုံးရှိပြီး အိမ်နံပါတ် (၁၁၂) လို့ရေးထားတဲ့ အဲဒီအိမ်ရှေ့မှာ(Private Residence  ) ဆိုတဲ့ဆိုင်းဘုတ်လေးတပ်ထားတဲ့အိမ်တစ်အိမ်ကိုတွေ့ရမှာပါ။

blog image

အိမ်ခြံမြေဈေးကွက်ရောင်းအဝယ်အေးနေရခြင်းမှာဒေါ်လာဈေးကျဆင်းကြောင့်မဟုတ်ပဲရာသီပွဲတော်လဖြစ် သည့်အတွက်ဟုဆို

Oct 10, 2022  /


blog image

“ ရောင်းမှားဝယ်မှားမဖြစ်ရအောင် (၂) ”

Sep 30, 2022  /

ဟဲလို
သူငယ်ချင်းရေ
ငါ့ကိုကူညီပေးပါအုံးကွာ။ မင်းမှာအသိမိတ်ဆွေ ရှေ့နေမရှိဘူးလား။
‘’ ငါကွာ ကွန်ဒိုလေးတစ်ခုဝယ်မိတာ အခုဆုံးတော့မယ်ကွာတဲ့ ‘’
မနက်မိုးမလင်းသေးဘူး ။သူငယ်ချင်းတစ်ယောက်ရဲ့ဖုန်းခေါ်သံကြောင့် အိပ်ယာမှလန့်နိုးထလာတယ်။ကိုယ်လည်း အိပ်ချင်မူးတူးကြီးနဲ့ ‘’မင်းကဘာလို့ရှုံးရမှာလဲ’’ ငါ့ကိုသေသေချာချာရှင်း ပြစမ်းပါကွာဆိုမှဝမ်းနည်းသံကြီးနဲ့ပြောလာတာပါ။
တကယ်တော့ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းက သူကျွန်တော်ဆီကိုဝမ်းသာအားရ ဖုန်းဆက်လာပြီးပွဲစား တွေကနေတဆင့် ကွန်ဒိုလေးတစ်ခုကိုပေါချောင်ဈေးနဲ့ရခဲ့လို့ဝမ်းသာနေတာပါ ။
ဒါနဲ့ပတ်သက်ပြီးလည်း ကျွန်တော်က သူ့ကိုပြန်မေးလိုက်ပါသေးတယ်။

blog image

ကံစမ်းမဲပေါက်တာနဲ့ချက်ချင်းတက်နေလို့ရမယ့် ကျပ်ငွေ (၁၈,၀၀၀) နဲ့ အိမ်ပိုင်ဆိုင်ခွင့်အစီအစဉ်

Sep 28, 2022  /

Kyaw Swar Hein Page (၃)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မြန်မာကျပ်ငွေ (၁၈,၀၀၀) ကျပ်နဲ့ အိမ်ပိုင်ဆိုင်ခွင့် အစီအစဉ်ကို     ကိုကျော်စွာဟိန်းမှ ဒုတိယအကြိမ်ပြန်လည်ကျင်းပပေးမှာဖြစ်ပြီး စက်တင်ဘာလအစမှာ စတင်ခဲ့တဲ့ ဒီအစီအစဉ်ကို ကံစမ်းမဲအရောင်းကာလ (၁)လ သတ်မှတ်ထားတာလည်းဖြစ်ပါတယ် ။

blog image

ဗလာဒီမာပူတင် ရဲ့သတင်းပေါက်ကြားသွားတဲ့စံအိမ်ကြီး

Sep 27, 2022  /

ရုရှားသမ္မတ ဘလာဒီမာပူတင်နာမည်ခံနဲ့ ပိုင်ဆိုင်မှုများစွာရှိပေမယ့်လည်းသူရဲ့ "လျို့ဝှက်နန်းတော်အိမ်ကြီး" ကတော့ လူသိနည်းလှပါတယ်။ ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny ၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဖောင်ဒေးရှင်းကနန်းတော်ကို ပူတင်က ၎င်းရဲ့ကိုယ်ပိုင်အိမ်အဖြစ် အသုံးပြုတယ်ဆိုပြီးပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ မှတ်တမ်းရုပ်ရှင်ကိုတော့ ရုရှားသမ္မတက ငြင်းဆိုခဲ့ပြီးနောက် အခုလိုမျိုး ထွက်ပေါ် လာတာဖြစ်ပါတယ်။